ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” | ကောက်နုတ်ချက် ၃၆၁

0 |16.09.2020

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို မနာခံသည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။ သစ္စာဖောက်ခြင်းသည် ဘုရားသခင်အပေါ် လူအသီးသီး အာခံခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားထဲတွင်သာ တည်ရှိပြီး ငါ့အထဲတွင် မရှိသည့် ပြဿနာတစ်ခု ဖြစ်သည်။ ခရစ်တော်ကဲ့သို့ပင် လူအားလုံး လောကထဲတွင် အသက်ရှင်သည့်အတွက်၊ လူသားအားလုံးတွင် ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝရှိသော်လည်း ခရစ်တော်၌ အဘယ်ကြောင့် မရှိပါသနည်းဟု အချို့က မေးကြလိမ့်မည်။ ဤသည်မှာ သင်တို့အား ရှင်းရှင်းလင်းလင်း ရှင်းပြရမည့် ပြဿနာတစ်ခု ဖြစ်သည်။

လူသားမျိုးနွယ်တည်ရှိခြင်း၏ အခြေခံမှာ ဝိညာဉ်၏ အဖန်ဖန် လူဝင်စားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်၊ ၎င်းတို့၏ ဝိညာဉ်က လူဝင်စားချိန်တွင် လူတိုင်းသည် ဇာတိပကတိဖြင့် လူ့ဘဝတစ်ခုကို ရရှိ၏။ လူ့ခန္ဓာတစ်ခု မွေးဖွားပြီးနောက်တွင်၊ နောက်ဆုံးအခိုက်အတန့်ဖြစ်သည့် ဝိညာဉ်က မိမိ၏ အခွံကို စွန့်ခွာသည့်အချိန်၊ ဇာတိပကတိက နောက်ဆုံး ဆက်၍ မရှင်သန်နိုင်တော့သည်အထိ ထိုခန္ဓာ၏ အသက်သည် ဆက်လက် ရှင်သန်လေသည်။ လူတစ်ဦး၏ ဝိညာဉ်သည် အကြိမ်ကြိမ် သွားလိုက် လာလိုက် ဖြစ်နေလျက်၊ ဤဖြစ်စဉ်သည် အဖန်ဖန် ဖြစ်ကာ၊ ဤသို့ဖြင့် လူသားမျိုးနွယ်၏ တည်ရှိခြင်းကို ဆက်လက် ထိန်းသိမ်း ထားလေသည်။ ဇာတိပကတိ၏ အသက်သည် လူ့ဝိညာဉ်၏ အသက်လည်းဖြစ်ပြီး၊ လူ့ဝိညာဉ်က လူသား၏ ဇာတိပကတိ တည်ရှိခြင်းကို ထောက်ပံ့ပေးလေသည်။ ယင်းမှာ လူအသီးသီး၏ အသက်သည် ၎င်းတို့၏ ဝိညာဉ်ထံမှ လာပြီး အသက်သည် ဇာတိပကတိတွင် မွေးရာပါ မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူ့သဘာဝဗီဇသည် ဝိညာဉ်ထံမှလာပြီး၊ ဇာတိပကတိထံမှ မဟုတ်ချေ။ လူအသီးသီး၏ ဝိညာဉ်ကသာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဝေဒနာနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့အား ၎င်းတို့ မည်သို့ တွေ့ကြုံကြပြီးဖြစ်သည်ကို သိသည်။ ဤအရာများသည် လူသား၏ ဇာတိပကတိအဖို့ မသိရှိနိုင်သော အရာများ ဖြစ်သည်။ ထို့ကြောင့်၊ လူသားနှင့် ငါကိုယ်တိုင်ကြားက အကွာအဝေးမှာ သာ၍ ကြီးမားလာပြီး လူသားမျိုးနွယ်အတွက် အသက်တာသည် သာ၍ သာ၍ မှောင်မိုက်လာစဉ်တွင်၊ လူသားမျိုးနွယ်သည် အမှတ်တမဲ့ သာ၍ မှောင်မိုက်လာသည်၊ သာ၍ ညစ်ညူးလာပြီး သာ၍ သာ၍ ဆိုးညစ်လာလေသည်။ စာတန်သည် လူသားမျိုးနွယ်၏ ဝိညာဉ်များကို သူ၏ လက်ထဲတွင် ထိန်းသိမ်းထားသောကြောင့်၊ လူသား၏ ဇာတိပကတိသည်လည်း စာတန်၏ သိမ်းပိုက်ခြင်း ခံရသည်မှာ မှန်ပေ၏။ ထိုသို့သော ဇာတိပကတိနှင့်‌ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အဘယ်သို့ မဆန့်ကျင်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် သူနှင့် အဘယ်သို့ ပင်ကိုအားဖြင့် သဟဇာတဖြစ်နိုင်မည်နည်း။ စာတန်ကို လေထုထဲသို့ ငါ ပစ်ချသည့်အကြောင်းရင်းမှာ သူသည် ငါ့ကို သစ္စာဖောက်သောကြောင့် ဖြစ်သည်။ ထို့နောက် လူသားတို့သည် ၎င်းတို့၏ ပတ်သက်မှု အဘယ်သို့ လွတ်ကင်းနိုင်မည်နည်း။ ဤသည်မှာ သစ္စာဖောက်ခြင်းက လူသား သဘာဝဗီဇဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤတွေးခေါ်မြော်မြင်မှုကို သင်တို့ နားလည်သည်နှင့်တစ်ပြိုင်နက် ခရစ်တော်၏ အနှစ်သာရကိုလည်း သင်တို့ ယုံကြည်မှုရှိသင့်သည်ဟု ငါယုံကြည်၏။ ဘုရားသခင်၏ ဝိညာဉ် ဝတ်ဆင်ခဲ့သည့် ခန္ဓာသည် ဘုရားသခင်ကိုယ်တိုင်၏ ခန္ဓာဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်သည် အထွတ်အထိပ်ဖြစ်၏။ သူသည် အနန္တတန်ခိုးရှိသည်၊ သန့်ရှင်းပြီး ဖြောင့်မတ်လေသည်။ အလားတူပင်၊ သူ၏ခန္ဓာသည်လည်း အထွတ်အထိပ်ဖြစ်ပြီး၊ အနန္တတန်ခိုးရှိကာ သန့်ရှင်း၍ ဖြောင့်မတ်လေသည်။ ထိုသို့သော ခန္ဓာတစ်ခုသည် ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အဖို့ အကျိုးပြုသည့်အရာ၊ သန့်ရှင်းပြီး၊ မွန်မြတ်ကာ အနန္တတန်ခိုးနှင့်ပြည့်စုံသည့် အရာကိုသာ လုပ်ဆောင်နိုင်လေသည်။ သူသည် သမ္မာတရားကို ချိုးဖောက်သည့်၊ ကိုယ်ကျင့်တရားနှင့် တရားမျှတမှုတို့ကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင်၏ ဝိညာဉ်ကို သစ္စာဖောက်သည့်အရာ မည်သည့်အရာကိုမဆို သာ၍ပင် လုပ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဝိညာဉ်သည် သန့်ရှင်း၏၊ ထို့ကြောင့် သူ၏ ခန္ဓာကို စာတန်က မဖျက်ဆီးနိုင်ပေ။ သူ၏ ခန္ဓာသည် လူသား၏ ဇာတိပကတိနှင့် ကွဲပြားသော အနှစ်သာရ ရှိလေသည်။ အကြောင်းမူကား၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်မှာ ဘုရားသခင်မဟုတ်ဘဲ လူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခန္ဓာကို ဖောက်ပြန်ပျက်စီးစေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့်၊ လူသားနှင့် ခရစ်တော်သည် နေရာတစ်ခုတည်းအတွင်း နေထိုင်ကြသည် ဆိုသည့်အချက် ရှိသော်ငြားလည်း၊ စာတန်၏ ဝင်ပူးခြင်းခံရကာ၊ အသုံးပြုခံရပြီး အမိဖမ်းခံရသည်မှာ လူသားသာ ဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ခရစ်တော်ကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ထာဝရ မသက်ရောက်နိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသော နေရာသို့ တက်ကြွခြင်းငှာ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ဘယ်သောအခါမျှ တိုးဝင်ချဉ်းကပ် နိုင်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ယနေ့တွင်၊ စာတန်၏ ဖျက်ဆီးခြင်းခံရသည်နှင့်အမျှ ငါ့ကို သစ္စာဖောက်သည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်ကို သင်တို့အားလုံး သိသင့်၏။ သစ္စာဖောက်ခြင်းသည် ခရစ်တော် နည်းနည်းမျှ ပါဝင်သည့် ကိစ္စရပ် ဘယ်သောအခါမျှ ဖြစ်လိမ့်မည် မဟုတ်ပေ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်