ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၁

21.04.2021

ယခုမှာ နိုင်ငံတော်ခေတ်ဖြစ်သည်။ သင်၏အသက်တာသည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးပြီလား၊ မပြီးသေးဘူးလား ဟူသည့်အချက်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးပြီလား၊ မဝင်ရောက်ရသေးဘူးလား ဟူသည့်အချက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ယုံကြည်ခြင်း၊ သင်၏ချစ်ခြင်းနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရားဖြစ်မဖြစ်ဟူသည့် အချက်များအပေါ် မူတည်သည်။ အဆုံး၌ လူအားလုံး နှုတ်ကပတ်တော်၏ကမ္ဘာ၌ အသက်ရှင်ကြရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတိုင်းကို အတွင်းထဲ၌ အသိဉာဏ်ပွင့်လင်းစေရန်နှင့် အလင်းပေးစေရန်အတွက် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို လူအားလုံးသိအောင် လုပ်ပေးခဲ့သည်။ လက်ရှိအချိန် ကာလ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရာ၌ အလျင်စလိုဖတ်ပြီး အရေးမထားလျှင် သင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်ဝင်စားမှု မရှိပေ။ ထိုအချက်က သင်၏ လက်ရှိအခြေအနေ တစ်ခုခု မှားနေကြောင်းကို ဖော်ပြနေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်နိုင်စွမ်း မရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ ဝင်ရောက်ပြီးပါက သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ နှုတ်ကပတ်တော်ခေတ်၏ အစဖြစ်သော လက်ရှိအချိန်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိရန် သင်ဘာလုပ်နိုင်သနည်း။ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးရန်၊ သမ္မာတရားကို လက်တွေ့ ကျင့်သုံးနိုင်စွမ်းရှိရန်၊ ဘုရားသခင်ကို အလွန်အလေးအနက်ထားပြီး ချစ်ရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့အသက်တာ၏ အခြေခံအုတ်မြစ်အဖြစ်နှင့် လက်တွေ့အရှိတရား ဖြစ်စေရန်၊ ဘုရားသခင်ကို ရိုသေလေးမြတ်သော စိတ်နှလုံးများရှိစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် လူသည် ဘုရားသခင်နှင့်အတူ အုပ်စိုးနိုင်စေရန် ဘုရားသခင်သည် ယနေ့ခေတ်တွင် ၎င်းကို သင်တို့အကြား၌ အရှိတရားဖြစ်စေမည် ဖြစ်သည်။ ဘုရားသခင် အထမြောက်အောင် လုပ်မည့်အရာသည် ထိုအလုပ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ သင်ရှေ့ဆက် နိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်ဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် ရှေ့မဆက်နိုင်သောသူ များစွာ ယနေ့၌ ရှိသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ရသည်၊ ဖတ်ဖို့ အချိန်မရှိလျှင် နှုတ်ကပတ်တော်ကို နားထောင်ခြင်းက သူတို့အတွက် လုံလောက်သည်။ ထိုသို့သော ခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်က လူကို ပေးသောခံစားချက်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က လူကို တို့ထိလေ့ရှိပုံ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ ပကတိအရှိတရားကို လူဝင်ရောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည် လူကို နှုတ်ကပတ်တော်များအားဖြင့် အုပ်စိုးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ တစ်ရက်မျှနေလျှင်ပင် သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ထိုသို့ဖြစ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု သင်ခံစားရလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တို့ထိပြီးဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်မသွားသေးကြောင်း ဤအရာက ဖော်ပြနေသည်။ ထိုသို့ဆိုလျှင် သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦးဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားသောက်ဘဲ နေသည်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီ ဖြစ်သော်လည်း သင့်မှာ အသိ သို့မဟုတ် ဆာငတ်မှု လုံးဝ မရှိလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ထံမှ ထွက်သွားပြီဖြစ်ကြောင်း ဤအရာက ဖော်ပြနေပါသည်။ ထိုသို့ဖြစ်လျှင် သင်၏အထဲ၌ အခြေအနေ မကောင်း၊ သင်သည် နှုတ်ကပတ်တော်ခေတ်သို့ မဝင်ရောက်ရသေး၊ သင်သည် နောက်ကျ ကျန်နေသောသူ ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က လူကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လျှင် သင်စိတ်ချမ်းသာသော်လည်း မစားသောက်လျှင်ကား မည်သည့်နည်းနှင့်မျှ သင်သည် နောက်က လိုက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏ အစာဖြစ်လာသည်၊ လူကို တွန်းအားပေးသည့် ခွန်အားဖြစ်လာသည်။ ကျမ်းစာ၌ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဟုပြောထားသည်။ ထိုအမှုသည် ဘုရားသခင် ယနေ့ အထမြောက်စေမည့်အမှုဖြစ်သည်။ ဘုရားသခင်သည် သင်တို့အထဲ၌ ထိုသမ္မာတရားကို အမှန် ဖြစ်စေလိမ့်မည်။ အတိတ်က လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေသော်လည်း အစာဆက်စား၊ အလုပ်ဆက်လုပ်နိုင်သည်မှာ မည်သို့ဖြစ်နိုင်သနည်း။ အဘယ်ကြောင့် ယနေ့ခေတ်တွင်လည်း လူသည် ထိုသို့ မနေနိုင်သနည်း။ ယနေ့ခေတ်၌ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးရန် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် လူသည် တရားစီရင်ခြင်းခံရသည်၊ စုံလင်အောင်လုပ်ပေးခြင်း ခံရသည်၊ နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ အထူးသဖြင့် နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူ့အသက်ကို ထောက်ပံ့ပေးနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် လူကို အလင်းနှင့် လက်တွေ့လုပ်ဆောင်နည်းကို ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ပြီး သူ့နှုတ်ကပတ်တော်၏ စစ်မှန်မှုကို မစွန့်ပစ်သရွေ့ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။