Myanmar Sermon Series - အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

27.09.2022

ဘေးဒုက္ခများသည် ပို၍ ကြီးမားသထက် ကြီးမားလာကာ လူတိုင်းသည် နောက်ဆုံးသောကာလတွင် ကယ်တင်ရှင်ကိုကြိုဆိုလိုကာ၊ ဘုရားသခင်၏ကယ်တင်ခြင်းရရှိလိုပြီး၊ ဘေးဒုက္ခမှ လွတ်မြောက်၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုကြသည်။ သို့သော် သင်သည် ဘုရားသခင်၏ အမှုတော်ကို အသိအမှတ်ပြုမည်လား။ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းအမှုကို မည်သို့ဆောင်ရွက်သည်ကို သင်သိပါသလား။ သင်သည် ဘုရားသခင်၏ အမှုတော်ကို မည်ကဲ့သို့ အသိအမှတ်ပြုရမည်ကို မသိပါက၊ သူ၏ ကယ်တင်ခြင်းကို သင် လွဲချော်ဖို့ အလွန်အလားအလာရှိသည်။ ယင်းမှာ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြပြီး ရွေးနုတ်ခြင်းအမှုကို ပြုရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ က ကြွလာခဲ့ချိန်အတိုင်းပင် ဖြစ်သည်— ဂျူးလူမျိုးများက သူ့ကို မသိသကဲ့သို့၊ လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်နှက်စေခဲ့ကြသည်။ ဤအတွက်ကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ပေးကာ စီရင်ခြင်းခံခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းအမှုကို ပြုရင်း၊ ယခု နောက်ဆုံးသောကာလတွင် ကြွလာခဲ့ပြီဖြစ်သည်။ သို့သော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယေရှုဟူ၍ မခေါ်ဘဲ၊ သူသည် မိုးတိမ်စီးလျက် ကြွဆင်းလာခြင်းမရှိသည်ကို သိမြင်သောအခါ၊ ဘာသာရေးလောကဝင်များသည် သူ့ကို လက်ခံရန် လုံးဝ ငြင်းဆန်ကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို အရူးအမူးပင် ဆန့်ကျင်၊ ရှုတ်ချကြသည်။ သူတို့သည် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် ထပ်ကာပြန်ပြီး သံမှိုရိုက်နှက်ကြကာ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးသွားကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ကို အသိအမှတ်ပြုခြင်းသည် အပြည့်အဝ ကယ်တင်ခြင်းခံရခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းအတွက် အလွန်အရေးကြီးပေသည်။ သို့ဆိုလျှင်၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းအမှုကို မည်သို့ဆောင်ရွက်သနည်း။ ဤအမှုတော်အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက ဆောင်ရွက်ကြောင်း ကျွန်ုပ်တို့ မည်သို့အသိအမှတ်ပြုနိုင်မည်နည်း။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း၏ ဤအပိုင်းတွင်၊ ယင်းကို ကျွန်ုပ်တို့ အတူတကွ စူးစမ်းလေ့လာနိုင်ပြီး ဘုရားသခင်၏ အမှုတော်အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။