Christian Dance (ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းများ ထာဝရသီဆိုခြင်း)

12.02.2025

နောက်ဆုံးသောကာလ၏ လူသားသည် တရုတ်ပြည်တွင် ပေါ်ထွန်းပြီဖြစ်ကာ

လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြ။

သူ့အသံတော်ကို ကျွန်ုပ်တို့ ကြားပြီး၊ သူ့ပလ္လင်တော်ရှေ့မှောက်သို့ ချီမခံရသည်။

ဘုရားသခင် နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်လိမ့်မည်ဟု

ကျွန်ုပ်တို့ အိပ်မက်များတွင်ပင် မတွေးမိခဲ့ပါ။

နှစ်ပေါင်းများစွာ တောင့်တမှုသည် နောက်ဆုံးတွင် ဖြစ်မြောက်လာခဲ့ပြီဖြစ်ကာ

ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းကို မြင်ရ။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူ့အနန္တတန်ခိုးကို ပြသပြီး

ရေတွက်၍မရနိုင်သော စိတ်နှလုံးများကို သိမ်းပိုက်ပြီးဖြစ်။

ဘုရားသခင် ရွေးချယ်ထားသောလူများသည် သူ့ပလ္လင်တော်ရှေ့မှောက် စုဝေးကြ၊

၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းပေးခြင်းနှင့် ရေလောင်းပေးခြင်းကို ခံရ။

ဘုရားနှုတ်ကပတ်တော် တစ်ခုစီသည် သမ္မာတရားဖြစ်ပြီး

လူသားမျိုးနွယ်ထံ ထာဝရအသက်၏ လမ်းခရီးကို ဆောင်ကြဉ်းပေး။

ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီး

ဘုရားသခင်ကို ချီးမွမ်းခြင်းသီချင်းများ ကျွန်ုပ်တို့ထာဝရ အမှန် သီဆိုကြသည်။

ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး မိတ်သဟာယဖွဲ့ကာ

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို လက်ခံ။

ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်းကို ခံရသောအခါ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို သိရှိလာပြီး

ကျွန်ုပ်တို့၏ စာတန်ဆန်သော သဘာဝကို ထိုးဖောက်သိမြင်လာ။

ကျွန်ုပ်တို့သည် မာနထောင်လွှားမှု၊

မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုနှင့် လှည့်ဖြားမှုတို့ဖြင့် ပြည့်ဝ။

ကျွန်ုပ်တို့၏ နောင်တနှင့် အပြစ်ရှိသောစိတ်တွင် ဘုရားရှေ့မှောက် ကျွန်ုပ်တို့ လဲပြို။

ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်သော နောင်တတရားကို ရရှိကာ

ကျွန်ုပ်တို့၏ အသက်စိတ်သဘောထားများသည် တဖြည်းဖြည်း ပြောင်းလဲ။

ဘုရားသခင်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် သမ္မာတရားကို နားလည်ပြီး

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းကို တွေ့မြင်။

ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ကျွန်ုပ်တို့ တန်ဖိုးထားပြီး

ကိုယ်တော်၏ ကြင်နာမှုနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ပို၍ခံစားရ။

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပြီး

ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဝမ်းမြောက်စေသောသူများဖြစ်လာ။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အားလုံးကို ကျွန်ုပ်တို့ နှစ်သက်ခံစားပြီး

ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းများ ကျွန်ုပ်တို့ ထာဝရ အမှန် သီဆိုကြသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်အတွင်း စတင်ပြီဖြစ်ကာ

သူ့လူများ၏ ဖောက်ပြန်ပျက်စီးမှုသည် သန့်စင်ခံရ။

ကျွန်ုပ်တို့သည် စမ်းသပ်မှုများနှင့်

ကြီးစွာသော ဆင်းရဲဒုက္ခများကြား မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး

ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ပေး။

ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို ပြုလုပ်ခဲ့ပြီး

စာတန်သည် အလုံးဝ အရှက်ရပြီး နှိမ်နင်းခံရ။

ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဘုန်းအသရေရရှိကာ

သူ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ထုတ်ဖော်။

နိုင်ငံတော်သည် မကြုံစဖူးသော တင့်တယ်မှုဖြင့် ပေါ်ထွန်းလာပြီး

ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်သည် အပြည့်အဝ ပြီးမြောက်အောင်မြင်ခဲ့လေပြီ။

ဘုရားသခင်၏ ဖြောင့်မတ်မှုသည် ချီးမွမ်းမှုနှင့် ထိုက်တန်ပြီး

သူ၏ သန့်ရှင်းသော နာမတော်ကို ကမ္ဘာမြေပေါ်တွင် ကြေညာ။

ဘုရားသခင်၏ နိုင်ငံတော် ကမ္ဘာပေါ်တွင် ပေါ်ထွန်းပြီး၊

သူ၏လူမျိုးများ ကခုန်ကာ၊ သီချင်းသစ်များ သီဆိုကြသည်။

တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပြီး၊

ဘုရားသခင်ကို ချီးမွမ်းခြင်းသီချင်းများ ကျွန်ုပ်တို့ထာဝရ အမှန် သီဆိုကြသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။