Christian Dance (ခရစ်တော်၏ နိုင်ငံတော်သည် လူသားမျိုးနွယ်၏ အလယ်၌ ရောက်ရှိလာပြီ)
27.06.2025
၁
ခရစ်တော်၏ နိုင်ငံတော်သည် လူသားမျိုးနွယ်၏ အလယ်၌ ရောက်ရှိလာပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မြေကြီးတစ်ပြင်လုံးကို သိမ်းပိုက်ခဲ့ပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မြေကြီးပေါ်တွင် စိုးစံတော်မူ၏။
အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တည်ထောင်ဖွဲ့စည်းကာ ပြီးမြောက်၏။
အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသစ်ပြုပြင်၍ ပြောင်းလဲလျက်ရှိ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို မြင်တွေ့ရပြီး အပြည့်အဝ လက်ခံယုံကြည်လျက်
ဘုရားသခင်အား ချီးမွမ်းကြ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုန်းအသရေတော်ကို ရရှိတော်မူပြီ။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ခရစ်တော်၏ နိုင်ငံတော်သည် မြေကြီးပေါ်တွင် အမှန်တကယ် တည်ရှိလာပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကောင်းကင်နှင့်မြေကြီး၌ ပြည့်လျှံ၏။
ကျွန်ုပ်တို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်ကြ၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ အတွေးအခေါ်များ၊ စိတ်ကူးများ၊
လှုပ်ရှားမှုတိုင်းနှင့်အတူ လိုက်ပါလျက်ရှိ၏။
၂
အမှီအခိုကင်းစွာဖြစ်တည်၍ ထာဝရတည်ရှိတော်မူသော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်၊
နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊
ကိုယ်တော်၏ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခဲ့ပြီး
လူအပေါင်းတို့ မြင်တွေ့ရန် စစ်မှန်ပြီး အသက်ပါလှ၏။
ကိုယ်တော်သည် ခေတ်ကာလများမတိုင်မီမှစ၍ ယနေ့ထက်တိုင် မိန့်တော်မူခဲ့သော နှုတ်ကပတ်တော်များသည်
တစ်ခုပြီးတစ်ခု ပြည့်စုံ၍၊ ပြီးမြောက်လျက်ရှိ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကိုယ်တော်၏ သြဇာအာဏာတော်နှင့် တန်ခိုးတော်ကို ပြသတော်မူ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်စေတော်မူ၏။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် အသက်စမ်းရေ၏ ပင်ရင်းအမြစ်ဖြစ်တော်မူ၍၊
လူအပေါင်းတို့ သုံးဆောင်ခံစားရန် ထာဝစဉ် စီးဆင်းလျက်ရှိ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့ ကြီးပြင်းလာစေရန် ရေလောင်း၍ ထောက်ပံ့ပေးတော်မူ၏။
ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ အသက်ရှင်သည်နှင့်အမျှ ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏။
၃
ကျွန်ုပ်တို့သည် ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံခံစားရ၍၊
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကိုလည်း တွေ့ကြုံခံစားရ၏။
ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး သန့်စင်ခြင်းသို့ ရောက်ရှိကြ၏။
ကျွန်ုပ်တို့၏ အသက်စိတ်သဘောထားသည် ပြောင်းလဲလာ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်အား ကြောက်ရွံ့ပြီး ကျိုးနွံနာခံလာကြ၏။
ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ကြပြီး၊
ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတင်ကြ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ချီးမွမ်းကြ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်စင်၍ ကယ်တင်တော်မူပြီ။
ကျွန်ုပ်တို့သည် တရားစီရင်မှုကို လက်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို
ခံယူကြကာ လူသစ်များဖြစ်လာ၍ အလင်းတော်၌ အသက်ရှင်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့တော်၌ ထာဝစဉ် ပျပ်ဝပ်ကိုးကွယ်၍၊
ကိုယ်တော်အား ထာဝစဉ် ချီးမွမ်းသီချင်းဆိုကြ၏။
၄
နိုင်ငံတော်၏ အလှသည် ထွန်းလင်းတောက်ပ၍ အကန့်အသတ်မဲ့ပေ၏။
မြေကြီးတစ်ပြင်လုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြွေးကြော်လျက်ရှိ၏။
ဘုရားသခင်၏ လူအမြောက်အမြားတို့သည် ကိုယ်တော်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြ၍၊
အနန္တတန်ခိုးရှင် ဘုရားသခင်အား လာရောက်ကိုးကွယ်ကြ၏။
ဘုရားသခင်၏ လူများအားလုံးသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ရှေ့မှောက်၌ အရှုံးပေးကြ၏။
အားလုံး တာဝန်ကို ထမ်းဆောင်၍ ဘုရားသခင်အတွက် သက်သေခံကြ၏။
စကြဝဠာတစ်ခွင်လုံး ဝမ်းမြောက်ရွှင်လန်းစွာ အောင်ပွဲခံလျက်ရှိ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ချီးမွမ်းကြ၏။
ကျွန်ုပ်တို့ အားရဝမ်းသာကြွေးကြော်ကြ၏။ ကျွန်ုပ်တို့ သီချင်းဆိုကြ၏။
ဘုရားသခင်၏ ကြီးမြတ်သောအမှုတော် ပြီးမြောက်လေပြီ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကိုယ်တော်တိုင် ကျွန်ုပ်တို့ကို ဦးဆောင်တော်မူ၏။
ကိုယ်တော်သည် စာတန်ကို အောင်နိုင်၍ ရန်သူအပေါင်းအပေါ် အောင်ပွဲခံတော်မူပြီ။
ကျွန်ုပ်တို့သည် ခရစ်တော်၏ နိုင်ငံတော်သို့ ဝင်ရောက်၍ ဘုရားသခင်၏ အလျှံပယ်ဖြစ်မှုကို ခံစားကြရ၏။
ကျွန်ုပ်တို့၏ ပျော်ရွှင်မှုသည် အဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ