ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၁

24.09.2020

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ နိဂုံးအဆုံးအထိ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ပြီး ဘုရားသခင်နှင့် စိတ်သဘောထား ကွဲလွဲစွာ ပြုမူနေခဲ့သည်။ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် ပတ်သက်သည့် ပြောဆိုဆွေးနွေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု၏ အဖိုးထိုက်သော အသိပညာ၊ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ အဆုံးအမများနှင့် ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချ စနစ်ဆန်သော ထုံးတမ်းများ အားလုံးတို့သည် လူသားကို ငရဲထဲသို့ ဆွဲယူသွားသည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့သည်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့နိုင်။ ယင်းအစား ဘုရားသခင်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖျက်ဆီးရန်အလို့ငှာ ရှေး “မျောက်ဝံများ” မှ ပြန့်ပွားစေခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများ သက်သက်ကိုသာ အသားပေး သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် နှိပ်စက်ခဲ့သည်သာမကဘဲ ၎င်းသည် လူသားကို လုံးလုံးလျားလျား ဝါးမျိုခြင်းငှာ ဆန္ဒရှိသည်။ ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို ကြာရှည်စွာ ကူးစက်စွဲကပ် နေခဲ့ပြီး လူသားကို မာရ်နတ် အကြီးနှင့် အသေးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဘုရားသခင်ကို မဆိုင်းမတွ လက်ခံပြီး ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရရွှင်လန်းစွာနှင့် ကြိုဆိုကြမည့် လူအနည်းငယ်သာ ရှိသည်။ လူသား၏ မျက်နှာသည် လူသတ်မှုနှင့် ပြည့်နှက်နေပြီး အရပ်ခပ်သိမ်း၌ မရဏ တရားသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤကုန်းမြေမှ နှင်ထုတ်ရန် ကြိုးစား ကြသည်၊ လက်ထဲတွင် ဓားမြောင်များနှင့် ဓားရှည်များနှင့်အတူ ၎င်းတို့သည် ဘုရားသခင်ကို သုတ်သင် ပယ်ရှင်းရန်အလို့ငှာ မိမိတို့ကိုယ်မိမိ စစ်ခင်းကျင်းရန် စီစဉ်လေသည်။ ဘုရားသခင်မရှိဟု အစဉ်တစိုက်ပင် သွန်သင်ခြင်းခံရသော လူသားတို့နေရာ အရပ်ဖြစ်သည့် မာရ်နတ်၏ ကုန်းမြေတစ်လျှောက်တွင် ရုပ်တု ဆင်းတုများ ပျံ့နှံ့နေသည်။ ဤကုန်းမြေ၏ အထက်တွင် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့သည် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အလွန်ပင် ထူထဲလှသည့်အတွက် မွန်းကျပ်စေ၏။ မြွေသည် ရစ်လိမ်လျက် ခွေခေါက်သည့်အခါ ထောင်းခနဲထွက်လာသော အနည်အနှစ်တို့၏ အနံ့ဖြစ်ပုံရပြီး ၎င်းအနံ့သည် လူသားမှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ပြင်းထန်လှသည်။ ၎င်းအပြင် ဆိုးညစ်သော နတ်ဆိုးများသည် ကျမ်းစာများကို သံပြိုင်ရွတ်ဆို နေကြသည်ကို သဲ့သဲ့မျှကြားနိုင်ပေသည်။ ထိုအသံသည် ဝေးကွာ လှသော ငရဲမှ လာသည့်ပုံရပြီး လူသားသည် ကျောရိုးတစ်လျှောက် မအေးစိမ့်သွားဘဲ မနေနိုင်ပါ။ ဤကုန်းမြေတစ်လျှောက်၌ သက်တံ ရောင်စုံနှင့် ရုပ်တုဆင်းတုများသည် ပြန့်ကျဲနေပြီး၊ ယင်းသည် ကုန်းမြေတစ်ခုလုံးကို ကာမဂုဏ်ဖြင့် သာယာကြည်နူးဖွယ်ရာ လောကကြီးအဖြစ် ပြောင်းလဲ သွားစေကာ၊ ၎င်း၏ ဆိုးညစ်သော အကြံအစည်သည် အောင်မြင် သွားသည့် အလား မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဆက်လက် ကောက်ကျစ်စွာ ရယ်မောနေလေသည်။ ထိုအချိန် အတောအတွင်း လူသားသည် ထိုအရာကို လုံးဝ သတိမထား မိသကဲ့သို့၊ မာရ်နတ်သည် လူသားကို အသိတရားမဲ့ပြီး အရေးနိမ့် လာသည့် အတိုင်းအတာထိတိုင် ယိုယွင်းဖျက်ဆီးခဲ့ပြီး ဖြစ်သည် ကိုလည်း မသိချေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာခပ်သိမ်းကို တစ်ချက်တည်းနှင့် ရှင်းလင်းသုတ်သင်ရန်၊ ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် အလိုရှိပြီး၊ ဘုရားသခင်၏ အလုပ်ကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်း၏။ ၎င်းသည် ဘုရားသခင်အား အဆင့်အတန်း တစ်တန်းတည်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်ခဲ့သနည်း။ လူသားတို့အကြား အလုပ်ကို ဘုရားသခင်၏ “ကြားဝင်ဖက်ခြင်း” အား ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏မသတီစရာမျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်ရသနည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က နှောင့်ယှက်ရန် ၎င်းသည် အဘယ်သို့ နှင့် ခွင့်ပြုရသနည်း။ ဒေါသဖြင့် ယမ်းပုံမီးကျ ဖြစ်နေသော ဤမာရ်နတ်သည် ကမ္ဘာမြေကြီး ပေါ်ရှိ ၎င်း၏ အင်ပါယာ နန်းတော်ကို ဘုရားသခင်က ထိန်းချုပ်မှုရသွားစေရန် အဘယ်သို့နှင့် ခွင့်ပြုရသနည်း။ အဘယ်သို့နှင့် ၎င်းသည် အရှုံးကို လိုလိုလားလား ဝန်ခံသနည်း။ ၎င်း၏ မသတီစရာ အသွင်အပြင်သည် အဘယ်ရာဖြစ်သည်ကို ဖော်ထုတ်ခြင်းခံ ခဲ့ရသောကြောင့် ငိုရမလို ရယ်ရမလို ဖြစ်နေကာ ပြောဆိုဖို့ရန် ဧကန်ပင် အခက်တွေ့လှ၏။ ဤသည်မှာ ၎င်း၏ အနှစ်သာရပင် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ရှိသော်လည်း ၎င်းသည် မယုံနိုင်လောက်အောင်ပင် ချောမောလှပသည်ဟု ၎င်းယုံကြည် နေဆဲရှိ၏။ ကြံရာပါများ ၏ ထိုအုပ်စုတို့။ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ကစဉ့်ကလျားဖြစ်စေရန် သေမျိုးဖြစ်သော လူသား အကြား ဆင်းသက်လာသည်။ ၎င်းတို့၏ နှောင့်ယှက်မှုသည် လောကကြီးထဲ၌ ပြောင်းလဲလွယ်မှုကို ဖြစ်ပေါ်စေပြီး လူသား၏ နှလုံးသားထဲသို့ အကြောက်တရားကို ယူဆောင်လာကာ လူသားသည် မူလက သန့်ရှင်းသော လူသား၏ နောက်ဆုံးလက္ခဏာ အစအန ပျောက်ဆုံးသွားပြီး စားကျက်ကွင်း၏ အလွန်အမင်း အကျည်းတန်သော လူမဆန်သည့် သားရဲနှင့် သဏ္ဌာန်တူ သွားသည်အထိ ၎င်းတို့သည် လူသားကို လှည့်ဖြားခဲ့လေသည်။ ၎င်းတို့ သည် ကမ္ဘာမြေကြီးပေါ်၌ မင်းဆိုးမင်းညစ်များအဖြစ် အာဏာယူ ကြရန်ပင် ဆန္ဒရှိကြ၏။ ဘုရားသခင် ၏ အလုပ်သည် အရှေ့သို့တိုးရန် အနိုင်နိုင် ဖြစ်သွားစေရန် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဟန့်တားပြီး ကြေးနီနှင့် သံမဏိတံတိုင်းများဖြင့် တင်းကျပ်စွာ ပိတ်ဆို့ထားသည့်အလား လူသားကို ပိတ်ထား၏။ များစွာသော အပြစ်များကို ကျူးလွန်ခဲ့ပြီး များပြားလှသော ဒုက္ခ ဖြစ်ပွားစေခဲ့ပြီးနောက် ၎င်းတို့သည် ပြစ်တင် ဆုံးမခြင်းကို စောင့်မျှော်ရုံမှလွဲ၍ အခြားအဘယ်အရာကို မည်သို့လျှင် မျှော်လင့်နိုင်ပါမည်နည်း။ မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်း နေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်းနိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါ တကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင် ၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ် စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ် အကြီးအငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့ကိုယ်တိုင်သည် နံစော်နေသော ယင်ကောင်ထက် မပိုသည်ကို မသိဘဲ၊ ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ထိုယင်ကောင်သည် ၎င်း၏ မိဘများကို သွားရှိသော ဝေလငါး သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ထို့ကြောင့် ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်ဖို့ သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြသည်။ (ဤသည်မှာ ဘာသာရေးလောက၏ အတွင်း ဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူးခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်သုတ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။ လူသားက ဘုရားသခင်ကို ချစ်ရန်အလို့ငှာ သူသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို နားလည်ရမည်ဖြစ်သည့်အပြင် ဘုရားသခင် အဘယ်အရာကို စက်ဆုပ်သည်ဆိုခြင်းကိုလည်း နားလည်ရမည်။ ဤသည်မှာ လူသား၏ ရှေ့တိုး ဝင်ရောက်ခြင်းကို သာ၍ ကောင်းမွန်စေလိမ့်မည်။ လူသား၏ ဝင်ရောက်မှုသည် သာ၍ မြန်လေလေ၊ ဘုရားသခင်၏ စိတ်နှလုံးသည် သာ၍ ကျေနပ်လေလေ ဖြစ်သည်၊ မာရ်နတ်တို့၏ ရှင်ဘုရင်ကို လူသားတို့၏ ထိုးထွင်း သိမြင်မှုသည် သာ၍ရှင်းလင်းလေလေ၊ လူသားသည် ဘုရားသခင်၏ အလိုဆန္ဒသည် ပြည့်စုံနိုင်ရန် ဘုရားသခင် အနီး သာ၍ ချဉ်းကပ်လေလေ ဖြစ်သည်၊ ထိုသို့အားဖြင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။