ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂

18.02.2021

ဘုရားသခင်နောက်သို့ လိုက်သည့်အခါ လူတို့သည် သူ၏အလိုတော်ကို အာရုံစိုက်ခဲ့ကြပြီး လူသားများအပေါ် သူ၏အတွေးများနှင့် သူ၏သဘောထားတို့ကို သူတို့ ဂရုစိုက်ခဲကြသည်။ လူတို့သည် ဘုရားသခင်၏ အတွေးများကို နားမလည်ကြသဖြင့် သူ၏ရည်ရွယ်ချက်များနှင့် သူ၏ စိတ်နေသဘောထားအကြောင်း မေးသည့်အခါ သင်တို့ စိတ်ရှုပ်ထွေးတတ်ကြသည်။ သင်တို့သည် ကြီးမားသော မသေချာမှုထဲသို့ ရောက်ရှိသွားပြီးနောက် မှန်းဆခြင်းဖြစ်စေ အလောင်းအစားဖြစ်စေ သင်တို့ပြုကြသည်။ ဤသည်မှာ မည်သို့သော အတွေးအခေါ်မျိုး ဖြစ်သနည်း။ ၎င်းက ဘုရားသခင်ကို ယုံကြည်ကြသော လူအများစုသည် သူ့ကို ဘာမျှမရှိသော လေထုကြီးအဖြစ်၊ ထို့ပြင် တဒင်္ဂသာရှိပြီး တစ်ခဏနေ မရှိတော့ပုံရသည့် အရာတစ်ခုအဖြစ် သဘောထားကြသည့်အချက်ကို သက်သေပြပါသည်။ ထိုကဲ့သို့ ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိစ္စတစ်ခုကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်တို့ မသိကြပေ။ သူ၏အလိုတော်ကို သင်တို့ အဘယ်ကြောင့် မသိကြသနည်း။ ယခုမှသာမဟုတ်၊ အစမှအဆုံးတိုင်၊ ဤကိစ္စအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့မသိကြပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ သဘောထားက အဘယ်အရာဖြစ်သည်ကို မသိသော်လည်း သင်သည် ၎င်းကို ကောင်းစွာ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းကို သိနားလည်ရန် သင် ရှာဖွေဖူးသလော။ ထိုအကြောင်းကို သင် မိတ်သဟာယပြုဖူးသလော။ မလုပ်ဖူးပါ။ ဤအရာက သင့်ယုံကြည်ချက်နှင့်ယှဉ်သော ဘုရားသခင်နှင့် စစ်မှန်မှုနှင့်ယှဉ်သော ဘုရားသခင်မှာ ဆက်စပ်မှုမရှိပါ ဟူသည့်အချက်ကို အတည်ပြုပေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သင်သည် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် သင့်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များကိုသာ ချင့်ချိန်တွေးဆသည်၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အပေါ်ယံနှင့် သြဝါဒဆိုင်ရာ အဓိပ္ပာယ်ကိုသာလျှင် စဉ်းစားသုံးသပ်ကာ ဘုရားသခင်၏ အလိုတော်ကိုသိဖို့ သို့မဟုတ် ရှာဖွေဖို့ အမှန်တကယ်ကြိုးစားခြင်း လုံးဝမရှိပေ။ ဤသည်မှာ ထိုအကြောင်းပင် ဖြစ်သည်မဟုတ်လော။ ဤကိစ္စ၏ အနှစ်သာရမှာ အတော့်ကို ဆိုးရွားလိုက်လေခြင်း။ နှစ်ပေါင်းများစွာပြီးမှ ငါသည် ဘုရားသခင်ကို ယုံကြည်သော လူမြောက်မြားစွာကို မြင်ဖူးသည်။ သူတို့၏ စိတ်ထဲတွင် သူတို့၏ယုံကြည်မှုက ဘုရားသခင်ကို မည်သည့်အရာအဖြစ်သို့ ပုံသဏ္ဌာန်ပြောင်းလဲလိုက်ကြသနည်း။ လူအချို့က ဘုရားသခင်သည် ဘာမျှမရှိသော လေထုကြီးဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူများ၌ ဘုရားသခင်၏ တည်ရှိခြင်းဆိုင်ရာ မေးခွန်းများအတွက် အဖြေမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ရှိခြင်း သို့မဟုတ် မရှိခြင်းကို ရှင်းလင်းစွာ သိမြင်ခြင်း သို့မဟုတ် နားလည်ခြင်း ရှိဖို့နေနေသာသာ၊ ခံစားနိုင်ခြင်း သို့မဟုတ် သိနိုင်ခြင်း မရှိကြချေ။ မသိစိတ်၏ နှိုးဆော်မှုအရ ဤလူများက ဘုရားသခင်မတည်ရှိဟု ထင်တတ်ကြသည်။ အခြားသူများက ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်သကဲ့သို့ ယုံကြည်ကြသည်။ ဤလူတို့က ၎င်းတို့ မလုပ်နိုင်သော အရာများအားလုံးကို ဘုရားသခင်လည်း မလုပ်နိုင်ပါ ဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့ တွေးသည့်ပုံစံအတိုင်း တွေးရလိမ့်မည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မမြင်ရသော၊ ကိုင်တွယ်၍မရသော ပုဂ္ဂိုလ်တစ်ဦး” ပင် ဖြစ်သည်။ ဘုရားသခင်သည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်ဟု ယုံကြည်သော လူတစ်စုလည်း ရှိသည်။ ဤလူများက ဘုရားသခင်၌ ခံစားချက်မရှိဟု ယုံကြည်ကြသည်။ သူတို့က ဘုရားသခင်သည် ရွှံ့စေးရုပ်တစ်ရုပ် ဖြစ်ပြီး ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၌ သဘောထားမရှိ၊ ရှုထောင့်မရှိ၊ သို့မဟုတ် အတွေးအခေါ်များမရှိဟု ထင်ကြသည်။ သူသည် လူ၏ ပြုသမျှနုရမည်ဟု သူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့ ယုံကြည်လိုသည့်အတိုင်းသာ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့က သူ့အား ကြီးမြတ်စေပါက သူ ကြီးမြတ်သည်၊ အကယ်၍ ၎င်းတို့က သူ့အား သေးသိမ်စေပါက သူ သေးသိမ်သည်။ လူတို့သည် အပြစ်ပြုပြီး ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို လိုအပ်သည့်အခါ ဘုရားသခင်သည် သူ၏ သနားခြင်းကရုဏာကို ပေးသင့်သည်ဟု သူတို့ယူဆကြသည်။ ဤလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများထဲ၌ “ဘုရားသခင်” တစ်ပါးကို ပုံဖော်ကြကာ ဤ “ဘုရားသခင်” အား ၎င်းတို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့၏ အလိုဆန္ဒအားလုံးကို ပြည့်ဝစေရန် ခိုင်းတတ်ကြသည်။ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာ၌ဖြစ်စေ၊ ထို့ပြင် ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ဆက်ဆံမှုနှင့် ၎င်းတို့၏ ယုံကြည်မှု၌ ဤစိတ်ကူးကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက် ပေးမိပြီးနောက် ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသော သူများပင် ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့သည်၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး၊ လူတစ်ဦးက ဘုရားသခင်ကို မည်မျှပင်ပြစ်မှားပါစေ သူသည် ထိုအရာ တစ်စုံတစ်ခုကိုမျှ အမှတ်ရလိမ့်မည်မဟုတ်ဟု ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ လူ၏ အမှားများ၊ လူ၏ ကျူးလွန်မှုများ နှင့် လူ၏ မနာခံမှုတို့မှာ ထိုလူ့စိတ်သဘောထား၏ တဒင်္ဂဖော်ပြချက်များ ဖြစ်သောကြောင့် ဘုရားသခင်သည် လူတို့အား အခွင့်အရေးများကိုပေးပြီး ၎င်းတို့အပေါ် သည်းခံပြီး စိတ်ရှည်လိမ့်မည်ဟု သူတို့က ထင်ကြသည်။ ဘုရားသခင်က ၎င်းတို့အား ယခင်ကကဲ့သို့ပင် ချစ်နေဦးမည်ဟု သူတို့ယုံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိရန်အတွက် မြင့်မားသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားကြသည်။ အမှန်မှာ လူတို့သည် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်စေကာမူ၊ သူတို့သည် သမ္မာတရားကို လေ့လာလိုက်စားနေခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့အပေါ် အနှုတ်လက္ခဏာဆောင်သော သဘောထားတစ်ခုကို စွဲကိုင်ထားမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သင်ယုံကြည်စဉ်တစ်လျှောက်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ရတနာအဖြစ် သတ်မှတ်ရှုမြင်ထားကာ ၎င်းကို နေ့စဉ် လေ့လာဖတ်ရှုသော်လည်း သင်သည် စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ထားသည်။ သင်သည် သူ့အား ဘာမျှမရှိသော လေသက်သက်အဖြစ် သို့မဟုတ် လူတစ်ဦးသက်သက်အဖြစ် သဘောထားပြီးလျှင်၊ သင်တို့အချို့က သူ့ကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ်လောက်သာ သဘောထားကြသည်။ ငါသည် ယင်းကို အဘယ်ကြောင့် ဤသို့ဆိုရသနည်း။ ဤသို့ ငါဆိုခြင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းကို ငါမြင်သည့်ပုံစံအတိုင်းဆိုလျှင် သင်တို့သည် ကိစ္စတစ်ရပ်ကို ရင်ဆိုင်ရသည်ဖြစ်စေ သို့မဟုတ် အခြေအနေတစ်ခုခုကို ကြုံတွေ့ရသည်ဖြစ်စေ သင်တို့၏ မသိစိတ်ထဲ၌ရှိသော ထိုအရာများ၊ အတွင်း၌ သင်ကြီးထွားလာစေသော ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းနှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝ မရှိခဲ့ဖူးပေ။ သင်သည် သင်ကိုယ်တိုင် မည်သည့်အရာကို တွေးနေသည်၊ သင်၏ ကိုယ်ပိုင်ရှုထောင့်က မည်သည့်အရာ ဖြစ်သည်ကိုသာ သိပြီး၊ ထို့ပြင် သင်သည် သင်၏ကိုယ်ပိုင် အတွေးအခေါ်များနှင့် ရှုထောင့်များအတိုင်း ဘုရားသခင်အပေါ် အတင်းအကျပ်ပြုကြသည်။ သင်၏ စိတ်ထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ရှုထောင့်များ ဖြစ်လာကြပြီး ဤရှုထောင့်များကို မဆုတ်မနစ် လိုက်နာစောင့်ထိန်းသည့် စံနှုန်းများအဖြစ် သင် ပြုလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ရှေ့ဆက်သွားခြင်းက သင့်ကို ဘုရားသခင်ထံမှ သာ၍သာ၍ ဝေးကွာသွားစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။