Christian Song - ဘုရားသခင်ကိုသိသူမှသာ ဘုရားကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်နိုင်သည်

18.04.2026

“ဘုရားကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ခြင်း” နှင့် ဘုရားကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင့်အနေဖြင့် မကောင်းမှုကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ သင်သည် ဘုရားကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ သင့်အနေဖြင့် ဘုရားကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ သင်၌ ဘုရားနှင့်ဆိုင်သည့် စစ်မှန်သော သိကျွမ်းခြင်းရှိရမည်။ သင့်အနေဖြင့် ဘုရားနှင့်ဆိုင်သည့် သိကျွမ်းခြင်း ရရှိလိုပါက ဦးစွာပထမ သင်သည် ဘုရား၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရား၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရား၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည်။

သင့်အနေဖြင့် ဘုရား၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ဘုရား၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားနှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး သူ့နှုတ်ကပတ်တော်များကို တွေ့ကြုံရန် အခွင့်အရေးများ သင်ရရှိနိုင်ရန်အလို့ငှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပြင် ပတ်ဝန်းကျင်မျိုးစုံကိုပါ စီစဉ်ဖွဲ့စည်းပေးရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ သင့်အနေဖြင့် ဘုရားသခင်နှင့်လည်းကောင်း၊ ဘုရား၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း တေ့တေ့ဆိုင်ဆိုင် ဆုံလိုပါက ဦးစွာပထမ သင်သည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် သန္နိဋ္ဌာန်၊ မကောင်းမှုကို ရှောင်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် လိုအင်ဆန္ဒကို ပိုင်ဆိုင်ထားရမည်။... ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍စင်ကြယ်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်ကို သင်သိကျွမ်းလာသည်နှင့်အမျှ တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပကာ အရောင်လက်လာလိမ့်မည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။