ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၄

13.10.2020

ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ပင်ကို သဘာဝများ၏ အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်- ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆပ်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့်‌ စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့- သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။

ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်ကို သင်တို့ သိသင့်သည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်ဆိုသည်ကို ငါ ယုံကြည်သည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။ သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အူလှိုက်သည်းလှိုက်ဖြစ်သော စိတ်ဆန္ဒဖြစ်သည် မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။ သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။