Christian Dance (ဘုရားသခင်ကို ယုံကြည်ခြင်း၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ)
24.08.2024
၁
ယုံကြည်ခြင်း၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာမှာ သခင့်ကို ကြိုဆိုရခြင်း ဖြစ်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် ရေလောင်းပေးခြင်းတို့ကို ရရှိလျက်၊
အသင်းတော် အသက်တာအတွင်းတွင် ကျွန်ုပ်တို့ ပျော်ရွှင်စွာ ကြီးထွားကြသည်။
ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ကာ
လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည်။
ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ အသက်တာများ လျှောက်လှမ်းသင့်သည့် ဦးတည်ချက်ကို ပြသည်။
ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ် မွေ့လျော်ခံစားလေပြီ။
ဤနှစ်သက်ဖွယ် အချိန်ကာလကို ကျွန်ုပ် တန်ဖိုးထားကာ သမ္မာတရားကို ရရှိဖို့ ကြိုးစားမည်။
ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိမည်။
၂
ယုံကြည်ခြင်း၏ အကြီးမားဆုံး ကောင်းချီးမှာ သမ္မာတရား များစွာကို နားလည်ခြင်းပေ။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့်
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ရှုမြင်ရသည်။
ကျွန်ုပ်တို့ ပုန်ကန်ကြချိန်တွင် ဘုရားသခင်၏ ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ဆုံးမမှုကို ကြုံရသည်။
စိတ်သဘောထားပြောင်းလဲမှုကို ရရှိလျက်၊ ဘုရားသခင်၏ ကြီးမြတ်သော မေတ္တာကို ကျွန်ုပ်တို့ တွေ့ကြုံခံစား။
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိကြသည်။
ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ် မွေ့လျော်ခံစားလေပြီ။
သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊
ရိုးသားသော လူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့နှင့်
ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် သက်သေခံနိုင်စွမ်းရှိဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။
၃
ယုံကြည်ခြင်း၏ အကြီးမားဆုံး ကောင်းချီးမှာ
ဧဝံဂေလိကို ဖြန့်ကာ ဘုရားသခင်အတွက် သက်သေခံခြင်း ဖြစ်ပေ။
ဖိနှိပ်မှုနှင့် အခက်အခဲကို တွေ့ကြုံခြင်းမှတစ်ဆင့်၊
စာတန်၏ အကျည်းတန်မှုကို ကျွန်ုပ်တို့ ရိပ်စားမိ၊
အဆင်းနီသော နဂါးကြီးကို လုံးဝ ပုန်ကန်ကာ ဘုရားသခင်အတွက် သက်သေခံကြသည်။
သေသည်ထိတိုင် ကျွန်ုပ်တို့ သစ္စာစောင့်သိကာ
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအတွက် သက်သေခံကြမည်။
ဘုရားသခင်အတွက် သက်သေခံရန်မှာ ကျွန်ုပ်အတွက် ဂုဏ်တစ်ခု ဖြစ်ပေ။
ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ် မွေ့လျော်ခံစားလေပြီ။
ထို့ကြောင့် ကျွန်ုပ် သစ္စာစောင့်သိကာ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို နေရာအနှံ့ ဖြန့်သင့်သည်။
ဘုရားမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်ုပ်တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရင်းလေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ