Myanmar Gospel Movie - စုံစမ်းစစ်ဆေးခြင်း - Amid Catastrophes, How Can Christians Welcome the Lord's Return?
14.04.2026
လျူမူကျိန်းနဲ့ ကျန်တဲ့သူတွေဟာ အိမ်တွင်းအသင်းတော်တစ်ခုက ယုံကြည်သူတွေဖြစ်ပါတယ်။ ဘေးအန္တရာယ်တွေက ပိုပိုကြီးလာတာကို မြင်တွေ့ပြီး သခင် ပြန်ကြွလာလောက်ပြီလို့ သူတို့ ခံစားမိတော့ သခင့်ကို အရမ်းကို ကြိုဆိုချင်နေကြပါတယ်။ ဒါကြောင့် သူတို့ဟာ အွန်လိုင်းမှာ စရှာပြီး စူးစမ်းကြပါတယ်။ မျှော်လင့်မထားဘဲ သူတို့စူးစမ်းတာကနေ ထင်မှတ်မထားတဲ့ သာယာပျော်ရွှင်မှုကို ရရှိသွားပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကို သူတို့ကြားပြီး စကားလုံးတိုင်းက သမ္မာတရားဖြစ်တယ်၊ ဒါဟာ ဘုရားအသံဖြစ်တယ်လို့ ခံစားမိကြတယ်။ ဒီစကားတွေဟာ သာမန်လူသားတစ်ယောက်က ထွက်ဆိုတာဖြစ်ပေမဲ့ သူတို့က ဒီစကားတွေကို သမ္မာတရားနဲ့ပြည့်စုံတဲ့ ဝိညာဉ်တော်က ဖော်ပြတဲ့ သမ္မာတရားတွေအားလုံးဖြစ်တယ်ဆိုပြီး အသိအမှတ်ပြုကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအများကြီးကို ဖတ်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ သူတို့ သေချာသွားကြတယ်။ သူတို့ရဲ့ သင်းအုပ်ဆရာက သူတို့ကို ဘယ်လောက်ပဲ နှောင့်ယှက်၊ တားဆီးဖို့ ကြိုးစားပါစေ၊ သူတို့အသင်းတော်ကနေ နှင်ထုတ်ခံရပေမဲ့ သူတို့ဟာ ဆက်လက်ပြီး မှန်တဲ့လမ်းခရီးကို စူးစမ်းလို့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ ပါဝင်ကြတယ်။ သူတို့ဟာ နောက်ဆုံးမှာတော့ သခင့်ကို ကြိုဆိုခဲ့ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ စားတော်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ