ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၉

16.08.2020

သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရူပါရုံ၏ သမ္မာတရားများကို သင်တို့ မလွဲမသွေ ကျင့်ကြံပိုင်နိုင်သည့်အခါ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်၊ ဘုရားသခင် ပြုသောအမှု မည်သို့ပင်ပြောင်းလဲပါစေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံကို ရှင်းရှင်းလင်းလင်းသိပြီး သင်ဝင်ရောက်ရန်နှင့် လိုက်လျှောက်အသက်ရှင်ရန် သင်၌ ရည်မှန်းချက် ရှိနေမည်။ ထိုနည်းအားဖြင့် သင့်အထဲရှိ အတွေ့အကြုံနှင့် အသိပညာ အလုံးစုံသည် ပို၍နက်ရှိုင်းပြီး ပိုမိုပိုင်းခြားဝေဖန်တတ်လာမည်။ အခြေအနေတစ်ရပ်လုံးကို လုံးလုံးလျားလျား သင်နားလည်သဘောပေါက်လာသည့်အခါ ဘဝတွင် ဆုံးရှုံးမှုများကို ကြုံရမည်မဟုတ်သကဲ့သို့ ပျောက်ဆုံးခြင်းသို့လည်း ရောက်မည်မဟုတ်။ အကယ်၍ အဆိုပါအမှု၏ အဆင့်များကို သင်မသိပါက တစ်ဆင့်ချင်းစီတွင် ဆုံးရှုံးမှုကို ကြုံရမည်။ ရက်အနည်းငယ်အတွင်း သင်ပြန်လှည့်နိုင်မည် မဟုတ်သည့်အပြင် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင်လည်း မှန်သောလမ်းကြောင်းပေါ်သို့ တည့်မတ် ရောက်ရှိနိုင်မည်မဟုတ်။ ဤအရာသည် သင့်အား နှောင့်နှေးစေနေသည်မဟုတ်လော။ အပြုသဘောဆောင်သော နည်းဖြင့် ဝင်ရောက်နည်း မြောက်များစွာရှိပြီး သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် လက်တွေ့လုပ်ဆောင်ချက်များ ရှိနေသဖြင့် သင်သည်လည်း ဘုရားသခင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံ၊ အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ရောက်မည့်လမ်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် မည်သည့်အရာတို့ကို ရရှိရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှု၏ နိယာမများနှင့် ပြည့်စုံခြင်းအဖြစ်သို့ ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်း၏ နိယာမများစသဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံနှင့်ပတ်သက်သော အချက်အချို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။ ၎င်းတို့မှာ ရူပါရုံ၏ သမ္မာတရား အလုံးစုံဖြစ်သည်။ ကျန်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တွင် ပြုသောအမှု၏ အဆင့်သုံးဆင့် ဖြစ်သည်သာမက အနာဂတ်သက်သေလည်းဖြစ်သည်။ ၎င်းတို့သည်လည်း ရူပါရုံနှင့်သက်ဆိုင်သော အမှန်တရားများ ဖြစ်ကြပြီး အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လောလောဆယ် သင်တို့ ဝင်ရောက်သင့်ကာ လက်တွေ့ လုပ်ဆောင်သင့်သောအရာ မြောက်မြားစွာရှိနေပြီး ၎င်းကို ယခုအခါ ပို၍ အသေးစိတ်ကျကျ အဆင့်ခွဲထားသည်။ အကယ်၍ သင်၌ အဆိုပါ သမ္မာတရားများနှင့် ပတ်သက်သော အသိပညာမရှိပါက သင်သည် မဝင်ရောက်ရသေးကြောင်း သက်သေပြနေခြင်းဖြစ်သည်။ အချိန်အများစုတွင် သမ္မာတရားနှင့်ပတ်သက်သော လူ၏အသိပညာသည် အလွန်တိမ်သည်၊ လူသည် အခြေခံကျသည့် သမ္မာတရားအချို့ကိုပင် လက်တွေ့ကျင့်နိုင်စွမ်းမရှိဘဲ အသေးအမွှားကိစ္စများကိုပင်လျှင် မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိ။ လူသည် သမ္မာတရားနှင့်အညီ လက်တွေ့မကျင့်ကြံနိုင်ခြင်းမှာ သူ၏ဆန့်ကျင် ပုန်ကန်တတ်သော စိတ်သဘောထားကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင်ပြုသောအမှုအကြောင်းကို သိသော သူ၏အသိပညာမှာ အပေါ်ယံဆန်လွန်းပြီး တစ်ဖက်သတ်ဆန်လွန်းခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူကို ပြီးပြည့်စုံခြင်းသို့ ရောက်စေသောအမှုမှာ မလွယ်ပါ။ သင်၏ ဆန့်ကျင်ပုန်ကန်မှုမှာ အလွန်ကြီးမားပြီး သင်သည် သင်၏လူဟောင်းကို မလွှတ်တမ်းဆုပ်ကိုင်ကာအသက်ရှင်သည်၊ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိသည့်အပြင် သင်သည် အထင်ရှားမြင်သာဆုံးဖြစ်သည့် အမှန်တရားများကိုပင် လက်တွေ့ကျင့်ကြံနိုင်ခြင်းမရှိ။ ထိုသို့သောသူများကို ကယ်တင်၍ မရနိုင်သည့်အပြင် ၎င်းတို့သည် သိမ်းပိုက်ခြင်း မခံရသေးသောသူများဖြစ်သည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အသေးစိတ်လည်းမကျ၊ ဓမ္မဓိဌာန်လည်းမကျပါက သင့်အတွက် ကြီးထွားရင့်ကျက်ခြင်းမှာ နှေးကွေးနေမည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အနည်းငယ်မျှပင် လက်တွေ့မကျပါက သင်၏လိုက်လျှောက်အသက်ရှင်မှုမှာ အချည်းနှီးပင်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား၏အနှစ်သာရကို မသိပါက မပြောင်းလဲဘဲ သင်ဆက်ရှိနေမည်။ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာမက အသေးစိတ်ကျသော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာ လူတစ်ဦး၏ အသက်တာ ကြီးထွားရင့်ကျက်ပြီး သူ၏စိတ်သဘောထားများ အားလုံးပြောင်းလဲလာမည်။ အကယ်၍ သင်ဝင်ရောက်စဉ် သင်၌ အသေးစိတ်ကျသော အတွေ့အကြုံများစွာရှိပါက သင်၌ မှန်သောအသိပညာနှင့် မှန်သောဝင်ရောက်ခြင်း ရှိသည်၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့လုပ်ဆောင်မှုတွင် အလွန်အမင်း ဉာဏ်အလင်းဖွင့်ပြခြင်းကို လောလောဆယ် မခံရလျှင်လည်း အနည်းဆုံးအနေဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံအကြောင်း ဉာဏ်အလင်းဖွင့်ပြခြင်း ခံရရန်လိုအပ်သည်။ ထိုသို့မခံရပါက သင်၌ သမ္မာတရားကို သိသော အသိပညာ ဦးစွာ မရှိပါလျှင် သင်မဝင်ရောက်ရသည့်အပြင် ဝင်ရောက်နိုင်စွမ်းလည်းရှိမည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံထဲမှ သင့်အား ဉာဏ်အလင်းဖွင့်ပြမှသာလျှင် သမ္မာတရားကို ပို၍နက်နဲစွာ သိမြင်လာကာ သာ၍နက်ရှိုင်းစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ပြုသောအမှုကို သိလာရန် လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။