ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၇

23.07.2020

အနှစ်ခြောက်ထောင်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် အမှုအလုံးစုံသည် မတူညီသော ခေတ်များ ကုန်လွန်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီးဖြစ်သည်။ ဤအမှုထဲက အပြောင်းအလဲများသည် ကမ္ဘာလောက၏ ယေဘုယျ အခြေအနေများနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းတို့အပေါ် တစ်ပေါင်းတစ်စည်းတည်း အခြေခံပြီးဖြစ်ပေသည်။ စီမံခန့်ခွဲခြင်း အမှုသည်လည်း တဖြည်းဖြည်းသာ လျော်ညီစွာ ပြောင်းလဲပေပြီ။ ယင်းမှာ ဖန်ဆင်းခြင်းအစမှ အားလုံး စီစဉ်ထားခဲ့သည် မဟုတ်ချေ။ ကမ္ဘာလောကကြီးကို မဖန်ဆင်းမီတွင် သို့မဟုတ် ဖန်ဆင်းပြီးနောက် သိပ်မကြာမီတွင်၊ ယေဟောဝါသည် မောဘ၏ သားစဉ်မြေးဆက်အချို့နှင့် သူ ပထမဦးဆုံး စတင်ပြီး ဤမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်မည် ဖြစ်သည့် ပညတ်တော်နှင့်ဆိုင်သည့် အမှု၏ ပထမအဆင့်၊ ကျေးဇူးတော်နှင့်ဆိုင်သည့် အမှု၏ ဒုတိယအဆင့် သို့မဟုတ် သိမ်းပိုက်ခြင်းနှင့် ဆိုင်သည့် အမှု၏ တတိယအဆင့်တို့ကို မစီစဉ်ထားခဲ့သေးပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက်တွင်၊ သူသည် ဤစကားများကို မည်သည့်အခါမျှ မပြောဆိုခဲ့သကဲ့သို့၊ မောဘ ပြီးသည့်နောက်တွင်လည်း ယင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မပြောဆိုခဲ့ပေ။ အမှန်စင်စစ် လောတ မတိုင်မီတွင်၊ ယင်းတို့ကို သူ လုံးဝ မမိန့်မြွက်ခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးကို ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု တိုးတက်လာပြီးဖြစ်သည့်ပုံ အတိအကျ ဖြစ်သည်။ ကမ္ဘာလောကကို မဖန်ဆင်းမီတွင် သူသည် “လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှစ်ချုပ်ဇယား” တစ်ခုကဲ့သို့သော ပုံစံ တစ်ခုဖြင့် ထိုသို့သော အစီအစဉ်တစ်ခုကို သူ လုံးဝ မရေးသားခဲ့ပေ။ ဘုရားသခင်၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ရန် သူသည် ဦးနှောက်ခြောက်အောင် မစဉ်းစားချေ။ ဟုတ်ပေ၏၊ ပရောဖက် အနည်းငယ်တို့သည် ကြီးမြတ်သည့် ပရောဖက်ပြုချက်များစွာကို ပြောဆိုကြပြီး ဖြစ်သည်၊ သို့သော်လည်း ယင်းမှာ ဘုရားသခင်၏ အမှုသည် အမြဲ ရှင်းလင်းတိကျသည့် စီမံကိန်းတစ်ခု ဖြစ်လေပြီဟု ပြော၍ မရနိုင်ပေ။ ထိုပရောဖက်ပြုချက်များကို ထိုအချိန်က ဘုရားသခင်၏ အမှုနှင့်အညီ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူလုပ်ဆောင်သည့် အမှုအားလုံးသည် အစစ်မှန်ဆုံးသော အမှု ဖြစ်သည်။ သူသည် ယင်းကို ခေတ်ကာလ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆောင်ရွက်ပြီး အမှုအရာများ ပြောင်းလဲပုံအပေါ် ယင်းကို အခြေပြုခဲ့သည်။ သူ့အတွက်၊ အမှုကို ဆောင်ရွက်ခြင်းသည် အနာနှင့်ဆေး သင့်တော်အောင်ပေးခြင်းနှင့် ဆင်တူသည်။ သူ၏ အမှုကို လုပ်ဆောင်စဉ်တွင်၊ သူစောင့်ကြည့် လေ့လာပြီး သူ၏ လေ့လာချက်များ အတိုင်း သူ၏ အမှုကို ဆက်လက် လုပ်ဆောင်လေသည်။ သူ့အမှု၏ အဆင့်တိုင်းတွင်၊ ဘုရားသခင်သည် သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် အစွမ်းအစတို့ကို ဖော်ပြနိုင်စွမ်း ရှိသည်။ သူသည် သီးသန့် မည်သည့် ခေတ်မဆို၏ အမှုအတိုင်း သူ၏ ကြွယ်ဝသော ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ထုတ်ဖော်ပြပြီး၊ ထိုခေတ်အတွင်းတွင် သူ ဆောင်ကြဉ်းခဲ့သည့် လူတို့အားလုံးကို သူ၏ စိတ်သဘောထား အလုံးစုံအား တွေ့မြင်ခွင့်ပေးလေသည်။ သူသည် သူ လုပ်သင့်သည့် မည်သည့်အမှုကိုမဆို လုပ်ဆောင်ရင်း၊ ခေတ်အသီးသီးတွင် လုပ်ဆောင်ဖို့ လိုအပ်သည့် အမှုနှင့်အညီ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလေသည်။ စာတန်က ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပြီး ၎င်းတို့ လိုအပ်သည့်အရာကို လူတို့အား သူ ထောက်ပံ့သည်။ ယင်းမှာ ယေဟောဝါက အာဒံနှင့် ဧဝကို ကနဦး ဖန်ဆင်းခဲ့ချိန်တွင်၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို ထင်ရှားစေဖို့ ၎င်းတို့အား တတ်နိုင်စေရန်နှင့် ဖန်ဆင်းခြင်းအလယ်တွင် ဘုရားသခင်၏ သက်သေကို ၎င်းတို့ ခံနိုင်ကြဖို့အလို့ငှာ သူ လုပ်ဆောင်ခဲ့ပုံကဲ့သို့ ဖြစ်သည်။ သို့သော် ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီးနောက် အပြစ်ပြုခဲ့ပြီး၊ အာဒံက အလားတူ လုပ်ဆောင်ခဲ့သည်။ ဥယျာဉ်ထဲတွင် ၎င်းတို့နှစ်ဦးလုံးသည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် ၎င်းတို့အပေါ် နောက်ထပ်အလုပ် ဆောင်ရွက်ရန် ရှိခဲ့သည်။ ၎င်းတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်သည့်အခါ၊ သူသည် ၎င်းတို့၏ ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားဖြင့် ဖုံးစေခဲ့သည်။ ထို့နောက်တွင် သူက အာဒံကို၊ “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။...သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်...အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟု ဆိုခဲ့သည်။ သူက မိန်းမကို၊ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟု ပြောခဲ့သည်။ ထိုအချိန်မှစပြီး သူသည် ၎င်းတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ခေတ်ပေါ်လူသားက ယခု ကမ္ဘာမြေပေါ်တွင် နေထိုင်သကဲ့သို့ ဥယျာဉ်၏ ပြင်ပတွင် နေထိုင်စေခဲ့သည်။ အစအဦး၌ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ ဖန်ဆင်းခံရပြီးနောက် လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံရစေပြီး၊ ထို့နောက် လူသားနှင့် မြွေကို ကျိန်ဆိုဖို့မှာ သူ၏ အစီအစဉ် မဟုတ်ခဲ့ပေ။ သူသည် ထိုသို့သော အစီအစဉ်တစ်ခု အမှန်တကယ် မရှိခဲ့ပေ။ ယင်းမှာ သူ၏ ဖန်ဆင်းခြင်းအလယ်တွင် လုပ်ဆောင်ဖို့ အမှုသစ်ကို သူ့အား ပေးသည့် အမှုအရာများ ဖြစ်ပေါ်သည့်ပုံစံ သက်သက် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်တွင် ဤအမှုကို အာဒံနှင့် ဧဝတို့အလယ် ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင်၊ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော်လည်း “မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲ စေသည်။...သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။” ဤအချိန်တွင် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်တွင် အပြစ်အလွန် ကြီးထွားလာသည့်အတွက် ယေဟောဝါသည် နောက်ထပ် လုပ်ဆောင်စရာ အမှုအသစ် ရှိခဲ့သည်။ ဤအခြေအနေများကို ထောက်ဆလျှင်၊ လူသားမျိုးနွယ် အားလုံးထဲတွင် ယေဟောဝါသည် နောဧ၏ မိသားစုကို ချမ်းသာရာရစေဖို့ ရွေးချယ်ခဲ့ပြီး၊ ထို့နောက် ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကို ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်ခဲ့သည်။ လူသားမျိုးနွယ်သည် တိုး၍တိုး၍ ဖောက်ပြန်ပျက်စီးလာလျက်၊ ဤနေ့အထိ ဤပုံစံဖြင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ တိုးတက်မှုက ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသည့် အချိန် ရောက်လာသည့်အခါတွင်၊ ယင်းသည် လူသားမျိုးနွယ်၏ အဆုံးသတ် သဘောသက်ရောက်ပေလိမ့်မည်။ အစအဦးမှ ကမ္ဘာလောက၏ အဆုံးသတ်အထိ၊ သူ့အမှု၏ အတွင်း သမ္မာတရားသည် ဤပုံစံ အမြဲ ဖြစ်ပြီးသကဲ့သို့ အမြဲ ဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရမည့် ပုံကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ လူအယောက်စီတိုင်းသည် အတန်းအစား တစ်ခုခုနှင့် သက်ဆိုင်ဖို့ အစအဦး၌ ခွဲခန့်မှတ်သားထားခံရသည်ဆိုသကဲ့သို့ ဖြစ်ဖို့ ဝေးပါသေးသည်။ ယင်းထက် အယောက်တိုင်းသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ကြုံရပြီးသည့်နောက်မှသာ တဖြည်းဖြည်း အမျိုးအစား ခွဲခံရပေသည်။ အဆုံးတွင် ပြီးပြည့်စုံသော ကယ်တင်ခြင်း ဆောင်ကြဉ်းပေး၍ မရသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ “ဘိုးဘေးများ”ထံ ပြန်သွားကြရလိမ့်မည်။ လူသားမျိုးနွယ်အလယ် ဘုရားသခင်၏ အမှုထဲမှ မည်သည့်အရာကမျှ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့်တစ်ပြိုင်နက် ပြင်ဆင်ထားနှင့်ခဲ့ပြီးဖြစ်သည် မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား လူသားမျိုးနွယ်အလယ် သူ၏ အမှုကို တစ်ဆင့်ချင်းနှင့် သာ၍ စစ်မှန်ကာ လက်တွေ့ကျသည့် ပုံစံဖြင့် ဆောင်ရွက်ခွင့်ပေးပြီးဖြစ်သည်မှာ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဥပမာအားဖြင့် ယေဟောဝါသည် မိန်းမကို သွေးဆောင်ရန် မြွေကို မဖန်ဆင်းခဲ့ပေ။ ယင်းမှာ သူ၏ တိကျသော အစီအစဉ် မဟုတ်သကဲ့သို့၊ သူ တမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာတစ်ခုလည်း မဟုတ်ခဲ့ချေ။ ဤသည်မှာ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ရနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို မည်သည့်အခါမျှ တစ်ဖန် မဖန်ဆင်းဖို့ သန္နိဋ္ဌာန်ပြုခဲ့သည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကိုသာ တွေ့ရှိကြလေသည်။ ယင်းမှာ ယခင်က ငါပြောခဲ့သည့်အတိုင်းသာ ဖြစ်သည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။” လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။