ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၇

03.10.2020

အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်၌ ဘုရားသခင်၏အမှုမှာ အလွန် အံ့သြချီးမွမ်းဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ပါပေ။ အသင်းတော်ထဲတွင် သမ္မာတရားကို ချစ်သောသူများနှင့် မချစ်သောသူများ ရှိသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံသောသူများနှင့် မတွေ့ကြုံသောသူများ ရှိသည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများ ရှိသည်၊ ဘုရားသခင်အတွက် သက်သေခံသောသူများနှင့် မခံသောသူများ ရှိကြသည်၊ ထိုသို့ လူအမျိုးအစား ပေါင်းစုံရှိသည့်အတွက် သူသည် လူအုပ်စုတစ်စုကို စုံလင်အောင်ပြုပေးပြီး အခြားလူအချို့ကို သုတ်သင်ဖယ်ရှင်းလိမ့်မည်။ ထို့ပြင် ၎င်းတို့ အစိတ်အပိုင်းတစ်ခုမှာ မယုံကြည်သူများနှင့် ဆိုးယုတ်သောလူများ ဖြစ်ပြီး၊ ၎င်းတို့မှာ သုတ်သင်ဖယ်ရှင်းခြင်းကို အသေအချာ ခံရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏အမှုကို ရှင်းလင်းစွာ မသိပါက၊ သင်သည် အပျက်သဘောဆောင်နေမည်။ ဤသည်မှာ ဘုရားသခင်၏အမှုကို လူနည်းစုထဲတွင်သာ မြင်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချိန်တွင် မည်သူက ဘုရားသခင်ကို အမှန်တကယ် ချစ်ကြောင်းနှင့် မည်သူက မချစ်ကြောင်း သိသာထင်ရှားလာမည်။ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုရှိသော်လည်း၊ သူ့ကို အမှန်တကယ် မချစ်သောသူများမှာ သူ့အမှု၏ တစ်ဆင့်ချင်း၌ ထုတ်ဖော်ခြင်းခံရမည်။ ၎င်းတို့သည် သုတ်သင်ဖယ်ရှင်းခြင်း ခံရသောအရာများ ဖြစ်လာလိမ့်မည်။ ဤလူများမှာ သိမ်းပိုက်ခြင်းအမှု ပြုစဉ်အတွင်း၌ ထုတ်ဖော်ခံရမည်ဖြစ်ပြီး ၎င်းတို့သည် စုံလင်အောင်ပြုခြင်းကို ခံရရန်အတွက် တန်ဖိုးမရှိသော လူတို့ဖြစ်ကြသည်။ စုံလင်စေခြင်း ခံခဲ့ရပြီးသောသူများသည် ဘုရားသခင်၏ ရယူခြင်းကို အလုံးစုံခံရသောသူများ ဖြစ်ပြီး ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်နိုင်စွမ်းရှိကြသည်။ သိမ်းပိုက်ခြင်းကို ခံရပြီးသောသူများ၌ ပင်ကိုချစ်ခြင်းမရှိဘဲ မတုန်မလှုပ်သော ချစ်ခြင်းသာရှိကြပြီး ၎င်းတို့သည် ဘုရားသခင်ကိုချစ်ရန် အတင်းအကျပ်ပြုခံရသည်။ ပင်ကိုချစ်ခြင်းသည် လက်တွေ့ဖြစ်သော အတွေ့အကြုံမှတစ်ဆင့်ရရှိသည့် နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ ဤချစ်ခြင်းက လူတစ်ဦး၏စိတ်နှလုံးကို နေရာယူကာ ၎င်းတို့အား ဘုရားသခင်ကို ဆန္ဒအလျောက် ဆက်ကပ်အပ်နှံစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ အခြေခံအုတ်မြစ် ဖြစ်လာကာ ၎င်းတို့သည် ဘုရားသခင်အတွက် ဒုက္ခခံနိုင်ကြသည်။ ဤအရာများမှာ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရပြီးသောသူတစ်ဦးက ပိုင်ဆိုင်သောအရာများ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရရန်သာ ကြိုးပမ်းပါက ဘုရားသခင်အတွက် သင် သက်သေခံနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်းအားဖြင့် သူ၏ ကယ်တင်ခြင်း ရည်မှန်းချက်ကိုသာ ပြည့်စုံစေပါက၊ အစေခံသူတို့၏အဆင့်သည် ထိုအလုပ်ကို အပြီးသတ်ခဲ့ပေမည်။ သို့သော်လည်း လူတို့ကိုသိမ်းပိုက်ခြင်းသည် လူတို့ကို စုံလင်အောင်ပြုပေးရန် ဖြစ်သည့် ဘုရားသခင်၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင် မဟုတ်ပေ။ ထို့ကြောင့် ဤအဆင့်ကို သိမ်းပိုက်ခြင်းအမှုဟု ဆိုခြင်းထက် ယင်းကို စုံလင်အောင် ပြုလုပ်ပေးခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းအမှုဟု ဆိုလော့။ လူအချို့တို့မှာ အပြည့်အဝ သိမ်းပိုက်ခြင်းကို မခံကြရသေးဘဲ၊ ၎င်းတို့ကို သိမ်းပိုက်နေစဉ် အတွင်း လူတစ်စုမှာ စုံလင်အောင်ပြုပေးခြင်းကို ခံကြရလိမ့်မည်။ ဤအမှုနှစ်ပိုင်းကို ပြိုင်တူပြုနေခြင်း ဖြစ်သည်။ လူတို့သည် ထိုကဲ့သို့ ကာလကြာမြင့်သော အမှု တစ်လျှောက်လုံးတွင်ပင် မထွက်ခွာကြသေးဘဲ၊ ဤအရာက သိမ်းပိုက်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူပြီးပြီဖြစ်ကြောင်း ပြသသည်၊ ဤသည်မှာ သိမ်းပိုက်ခံရခြင်း၏ အဖြစ်မှန်တစ်ခုဖြစ်သည်။ စစ်ဆေးခြင်းများမှာ သိမ်းပိုက်ခြင်းခံရရန်အတွက် မဟုတ်ဘဲ စုံလင်စေခြင်း ခံရရန်အတွက် ဖြစ်သည်။ လူတို့သည် စစ်ဆေးခြင်းများမပါရှိဘဲ၊ စုံလင်ခြင်း မခံရနိုင်ပေ။ ထို့ကြောင့် စစ်ဆေးခြင်းများမှာ အမှန်ပင် တန်ဖိုးရှိလေစွ။ ယနေ့ လူတစ်စုသည် စုံလင်စေခြင်းနှင့် ရယူခြင်းကို ခံနေကြရသည်။ ယခင်ဖော်ပြခဲ့သော ကောင်းချီးမင်္ဂလာ ဆယ်ပါးမှာ စုံလင်စေခြင်းခံရပြီးသောသူ အားလုံးအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့၏ပုံသဏ္ဌာန် ပြောင်းလဲခြင်းအကြောင်းနှင့် သက်ဆိုင်သော အရာတိုင်းကို စုံလင်ခြင်းခံရပြီးသော သူတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ စုံလင်ခြင်း မခံရသေးသော သူတို့သည် ဘုရားသခင်၏ ကတိတော်များကို ရရှိရန် အရည်အချင်း မပြည့်မီကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။