Myanmar Christian Song - နှုတ်ကပတ်တော်၏ လုပ်ဆောင်မှုကြောင့် လူတို့သည် ဘုရားကို ပို၍ နားလည်ကြသည်

17.04.2021

နောက်ဆုံးသောကာလ၌ လူကိုပြည့်စုံစေဖို့

နှုတ်ကပတ်တော်ကို ဘုရားအဓိကအသုံးပြု

လူကို သူ့အား ယုံကြည်(လက်ခံ)လာစေရန်

နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုမသုံး။

ထိုအရာများသည်

ဘုရား၏တန်ခိုးတော်ကို ရှင်းပြနိုင်မည်မဟုတ်။

နိမိတ်လက္ခဏာ၊ အံ့ဖွယ်များသာ ဘုရားဖော်ပြခဲ့လျှင်

ဘုရား၏ စစ်မှန်မှုအား ပေါ်လွင်စေနိုင်မည်မဟုတ်၊

လူကိုလည်း စုံလင်စေနိုင်မည်မဟုတ်ပေ

နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်မှု များဖြင့်

လူကို ဘုရားစုံလင်စေသည်မဟုတ်။

ဘုရားကို သိကျွမ်း၊ နာခံတတ်စေရန်

နှုတ်ကပတ်တော်ဖြင့် ကျွေးမွေး စောင့်ရှောက်

ဒါဟာ သူ့အမှုတော်၊ နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်

စစ်ကြော၊ ဆုံးမ၊ ပြုပြင်ခြင်း၊

နှုတ်ကပတ်တော်၏ သွန်သင်ချက်ဖြင့် လူကိုစုံလင်စေသည်

လူကို စုံလင်စေဖို့၊ အမှုတော်မြတ်၊ ဉာဏ်ပညာနှင့်

အံ့ဖွယ်ရာများ ပို၍ နားလည်စေဖို့၊

ရှုထောင့်အမျိုးမျိုးမှ ဘုရားစကားပြောသည်။

ယနေ့၊ ဘုရားပြုသည့်အမှုတော်သည်

အံ့ဖွယ်အရာများ သို့မဟုတ်

နိမိတ်လက္ခဏာများမပါသော စစ်မှန်သည့် အမှုတော်ပင်

ထိုအံ့ဖွယ်အရာတို့သည်

သူ၏ စစ်မှန်သောအမှုကို ပျက်စီးစေမည်ဖြစ်ပြီး

ပို၍များသော အမှုတော်ကို သူလုပ်နိုင်တော့မည်မဟုတ်

လူကိုစုံလင်စေဖို့ ဘုရားသည်နှုတ်ကပတ်တော်ကို အသုံးပြု ပြီး

အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြခဲ့ပါက

လူသား၏ ဘုရား၌ယုံကြည်ခြင်းသည်

စစ်မှန်သည်ကို ပြသနိုင်မလား

ထို့ကြောင့် ထိုအရာတို့ ဘုရားမပြု

ဘာသာတရားသည် လူတို့၌ များပြားလှပါသည်။

လူသားတို့၏ ဘာသာရေးအယူများကို

ဖယ်ရှားပြီး ဘုရား၏စစ်မှန်ုခြင်းကို

လူတို့အားသိစေရန် နောက်ဆုံးသောကာလ ဘုရားကြွလာခဲ့။

လူတို့ထင်မြင်သော စိတ်ကူးယဉ်ဆန်ဆန်၊

မရှိသောဘုရားပုံရိပ်ကို

ဖယ်ရှားရန် သူကြွရောက်လာခြင်းဖြစ် ပေသည်။

ထို့ကြောင့် စစ်မှန်မှုအား ယခုတွင် နားလည်ခြင်းသည်

သင့်အတွက် တန်ဖိုးရှိသော တစ်ခုတည်းသောအရာဖြစ်၏

နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အရာများ

ရှာဖွေခြင်းထက် ဘုရားကို ယုံကြည်ခြင်း၌

သမ္မာတရားနှင့် အသက်ကို ရှာဖွေခြင်းသည်

ဘုရားကိုယုံကြည်သူတိုင်း၏ ပန်းတိုင်ဖြစ်သင့်။

ဘုရားကိုယုံကြည်သောသူတိုင်း၏

ယုံကြည်သူတိုင်း၏ပန်းတိုင်ဖြစ်သင့်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။