Myanmar Song (ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ) God Has Come

09.09.2018

(၁)ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ

(၂) ဘုရားသခင် လာရောက်စိုးစံပြီ

(၃) လူအပေါင်းတို့… ဝမ်းမြောက်ခြင်းရှိကြလော့

(၁)ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ

လူတွေ ဘုရားကို ကျယ်လောင်စွာချီးမွမ်းကြသည်

နှုတ်ရှိသမျှ စစ်မှန်တဲ့တစ်ပါးတည်းသော

ဘုရားရဲ့နာမတော်ကို ကြွေးကြော်

ဘုရားရဲ့နိုင်ငံတော် လောကကို ရောက်လာ

၁။

လူတို့သည် ဘုရားကို ကျယ်လောင်စွာချီးမွမ်းကြ

နှုတ်ရှိသမျှ စစ်မှန်တဲ့တစ်ပါးတည်းသော

ဘုရားရဲ့နာမတော်ကို ကြွေးကြော်ကြ

လူအားလုံး ဘုရားရဲ့လုပ်ဆောင်ချက်များ စောင့်ကြည့်

ဘုရားရဲ့နိုင်ငံတော် လောကကို ရောက်လာ

ဘုရား၏ပင်ကိုသဘောသဘာဝ ကြွယ်ဝပြည့်စုံ

(ကြွယ်ဝပြည့်စုံ)

ဒါကို ဂုဏ်မပြုသူ ရှိမလား

(ဒါကို ဂုဏ်မပြုသူ ရှိမလား)

ဒီအတွက် မကခုန်သူ ရှိမလား

(ဒီအတွက် မကခုန်သူ ရှိမလား)

အို… ဇိအုန်မြို့ (အို… ဇိအုန်မြို့) အို… ဇိအုန်မြို့ (အို… ဇိအုန်မြို့)

အောင်လံလွင့်ထူ၍ ဘုရားကို ဂုဏ်ပြုလော့

အောင်ပွဲသီချင်းဆို၍

ဘုရားရဲ့သန့်ရှင်းနာမတော်ပျံ့စေလော့

မြေကြီးပေါ်ရှိ အရာခပ်သိမ်း

ဘုရားအတွက် မိမိကိုယ်ကို ပူဇော်သန့်စင်ပါ

မိုးကောင်းကင်ကြယ်များ… ယခု မိမိတို့နေရာ ပြန်လာ၍

ကောင်းကင်ဘုံရှိ ဘုရားရဲ့ဘုန်းအာနုဘော်ကို ပြလော့

လောကလူသားများအသံကို ဘုရားသခင်နားထောင်

သီချင်းနဲ့ သူ့အား အဆုံးမဲ့မေတ္တာနဲ့ကြည်ညိုခြင်းကို ပေးတော်မူ

ယနေ့၌ အရာခပ်သိမ်း နုပျိုသစ်လွင်လာကာ

ဘုရား ကမ္ဘာကို လျှောက်လာ

ခုချိန်ခါ ပန်းများပွင့်

ကျေးငှက်များတေးဆို၊ အရာခပ်သိမ်း ဂုဏ်ယူဝင့်ကြွားမှုအပြည့်

ကျေးငှက်များတေးဆို၊ အရာခပ်သိမ်း ဂုဏ်ယူဝင့်ကြွားမှုအပြည့်

ဘုရားရဲ့နိုင်ငံတော်ဂုဏ်ပြုတေးသွားကြား စာတန်ရဲ့နိုင်ငံတော်ပြိုလဲ

ကောင်းကင်နိုင်ငံတော်သီချင်းသံပြိုင်ပဲ့တင်ထပ်မှုမှာ ပျက်စီး

စာတန်ရဲ့နိုင်ငံတော် ဘယ်တော့မှ ထပ်မပေါ်ပေါက်

၂။

မြေကြီးပေါ် ဘယ်သူ ထတော်လှန်ရဲလဲ

ဘုရား လောကကို ဆင်းကြွတဲ့အခါ လောင်မြိုက်ခြင်း၊ ဒေါသ၊

ဘေးဒုက္ခအပေါင်း၊ ဘေးဒုက္ခအပေါင်း ယူဆောင်

လောကနိုင်ငံတော်များ ယခုဘုရားနိုင်ငံတော်ဖြစ်ပြီ

မိုးကောင်းကင်ထက် တိမ်များလှိမ့်၍တလိပ်လိပ်ထ

မိုးကောင်းကင်အောက် (မိုးကောင်းကင်အောက်)၊

မိုးကောင်းကင်အောက် (မိုးကောင်းကင်အောက်)

မြစ်ချောင်းများ တစ်ဟုန်ထိုးစီး

စိတ်လှုပ်ရှားဖွယ်သံစဉ် ထွက်ပေါ်

နားနေသောတိရိစ္ဆာန်များ တွင်းထဲမှ ထွက်လာ

အိပ်စက်နေသူအားလုံး ဘုရားသခင်လှုပ်နိုး

လူသားအားလုံး စောင့်မျှော်ခဲ့သော နေ့ရက် နောက်ဆုံးရောက်လာခဲ့။

ဘုရားသခင်အား အကောင်းဆုံးတေးသီချင်းများ သီဆိုကြ

သီဆိုကြ


(၂) ဘုရားသခင် လာရောက်စိုးစံပြီ

လှပတဲ့ဒီလိုချိန်၊ ရင်ခုန်စရာအချိန်လေးမှာ

မိုးကောင်းကင်ထက်နဲ့ မိုးကောင်းကင်အောက် အကုန် ချီးမွမ်း

ဒီ့အတွက် စိတ်မလူပ်ရှားသူရှိမလား

ဒီ့အတွက် မဝမ်းမြောက်သူရှိမလား

ဒီအခိုက်တန့် မငိုကြွေးသူရှိမလား

ဒီအခိုက်တန့် မငိုကြွေးသူရှိမလား

ရေ…

ကောင်းကင်ဟာ အရင်လိုမဟုတ်

ဘုရားနိုင်ငံတော်ရဲ့ကောင်းကင်ဖြစ်ပြီ

မြေကြီးဟာ အရင်မြေကြီးမဟုတ်

သန့်ရှင်းသော မြေကြီးဖြစ်ပြီ

သည်းထန်တဲ့မိုး လာရောက်အပြီး

ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ

သည်းထန်တဲ့မိုး လာရောက်အပြီး

ညစ်ညမ်းသောကမ္ဘာကြီး လုံးဝအသွင်ပြောင်းလဲ

တောင်တန်းများ ပြောင်းလဲ … ရေထု ပြောင်းလဲ

လူတွေလည်း ပြောင်းလဲ အရာခပ်သိမ်း ပြောင်းလဲ

ငြိမ်သက်သောတောင်တန်းတို့… ဘုရားအတွက် ကခုန်ကြလော့…

ရပ်တန့်သောရေထု… လွတ်လပ်စွာစီးဆင်းလော့

အိပ်စက်နေသူများ… ထ၍ ရှေ့ဆက်ကြလော့ ထ၍ ရှေ့ဆက်ကြလော့

ရေ…

ဘုရားလာရောက် … စိုးစံသည် …

ဘုရားလာရောက် … စိုးစံသည် …

ဘုရားမျက်နှာကို လူတိုင်း ကိုယ့်မျက်စိနဲ့ ကိုယ်မြင်ရမယ်

ဘုရားအသံကို လူတိုင်း ကိုယ့်နားနဲ့ ကိုယ်ကြားရမယ်

ဘုရားရဲ့နိုင်ငံတော်မှာ ကိုယ်တိုင် လက်တွေ့ အသက်ရှင်လိမ့်မည်

သိပ်ယာသာ … သိပ်လှပနေ …

သိပ်ယာသာ … သိပ်လှပနေ …

မေ့မရနိုင်ပါ … မေ့မရနိုင်ပါ …

ရေ …

ဘုရားရဲ့ဒေါသမီးလျှံတွင်

နဂါးနီကြီးဟာ ရုန်းကန်

ဘုရားရဲ့ကြီးမြတ်တဲ့စီရင်မှုမှာ

နတ်ဆိုးများ ဇာတိမှန်ဖော်ပြ

ဘုရားရဲ့ပြင်းထန်တဲ့စကားမှာ၊ ဘုရားရဲ့ပြင်းထန်တဲ့စကားမှာ၊

အားလုံး အရှက်ရ မျက်နှာကို မဖော်ရဲကြ

အတိတ်ကို ပြန်တွေး

ဘုရားကို လောင်ပြောင်ခဲ့ကြပုံ

အမြဲဝါကြွားနေကြပုံ

ဘုရားကို အမြဲပုန်ကန်နေကြပုံ

ယနေ့ ဘယ်သူမငိုကြွေး ဘူးလဲ

နောင်တမရသူရှိလား၊ နောင်တမရသူရှိလား

စကြဝဠာတစ်ခုလုံး မျက်ရည်တွေပြည့်လျှံ

ရွှင်လန်းခြင်းအသံများပြည့်နှက် … ရယ်မောခြင်းပြည့်နှက် …

အနှိုင်းမဲ့ပျော်ရွှင်မှု … အနှိုင်းမဲ့ပျော်ရွှင်မှု …

မိုးဖွဲဖွဲလေးရွာ … နှင်းမှုန်တွေတဖျပ်ဖျပ်ကျ …

လူတွေမှာ ဝမ်းနည်းမှုနဲ့ပျော်ရွှင်မှု ရောထွေး

တချို့ ရယ်မော … တချို့ ရှိုက်ငို … တချို့ ပျော်မြူး

ကောင်းကင်ကြီးမည်းမှောင်နေလား၊

နွေဦးလား ဆိုတာ လူတွေ မေ့သွားကြသလို

ရေ …

ပန်းများဖူးပွင့်တဲ့နွေရာသီ၊ သီးနှံရိတ်သိမ်းချိန်ဆောင်းရာသီ

ရေခဲသမျှအေးတဲ့ ဆောင်းကို သိသူမရှိ …

ကောင်းကင်မှာ တိမ်တွေ လွင့်မျောလို့၊ မြေပေါ်မှာ ပင်လယ်တွေ ပွက်

ဘုရားသခင်ရဲ့သားများ လက်ကိုဝှေ့ယမ်း …

လူတွေ ခြေထောက်နဲ့ကခုန်ကြ

ကောင်းကင်တမန်တွေ အလုပ်ဝင်ကြ …

ကောင်းကင်တမန်တွေ ရှေ့ဆောင်လမ်းပြ

ကမ္ဘာသားများ ပျားပန်းခပ်၊ လောကအရာအားလုံး ပွားများ

ကမ္ဘာသားများ ပျားပန်းခပ်၊ လောကအရာအားလုံး ပွားများ

ရေ …


(၃) လူအပေါင်းတို့… ဝမ်းမြောက်ခြင်းရှိကြလော့

ဘုရားအလင်း၌ လူတွေ အလင်းပြန်မြင်ရ

နှုတ်ကပတ်တော်၌ လူတွေ ကြည်နူးစရာများ တွေ့

ဘုရားသည် အရှေ့ဘက်ကလာ၍ ထိုအရပ်ဇာတိ ဖြစ်သည်

ဘုရားဘုန်းတော်ထွန်းတောက်လျှင်၊ တိုင်းနိုင်ငံအားလုံး ထွန်းလင်း

အားလုံးကို အလင်းဆီခေါ်ဆောင်၊ မှောင်မိုက်၌ ကျန်ရစ်တာမရှိ

ဘုရားနိုင်ငံတော်၌ ဘုရားလူမျိုးတို့ဘဝ အနှိုင်းဆမဲ့ ပျော်ရွှင်

ရေသည် လူတို့၏မင်္ဂလာရှိသောအသက်တာများအတွက် ကခုန်

တောင်တွေဟာ ဘုရားရဲ့ကြွယ်ဝပြည့်စုံခြင်းကို

လူတွေနဲ့အတူ အကျိုးခံစား

လူအားလုံး အလုပ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိ

ဘုရားရဲ့နိုင်ငံတော်မှာ သူတို့ရဲ့သစ္စာတရားကို ပြသ

ဘုရားနိုင်ငံတော်တွင် ပုန်ကန်မှုမရှိ၊ အတိုက်အခံလည်း မရှိတော့ပေ

ကောင်းကင်နဲ့မြေကြီး အချင်းချင်းအမှီသဟဲပြု

လူနဲ့ဘုရား နီးကပ်ပြီး နက်ရှိုင်းစွာသိရှိ

ဘဝရဲ့ပျော်ရွှင်မှုတွေကြောင့်အတူတကွ မှီခိုတွယ်တာနေ….

ဒီချိန်မှာ ကောင်းကင်နဲ့ဆိုင်သောအသက်တာကို ဘုရားသခင် စတင်

စာတန်ရဲ့နှောင့်ယှက်မှု မရှိတော့

လူတို့ ဘုရားရဲ့ငြိမ်သက်ခြင်းရရှိကြ

စကြဝဠာတစ်ခုလုံး၌

ဘုရားရွေးကောက်သောလူမျိုးသည် ဘုရားဘုန်းတော်၌ နေထိုင်

အနှိုင်းမဲ့ ကောင်းချီးခံစား၍ လူတွေကြား ရောနေသူများကဲ့သို့မဟုတ်

ဘုရားနဲ့အတူ နေထိုင်သူများကဲ့သို့ဖြစ်သည်

လူတိုင်း စာတန်ရဲ့ဖျက်ဆီးမှု ကြုံဖူးခဲ့ကြ

ဘဝရဲ့ခါးသီးမှုနဲ့ချိုမြိန်မှုကို မြည်းစမ်းဖူးကြသည်

ယခု ဘုရားအလင်း၌ အသက်ရှင်

မဝမ်းမြောက်သူ ရှိမလား

ဒီလိုသာယာတဲ့အခိုက်အတန့်မျိုး ဘယ်သူ လက်လွှတ်နိုင်မှာလဲ

လူတို့… ဘုရားအတွက် ယခု နှလုံးသားထဲက

သီချင်းများ သီဆိုကာ ကခုန်ကြလော့

ဖြူစင်တဲ့နှလုံးသားကို ဘုရားအား ပူဇော်လော့

ယခု ဘုရားအတွက် ဗုံကိုထု၍ တီးလော့

ဘုရားသည် စကြဝဠာတစ်ခုလုံး၌ ဝမ်းမြောက်ခြင်း ပြည့်လျှံစေသည်

သူ့ရဲ့ဘုန်းကြီးသောမျက်နှာကို လူသားတို့အား သူပြ

သူသည် မြည်ဟည်းလိမ့်မည်

သူသည် စကြဝဠာကို ကျော်လွန်လိမ့်မည်

သူသည် လူတွေကြားထဲမှာ စိုးစံလေပြီ၊

သူ့ကို လူသားများ ဂုဏ်ပြုချီးမြောက်

ဘုရားသခင်ဟာ ကောင်းကင်ပြာကြီးထဲ လွင့်မျော

လူသားများ သူ့အတိုင်း လိုက်ရွေ့

ဘုရားလူတွေကြား လမ်းလျှောက်အတူရှိနေ

သူ့လူမျိုးများ သူ့အား ဝန်းရံ

လူတို့နှလုံးသားများ ဝမ်းမြောက်ရွှင်လန်း

သူတို့တေးသီချင်းများ စကြဝဠာကို လှုပ်ခါစေကာ၊

ကောင်းကင်ကြီးကို အက်ကွဲစေသည်

စကြဝဠာကြီးကို မြူမဖုံးလွှမ်းတော့ပါ

ရွံ့ဗွက်မရှိ၊ အညစ်အကြေးများ မစုရုံးတော့ပါ

သန့်ရှင်းသောစကြဝဠာသားများ

ဘုရားရဲ့စစ်ကြောမှုတွင် သင့်မျက်နှာထားအမှန် ပေါ်လွင်

သင်တို့သည် အညစ်အကြေးဖြင့် ပြည့်နေသောသူများမဟုတ်၊

ကျောက်စိမ်းပမာ သန့်ရှင်းသူများဖြစ်ကြပြီ

ဘုရားရဲ့ချစ်ရသူအားလုံး၊ ဘုရားရဲ့နှစ်သက်သူအားလုံး

ခပ်သိမ်းသောအရာများ အသက်ပြန်ရ

သူတော်သူမြတ်အားလုံး ကောင်းကင်ဘုံ၌ ဘုရားကို အစေခံ

ဘုရားရဲ့နွေးထွေးတဲ့ရင်ခွင်ထဲ တိုးဝင်

ုငိုကြွေးခြင်း၊ ပူဆွေးခြင်းအစဉ်ကင်း

ဘုရားထံ ဆက်ကပ်ပူဇော်ကြ

ဘုရားအိမ်တော်ပြန်လာကြ၊ ဘုရားအိမ်တော်ပြန်လာကြ

ဇာတိအရပ်၌ သူတို့ ဘုရားကို ထာဝရချစ်ကြလိမ့်မည်

ထာဝရ မပြောင်းလဲ …ထာဝရ မပြောင်းလဲ …

ပူဆွေးခြင်းရှိရာ မျက်ရည်တွေရှိရာ လူ့ဇာတိနေရာ

ကမ္ဘာကြီး မရှိတော့ပြီ၊ ကောင်းကင်သည် အစဉ်တည်

လူမျိုးအားလုံးထံ ဘုရားပေါ်ထွန်း လူမျိုးအားလုံး ဘုရားကို ချီးမွမ်း

လူတို့ မသိသေးသော

ရှေးအခါမှ တည်ရှိသော ဒီဘဝ၊

ဒီအလှတရားသည် မပြောင်းလဲဘဲ အစဉ်ထာဝရ တည်တံ့လိမ့်မည်

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

ဒါ ဘုရားနိုင်ငံတော်၌ ဘဝ ပေတည်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။