Myanmar Gospel Movie Trailer - ကောင်းကင်နိုင်ငံတော်၏ စားသောက်ပွဲ

ချန်းမင်ဒယ်ဟာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ကက်သလစ်အသင်းတော်ဟာ ပိုပြီးတော့ ခြောက်ကပ်လာပြီး မှောင်မိုက်လာတာကို၊ ဂိုဏ်းအုပ်ဆရာတော်တွေနဲ့ တခြားဘုန်းတော်ကြီးတွေကတောင် ကိုယ်ပိုင်မူသုံးရပ်သုံးအသင်းတော်ကို ဝင်ပြီး အစိုးရနဲ့ အပေးအယူလုပ်ခဲ့တာကို သူ မြင်တွေ့ရတယ်။ ဒါဟာ သူ့အတွက် အရမ်းကို နာကျင်ဖွယ်၊ စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ သူဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရှိတဲ့ အသင်းတော်တစ်ခုကို နေရာအနှံ့မှာ ရှာနေစဉ်မှာ မမျှော်လင့်ဘဲနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိကို ကြားလိုက်ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တော်တော်များများ ဖတ်ပြီးတဲ့နောက်မှာ ဒါဟာ ဘုရားရဲ့ အသံတော်ဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သူ သိမြင်သွားပြီး ဝမ်းမြောက်စွာနဲ့ သူ့ကို လက်ခံပါတယ်။ ဒါပေမဲ့ ဒါကို ဂိုဏ်းအုပ်ဆရာတော်တွေနဲ့ တခြားဘုန်းတော်ကြီးတွေ သိပြီးသွားတဲ့နောက်မှာ သူ့ကို ရှုတ်ချပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံတာကို တားဆီးဖို့ အစွမ်းကုန်လုပ်ကြတော့ ချန်းမင်ဒယ် အံ့ဩသွားရပါတယ်။ သူတို့ဟာ သူ့ကို မှန်တဲ့လမ်းခရီးပေါ်ကနေ အတင်းဖယ်ထုတ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူကြီးကြပ်တဲ့ အသင်းတော်ကိုတောင် ဖျက်ဆီးဖို့ လူတွေကို စေလွတ်တယ်။ ချန်းမင်ဒယ်ဟာ သမ္မာတရားကို မုန်းတဲ့၊ ဘုရားကို အာခံတဲ့ ဂိုဏ်းအုပ်ဆရာတော်တွေ၊ ဘုန်းတော်ကြီးတွေရဲ့ ဆိုးယုတ်တဲ့ မျက်နှာတွေကို မြင်ပြီး သူ့ရဲ့ ဘုန်းတော်ကြီးရာထူးကို စွန့်လွှတ်လိုက်တယ်။ ကက်သလစ်အသင်းတော်ကနေ ထွက်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို တက်ကြွစွာနဲ့ စတင်ပြီး ဖြန့်ဝေခြင်း၊ သက်သေခံခြင်းကို လုပ်ဆောင်ပါတယ်။ သူဟာ လူများစွာကို အနန္တတန်ခိုးရှင်ဘုရားသခင်ဘက်ကို ခြေဦးလှည့်အောင် ဦးဆောင်ပြီး သူ့ကိုယ်သူ အရမ်းကျေနပ်လာပါတယ်။ ညီအစ်ကိုမောင်နှမတွေက လေးစားတာကို ခံရဖို့အတွက် သူဘယ်လောက်လုပ်ခဲ့တယ်၊ ဘယ်လောက်ဒုက္ခခံခဲ့တယ်ဆိုတာကို ခဏခဏ ကြွားဝါပါတယ်။ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက ပိုပိုပြီး ကြီးမားလာတယ်။ သူဟာ တခြားလူတွေကို မောက်မာစွာနဲ့ ဩဝါဒပေးတယ်။ ထင်ရာစိုင်းတယ်။ ဘယ်သူ့ရဲ့ အကြံဉာဏ်ကိုမှ နားမထောင်ပါဘူး။ ရလဒ်အနေနဲ့ စုဝေးပွဲတစ်ခုမှာ အဖမ်းခံလိုက်ရပါတယ်။ ကွန်မြူနစ်ပါတီရဲ့ လူမဆန်တဲ့ နှိပ်စက်မှုနဲ့ အယူဝါဒသွတ်သွင်းမှုကို ဖြတ်သန်းရပြီးတဲ့နောက်မှာ သူ့ကိုယ်သူ စပြီး ဆင်ခြင်သုံးသပ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့် သူဟာ အရမ်းမာနထောင်လွှားပြီး အသိစိတ်မရှိဘူး၊ တခြားလူတွေရဲ့ စိတ်နှလုံးထဲက နေရာနောက်ကိုလိုက်နေတယ်၊ သူဟာ အန္တိခရစ်လမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတာကို မြင်ရပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်းမရှိရင် သူဟာ ဘုရားကို အာခံတဲ့အတွက် သေချာပေါက် ပျက်စီးသွားမှာပါ။ ချန်းမင်ဒယ်ဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကတစ်ဆင့် သမ္မာတရားတချို့ကို သင်ယူရရှိပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ သန့်စင်ခြင်း၊ ပြောင်းလဲခြင်းတချို့ကို ရရှိပါတယ်။ သူဟာ အများကြီး ရရှိခဲ့တယ်၊ ကောင်းကင်နိုင်ငံတော်ရဲ့ စားသောက်ပွဲကို တကယ်တက်ရောက်နေတယ်လို့ ခံစားရပါတယ်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။