ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၀

20.07.2020

ဘုရားသခင်က ဤလူစုများအထဲ၌ မည်သည့်အမှုကို ပြီးမြောက်အောင် ဆောင်ရွက်လိမ့်မည် ဟူသည့်အကြောင်းကို သင်တို့ တွေ့မြင်ခဲ့ပြီးပြီလော။ ဘုရားသခင်က အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌ပင်လျှင် လူများသည် သူ၏ ရှေ့ဆက်ဖွင့်ဆိုချက်များကို လိုက်လျှောက်ရမည်၊ အနာဂတ်တွင် ဘုရားသခင်၏ဖွင့်ဆိုချက်များသည် ကောင်းသော ခါနန်ပြည်၌ရှိသည့် လူများ၏အသက်တာကို တိုက်ရိုက် လမ်းညွှန်မည်ဟု မိန့်ခဲ့ပါသည်။ မောရှေသည် တောထဲ၌ ရှိနေစဉ်အခါ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူများ သာယာဝပြောဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်ဘုံမှ ချပေးခဲ့သကဲ့သို့ ယနေ့တွင်လည်း ဘုရားသခင်သည် လူများ ၀၀လင်လင် စားဖို့၊ သောက်ဖို့အတွက် အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးသကဲ့သို့၊ လူများကို ပြစ်တင်ဆုံးမရန် အတွက်လည်း ကျိန်ဆိုခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ပေးနေတုန်းပင် ဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ ဖော်ဆောင်မှုပင် ဖြစ်သည်။ ယနေ့ လူများက ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို မျှော်လင့်တောင့်တကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို မြင်ချင်ကြသည်၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ စစ်မှန်လာသည့်အတွက်ကြောင့် ထိုသို့သောလူများ အားလုံးသည် ပစ်ပယ်ခြင်း ခံရနိုင်ပါသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာခဲ့ပြီး ဖြစ်သည် ဆိုခြင်းကို မည်သူမျှ မသိကြပါ။ ဘုရားသခင်သည် သူတို့အတွက် အစားအစာများနှင့် အာဟာရဖြစ်စေသော အရာများကို ကောင်းကင်ပေါ်မှ ချပေးနေသည် ဆိုခြင်းအား သူတို့ ယခုထိ သတိမမူမိကြသေးပါ။ တကယ်တမ်းတွင် ဘုရားသခင်သည် အမှန်တကယ် တည်ရှိပါသည်၊ ထို့အပြင် လူများ မြင်ယောင်နေသော အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် နွေးထွေးသော မြင်ကွင်းများသည်လည်း ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဆိုချက်များ ဖြစ်သည်။ ဤအရာသည် အမှန်တရားဖြစ်ပြီး ဤအရာသာလျှင် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်နှင့်အတူ အုပ်စိုးခြင်းဖြစ်သည်။ လောကပေါ်တွင် ဘုရားသခင်နှင့် အတူအုပ်စိုးခြင်း ဆိုသည်မှာ လူ့ဇာတိကို ရည်ညွှန်းခြင်း ဖြစ်သည်။ လူ့ဇာတိနှင့် မဟုတ်သော သူများသည် ကမ္ဘာကြီးပေါ်ကသူများ မဟုတ်သည့်အတွက် တတိယကောင်းကင်ဘုံကို တက်ရန် အာရုံထားနေသော ထိုလူများသည် အကျိုးမဲ့သက်သက် ဤကဲ့သို့ ပြုနေကြခြင်းဖြစ်သည်။ တစ်နေ့ စကြဝဠာတစ်ဝှမ်းလုံး ဘုရားသခင်ထံ ပြန်လာသောအခါ အာကာသ အနှံ့အပြားမှ ဘုရားသခင်အမှု၏ ဗဟိုချက်သည် ဘုရားသခင်၏ အသံနောက်ကို လိုက်လာမည်၊ အခြားတစ်နေရာရာတွင်တော့ ဘုရားသခင်၏ ဖွင့်ဆိုချက်များကို ရရှိဖို့ အချို့လူများက ဖုန်းခေါ်ကြမည်၊ အချို့ လူများက လေယာဉ်ပျံ စီးနင်းကြမည်၊ အချို့က လှေကိုစီးပြီး ပင်လယ်ကို ဖြတ်ကူးကြမည်၊ အချို့သည် လေဆာကို အသုံးပြုကြမည်။ လူတိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ လူတိုင်းသည် ဘုရားသခင် အနားကို ချဉ်းကပ်လာကြမည်။ ပြီးလျှင် ဘုရားသခင်ထံ စုရုံးလာကြမည်။ ပြီးလျှင် အားလုံးသည် ဘုရားသခင်ကို ၀တ်ပြုကြမည်။ ထိုအရာများ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်မည်။ ဤအရာကို သတိရပါ။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ကြိမ် မည်သည့်အခါမျှ စတင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြည့်စုံစေမည် ဖြစ်သည်၊ စကြဝဠာ တစ်လျှောက်လုံး၌ ရှိသော လူများကို သူ့ရှေ့မှောက်သို့ ပြန်လာစေမည်။ ပြီးလျှင် ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေမည်။ အခြားနေရာများ၌ ရှိသော သူ၏ အမှုသည် ရပ်တန့်သွားမည်ဖြစ်ပြီး လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဤအရာသည် ယောသပ်ကဲ့သို့ပင် ဖြစ်လိမ့်မည်။ လူတိုင်းသည် အစားအစာကိုရဖို့ သူ့ထံလာကြသည်၊ ပြီးလျှင် သူ့ရှေ့၌ ဦးညွှတ်ကြသည်၊ အဘယ့်ကြောင့်ဆိုလျှင် သူ၌ အစားအစာရှိသောကြောင့် ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းလွတ်ဖို့ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။ ဘာသာရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ် ခေါင်းပါးခြင်းဒဏ်ကို ခံနေရပြီး ယနေ့ကာလ၏ ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်စမ်းရေတွင်း ဖြစ်ကာ လူများကို ဝမ်းမြောက်ခြင်းများ ထောက်ပံ့ပေးနေပြီး ရေမပြတ်သော စမ်းရေတွင်းကိုလည်း ပိုင်ဆိုင်ထားသည်။ လူများသည် သူ့ထံလာပြီး သူ့ကို မှီခိုကြလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်မှ သူ၏ လုပ်ဆောင်ချက်များကို ဖော်ပြမည့် အချိန်မှာ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်၊ စကြဝဠာ တစ်လျှောက်မှ လူများအားလုံးသည် ဤသာမည “လူသား” ကို ၀တ်ပြုကိုးကွယ် ကြလိမ့်မည်။ ဤအရာသည် ဘုရားသခင် ဘုန်းတော်၏ နေ့ရက်ပင် မဟုတ်ပေလော။ တစ်နေ့ အသက်ကြီးသော သင်းအုပ်ဆရာများက အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေဖို့ ကြေးနန်းများ ပို့ကြမည်။ သူတို့သည် အသက်အရွယ်ကြီးရင့် လာကြလိမ့်မည်၊ သို့သော် သူတို့ အထင်အမြင်သေးခဲ့သော လူသားကို ၀တ်ပြုကိုးကွယ်ဖို့ လာကြလိမ့်မည်။ သူတို့ နှုတ်များက ဝန်ခံကြလိမ့်မည်၊ သူတို့ နှလုံးသားများသည် ယုံကြည်လာကြမည်။ ထိုသို့ဆိုသော် ဤအရာသည် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာပင် မဟုတ်ပေလော။ နိုင်ငံတော်တစ်ဝှမ်းလုံး ၀မ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းတော်၏နေ့ရက် ဖြစ်သည်။ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းများကို ခံယူသောသူတိုင်းသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရမည်။ ဤတိုင်းနိုင်ငံများနှင့် ဤလူများသည် ဘုရားသခင်၏ ကောင်းချီးနှင့် ဂရုစိုက်ခြင်းကို ခံရလိမ့်မည်။ အနာဂတ်၏ ဦးတည်ချက်များက ဤအရာများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်မှ ဖွင့်ဆိုချက်များကို ရရှိသူများသည် လောက၌ လျှောက်လမ်းဖို့ လမ်းကို ရရှိလိမ့်မည်။ စီးပွားရေးသမားများဖြစ်စေ၊ သို့မဟုတ် သိပ္ပံပညာရှင်များဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးသူများဖြစ်စေ၊ သို့မဟုတ် စက်ရုံအလုပ်ရုံ ပိုင်ရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူသည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် အခက်အခဲများ ဖြစ်မည်ဖြစ်ပြီး မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခြင်းခံရမည်။ “သမ္မာတရားနှင့်အတူဆိုပါက လောကတစ်ခွင်လုံးကို လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး သမ္မာတရား မပါဘူးဆိုလျှင် မည်သည့် နေရာကိုမျှ ရောက်မည်မဟုတ်” ဟူသည့်အရာမှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ အမှန်တရားများမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို အမိန့်ပေးဖို့နှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အုပ်စိုး ဖို့ရန်အတွက် လမ်းခရီး (ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်အားလုံး ဖြစ်သည်) ကို အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်းထဲမှ ကြီးမားသော အလှည့်အပြောင်းများကိုသာ အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များမှတစ်ဆင့် လူများကို ထိန်းချုပ်ခြင်း ဖြစ်သည်။ သင်ဆန္ဒ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမိန့်သည့်အတိုင်းပင် လုပ်ကိုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး ဤအရာကို အားလုံး နာခံရမည်။ ထို့ကြောင့် ဤအရာသည် ရှောင်လွဲ၍မရသော အရာလည်းဖြစ်သည်၊ အားလုံးမှ သိရှိပြီးသားလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။