Christian Dance (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာများစွာကို ကျွန်ုပ် ပျော်မွေ့ခံစားရပြီ)
14.05.2025
၁
ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော လူသားဖြစ်ပြီး
စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြင့် ပြည့်နေသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းသည် ကျွန်ုပ်ကို ရှက်မိစေသည်။
လူသားပုံသဏ္ဌာန် မရှိသလောက်နီးပါးဖြင့်
ကျွန်ုပ် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးကြောင်းကို ကျွန်ုပ်သိမြင်သည်၊
ပြီးလျှင် သမ္မာတရား၏ လက်တွေ့ကျမှု တစ်စုံတစ်ရာ ကျွန်ုပ် ကင်းမဲ့သည်။
ဤအရာက ကျွန်ုပ် စိတ်နှလုံးကို စိုးရိမ်ပူပန်စေသည်။
စိုးရိမ်ကြောင့်ကြသော စိတ်နှလုံးဖြင့် ကျွန်ုပ် လျှို့ဝှက်စွာ ငိုကြွေးသည်။
အဘယ်ကြောင့် ဘုရားသခင်ကို ကျွန်ုပ်စိတ်မကျေနပ်စေနိုင်သနည်း။
ကျွန်ုပ်၏ နောင်တအတွက် ဘုရားသခင်၏ တောင့်တမှုကို တွေ့မြင်သောအခါ ကျွန်ုပ်သည်
အားမငယ်တော့၊ စိတ်မပျက်တော့။
ဘုရားသခင်၏ ချစ်ခြင်းက ကျွန်ုပ် နှလုံးသားကို ကြေကွဲစေ၊
ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်၏ မျက်ရည်များကို မိုးကဲ့သို့ စီးဆင်းစေ။
သူ့အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးကို သိမ်းပိုက်ထားပြီး ယနေ့မှစ၍ သူ့ကို ကျွန်ုပ်ချစ်အောင် ပြုလုပ်ထားသည်။
ကိုယ်တော့်နောက်လိုက်ခြင်းဖြင့် သမ္မာတရားကို ကျွန်ုပ် ရရှိပြီ၊
ကိုယ်တော်သာ ချစ်ခင်နှစ်လိုဖွယ်အကောင်းဆုံးဖြစ်ပေ။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံရင်း
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ရ။
လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတစ်ခုမျှ ကျွန်ုပ် မရှိ၊
သို့တိုင် ကျွန်ုပ် မာနထောင်လွှားဆဲဖြစ်ကာ
ခမ်းကြီးနားကြီးနိုင်ပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူဆဲပင်။
ကျွန်ုပ်သည် စာတန်ဆန်သော စိတ်သဘောထားများမှလွဲ၍ အခြားအရာများကို အသက်ရှင် နေထိုင်ခြင်း မရှိသော်လည်း
ကျွန်ုပ်၏ လူ့သဘာဝသည် ကောင်းမွန်သည်ဟု ကျွန်ုပ်ယုံကြည်ဆဲဖြစ်သည်။
ကျွန်ုပ် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးကြောင်းကို ကျွန်ုပ်သိမြင်သည်၊
ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ကျွန်ုပ်လိုအပ်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်တိုင်းက ကျွန်ုပ်၏
ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို ဖော်ထုတ်ပေ။
နောင်တဖြင့် ပြည့်လျှံလျက် ကျွန်ုပ်သည် မိမိကိုယ်မိမိ ပျပ်ဝပ်ပြီး
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်သည်။
ဖောက်ပြန်ပျက်စီးသော လူသားများကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းသည်
ဘုရားသခင်၏ အချစ် ဧကန်အမှန်ဖြစ်သည်။
ယနေ့ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းက ဘုရား၏ ကယ်တင်ခြင်း လုံးလုံးလျားလျား ဖြစ်ပေ။
ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ကျွန်ုပ် ရရှိသည်၊
ဘုရားအတွက် ကျွန်ုပ်၏ ချစ်ခြင်း ပိုမို ဖြူစင်လာ။
၃
စမ်းသပ်မှုတစ်ခုအတွင်း ကျွန်ုပ် ရှိနိုင်သော်လည်း၊ ဘုရား၏ ချစ်ခြင်းကို ကျွန်ုပ် နှလုံးသား ခံစားရ။
စစ်ဆေးခြင်းမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှစ်သိမ့်မှုဖြစ်ပေ၊
သူ ကျွန်ုပ်ကို စုံလင်စေနေသည်ကို ကျွန်ုပ်သိသည်။
ဘုရားသခင်၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံရရှိခြင်းသည်
သူ၏ကျေးဇူးတော် ဧကန်အမှန်ဖြစ်သည်။
သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတွင်
သူ၏ စစ်မှန်သောအချစ်ရှိကြောင်း ကျွန်ုပ်သိမြင်သည်။
ကိုယ်တော့်ကို ကျွန်ုပ်ချစ်နိုင်ရသည်ကို ကျွန်ုပ် ဝမ်းမြောက်မိ၊
ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချီးမွမ်းမှုများကို ကျွန်ုပ် မချုပ်တည်းနိုင်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန်ကြီးမြတ်လှ၊ အလွန် မှန်ကန်လှ၊
အလွန် လှပကာ ကျွန်ုပ်၏ မွေ့လျော်မှုမှာ အဆုံးမရှိပေ။
ယခုအခါ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် အပြည့်အဝ သက်ဆိုင်လေပြီ။
ကျွန်ုပ်သည် သူ့ကို ထာဝရ ချီးမြှောက်ပြီး သက်သေခံမည်။
ကျွန်ုပ်၏နေ့ရက်အားလုံးတွင် ဘုရားသခင်ကို ချစ်လိုစိတ်ရှိပြီး
သူ့ကို ကျွန်ုပ်၏အချစ် ရရှိနိုင်စေမည်ဖြစ်သည်။
ဘုရားသခင် ကျွန်ုပ်ကို ချစ်ခြင်းများစွာ ပေးလေပြီ၊
သူ့ကို ကျွန်ုပ် ထာဝရ ချစ်ဖို့ ဆန္ဒရှိပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ