ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၁

03.07.2020

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့အကြားရှိ ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် စကားပြောသော လူသားများ ဖြစ်ကြပြီး ၎င်းတို့ပြောသော စကားများသည် လူတို့ ပြောသော စကားနှင့် အနည်းနှင့်အများ တူညီကြောင်း မြင်ရသည်။ ၎င်းတို့အားလုံးသည် စကားလည်းပြော အလုပ်လည်း လုပ်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် ပြုသောအမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် တစ်ယောက်သောသူပြောသော စကားများ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားခြင်းမပြုသင့်။ သူပြုသောအမှုနှင့် လူသားတို့ထဲတွင် ဖြစ်ထွန်းသော သူ့အမှု၏ အကျိုးသက်ရောက်မှုကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့်သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခုအဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ ဒုတိယအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန် အမှုပြုခဲ့ခြင်းမဟုတ်။ တတိယအချက်အနေဖြင့် သူကိုယ်တိုင် ပြောခဲ့သောအရာများသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ ဗျာဒိတ်ဖွင့်ပြချက်များကို သူသည် တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖွင့်ပြချက်များကို အခြားသူများ နားထောင်လျှင်လည်း နားလည်နိုင်မည် မဟုတ်။ ထိုအနည်းငယ်မျှသော အရာများကိုသာ ကြည့်ခြင်းအားဖြင့် သူပြောသောစကားများမှာ ပရောဖက်ပြုချက်များထက် မပိုကြောင်း၊ ယေဟောဝါ၏ ကိုယ်စားပြုသော အမှု၏ရှုထောင့်တစ်ခုထက် မပိုကြောင်း သက်သေပြရန် လုံလောက်ပါသည်။ သို့သော်လည်း သူသည် ယေဟောဝါကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ အစေခံဖြစ်ပြီး ယေဟောဝါ၏ အမှုထဲမှ တန်ဆာပလာတစ်ခု ဖြစ်သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါပြုသောအမှု၏ အတိုင်းအတာအတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်ပြီး သူသည် ပညတ်တော်ခေတ်ထက်ကျော်လွန်၍ အမှုပြုခဲ့ခြင်းမရှိ။ ပြောင်းပြန်အနေဖြင့်ဆိုပါက ယေရှုပြုသောအမှုမှာ ကွာခြားသည်။ သူသည် ယေဟောဝါပြုသော အမှု၏ အတိုင်းအတာထက် ကျော်လွန်ခဲ့သည်၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ကယ်တင်ရန်အတွက် ကားစင်တင်သတ်ခြင်းကို ခံခဲ့သည်။ တစ်နည်းအားဖြင့်ဆိုပါက သူသည် ယေဟောဝါပြုခဲ့သော အမှုမှအပ အမှုအသစ်ကို ပြုခဲ့သည်။ ဤအရာမှာ ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အခြားအခြေအနေတစ်ရပ်မှာ သူသည် လူသားများ မစွမ်းဆောင်နိုင်ခဲ့သည့်အရာကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူပြုခဲ့သောအမှုမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိသော အမှုဖြစ်ပြီး ထိုအမှုမှာ လူသားမျိုးနွယ်တစ်စုလုံးနှင့် သက်ဆိုင်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုပြုခဲ့ခြင်း မဟုတ်သကဲ့သို့ သူ၏အမှုမှာ အရေအတွက် အကန့်အသတ်ရှိသော လူများကို ဦးဆောင်ရန်မဟုတ်ပါ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်ကဲ့သို့ လူ့ဇာတိခံယူခဲ့ပုံ၊ ဝိညာဉ်တော်သည် ထိုအချိန်က ဗျာဒိတ်များကို မည်ကဲ့သို့ ပေးခဲ့ပုံနှင့် အမှုပြုရန်အတွက် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ်သို့ မည်ကဲ့သို့ ဆင်းကြွပုံစသည့် အကြောင်းအရာများမှာ လူသားတို့ မမြင်ရ သို့မဟုတ် ထိတွေ့မရနိုင်သည့် အကြောင်းအရာများဖြစ်သည်။ ယင်းဖြစ်ရပ်မှန်များဖြင့် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်း သက်သေပြရန်အတွက် လုံးဝ ဖြစ်နိုင်ခြေမရှိပါ။ ထိုအတွက်ကြောင့် လူသားတို့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဘုရားသခင်ပြုသောအမှုနှင့် နှုတ်ကပတ်တော်အားဖြင့်သာ ပိုင်းခြားခြင်းကိုပြုနိုင်သည်။ ဤအရာသည်သာလျှင် အစစ်အမှန်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဝိညာဉ်တော်၏ အမှုအရာများကို သင်မြင်နိုင်ခြင်းမရှိဘဲ ၎င်းတို့ကို ဘုရားသခင် ကိုယ်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်သည်၊ ဘုရားသခင် ခံယူထားသော ဇာတိခန္ဓာသည်ပင်လျှင် အလုံးစုံကို မသိနိုင်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို သူပြုခဲ့သော အမှုများအားဖြင့်သာ အတည်ပြု စစ်ဆေးနိုင်သည်။ သူပြုသောအမှုမှ ပထမအချက်အနေဖြင့် မြင်နိုင်သည်မှာ သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူတို့အား အသက်ကို ပေးနိုင်ပြီး လူတို့ လိုက်လျှောက်ရန် လမ်းခရီးကို ပြနိုင်သည်။ ဤအရာအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း အခိုင်အမာသက်သေပြရန် လုံလောက်သည်။ အနည်းဆုံးအနေဖြင့်ဆိုပါက သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ယင်းကဲ့သို့ အမှုအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲ၌ရှိကြောင်း မြင်နိုင်သည်။ လူဇာတိခံယူသော ဘုရားသခင်ပြုခဲ့သည့်အမှုမှာ အဓိကအားဖြင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုအသစ်ကို ဦးဆောင်ရန်နှင့် အခြေအနေအသစ်များကို ဖွင့်လှစ်ရန် ဖြစ်ခဲ့ပြီး ယင်းအခြေအနေ အနည်းငယ်ကိုသာ ကြည့်ခြင်းဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း အခိုင်အမာသက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များနှင့် ကွဲပြားခြားနားစေသည်။ ဟေရှာယ၊ ဒံယေလနှင့် အခြားသူများ အားလုံးသည် အလွန်ပညာတတ်သော လူတန်းစားထဲမှဖြစ်ပြီး ပညာဗဟုသုတ ကြွယ်ဝသောလူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ၏ ဦးဆောင်မှုအောက်မှ သာမန်ထက်ထူးခြားသူများ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည်လည်း ဗဟုသုတကြွယ်ဝသည်သာမက အသိဉာဏ် ကင်းမဲ့သူ မဟုတ်သော်လည်း သူ၏ လူ့သဘာဝမှာ အထူးသဖြင့် သာမန် ဖြစ်ခဲ့သည်။ သူသည် သူလိုငါလို လူသားတစ်ဦး ဖြစ်ခဲ့ပြီး သာမန်မျက်စိဖြင့် သူနှင့်ပတ်သက်သော အထူးလူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သိမြင်နိုင်မည်မဟုတ်၊ သို့မဟုတ်ပါကလည်း အခြားသူများနှင့် မတူသော သူ၏ လူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သတိပြုနိုင်မည်မဟုတ်။ သူသည် သဘာဝလွန်လူသား သို့မဟုတ် တမူထူးခြားသောလူသား လုံးဝ မဟုတ်ခဲ့သည့်အပြင် သူသည် ပို၍အဆင့်မြင့်သော ပညာရေး၊ အသိပညာ သို့မဟုတ် အယူအဆ တစ်စုံတစ်ရာကို ပိုင်ဆိုင်ခဲ့ခြင်း မရှိ။ သူပြောခဲ့သောအသက်တာနှင့် သူဦးဆောင် လျှောက်လှမ်းခဲ့သော လမ်းသည် အယူအဆအားဖြင့်၊ အသိပညာအားဖြင့်၊ ဘဝအတွေ့အကြုံအားဖြင့် သို့မဟုတ် မိသားစုက ပြုစုပျိုးထောင်ခြင်းအားဖြင့် ရရှိခဲ့ခြင်းမဟုတ်။ အမှန်မှာ ၎င်းတို့သည် ဝိညာဉ်တော်နှင့် လူ့ဇာတိခံယူသော ဇာတိခန္ဓာက တိုက်ရိုက်ပြုသောအမှုများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ကြီးမားသော အယူအဆများ ရှိကြပြီး အထူးသဖြင့် ထိုအယူအဆများမှာ မရေမရာဖြစ်ခြင်းနှင့် သဘာဝလွန်ဖြစ်ခြင်းစသည့် အလွန်များသော အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် လူသားတို့၏အမြင်တွင် လူသား အားနည်းချက်ရှိပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြုနိုင်သော သာမန်ဘုရားသခင်မှာ ဘုရားသခင် သေချာပေါက် မဟုတ်ဟူ၍ မြင်ကြသည်။ ၎င်းတို့မှာ လူသားများ၏ မှားယွင်းသောအယူအဆများ မဟုတ်သလော။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် သာမန် လူသားတစ်ဦး မဟုတ်ခဲ့ပါက သူသည် လူ့ဇာတိကို ခံယူခဲ့သည်ဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ ဇာတိခန္ဓာရှိသောလူ ဖြစ်ရန်ဆိုသည်မှာ သူလိုငါလို သာမန် လူသားတစ်ဦး ဖြစ်ခြင်းကို ဆိုလိုသည်၊ အကယ်၍ သူသည် သာမန်ထက်လွန်ကဲသော သက်ရှိတစ်ဦးဖြစ်ခဲ့ပါက သူသည် ဇာတိခန္ဓာရှိသောသူ ဖြစ်ခဲ့မည်မဟုတ်။ သူသည် ဇာတိခန္ဓာရှိသောလူ ဖြစ်ကြောင်းကို သက်သေပြရန်အတွက် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် ဇာတိခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ဤအရာမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ရိုးရှင်းစွာပြည့်စုံစေရန် ဖြစ်သည်။ သို့သော်လည်း ဤအချက်သည် ပရောဖက်များနှင့် လူသားများနှင့် မသက်ဆိုင်။ ၎င်းတို့မှာ ဆုကျေးဇူးရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရသော လူများဖြစ်ကြသည်၊ လူသားတို့၏အမြင်တွင် ထိုသူတို့၏ လူ့သဘာဝမှာ အထူးသဖြင့် ကြီးမြတ်ပြီး ထိုသူတို့သည် သာမန် လူ့သဘာဝထက် ကျော်လွန်သော အမှုအရာများစွာကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ဤအကြောင်းကြောင့် လူသားများသည် ၎င်းတို့အား ဘုရားသခင်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခု သင်တို့အားလုံး ဤအချက်ကို ရှင်းလင်းစွာ နားလည်ရန်လိုသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အတိတ်ခေတ်ကာလများမှ လူသားများအားလုံးကို အလွန်အလွယ်တကူ ရှုပ်ထွေးစေခဲ့သော အချက်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုမျှမက လူ့ဇာတိခံယူခြင်းဆိုသည်မှာ အရာခပ်သိမ်းထဲတွင် လျှို့ဝှက်နက်နဲမှုနှင့်အပြည့်နက်ဆုံးသောအရာ ဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားများ လက်ခံရန်အတွက် အလွန်အခက်အခဲဆုံး ဖြစ်သည်။ ငါပြောသောအရာမှာ သင်တို့၏ အလုပ်ကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်း သင်တို့၏သိနားလည်ခြင်းကို အထောက်အကူဖြစ်စေရန် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ရူပါရုံနှင့်သာ သက်ဆိုင်သည်။ ဤအရာအကြောင်း သင်တို့၏သိနားလည်ခြင်းသည် ရူပါရုံအကြောင်း၊ ဆိုလိုသည်မှာ စီမံခန့်ခွဲသောအမှုအကြောင်း သိရှိလာစေရန် ပို၍အထောက်အကူပြုမည်။ ဤနည်းဖြင့် သင်တို့သည် မတူညီသောလူသား အမျိုးအစားတို့ ထမ်းဆောင်သင့်သော တာဝန်အကြောင်းကို များစွာ သိနားလည်လာမည်။ ဤစကားများသည် သင်တို့ကို တိုက်ရိုက် လမ်းပြပေးခြင်း မရှိသော်လည်း ၎င်းတို့သည် သင်တို့၏ဝင်ရောက်ခြင်းအတွက် အကူအညီ အလွန်ဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သင်တို့၏အသက်တာများမှာ ရူပါရုံ ကင်းမဲ့နေပြီး ဤအရာသည် သင်တို့၏ ဝင်ရောက်ခြင်းကို သိသိသာသာ ဟန့်တားနေသောအရာ ဖြစ်လာလိမ့်မည်။ အကယ်၍ သင်တို့သည် ဤအကြောင်းအရာများကို နားလည်နိုင်စွမ်းမရှိသေးပါက သင်တို့၏ဝင်ရောက်ခြင်းကို တွန်းအားပေး လှုံ့ဆော်ပေးသော အရာ ရှိလိမ့်မည်မဟုတ်။ ထို့အပြင် ယင်းကဲ့သို့ လိုက်လျှောက်အသက်ရှင်မှုသည် သင်တို့၏တာဝန်ကို အဘယ်သို့ အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်နိုင်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။