Christian Dance (ဖန်ဆင်းခံ သတ္တဝါအားလုံး၏ အသက်သည် ဘုရားသခင်ဆီမှ လာသည်) ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
16.01.2026
၁
ဘုရားသခင်က လူသားအပေါ် အပ်နှင်းထားသော အသက်သည် မကုန်ခမ်းနိုင်သည့်အပြင် ရုပ်ခန္ဓာ၊ အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ခြင်းမှ ကင်းလွတ်သည်။ ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ လူ့အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူများစွာက မယုံကြည်ကြသော်ငြားလည်း ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်ခံစားနေကြပေသည်။ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။
၂
ဘုရားသခင်သည် သက်ရှိ၊ သက်မဲ့အရာအားလုံးကို ပံ့ပိုးပေးရန်အတွက် သူ၏ အသက်ကို အသုံးပြုပြီး သူ၏ တန်ခိုးနှင့် ဩဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေသည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့် အဖြစ်မှန်တစ်ခုဖြစ်ပြီး ဤသဘောပေါက်နားလည်နိုင်ခြင်း မရှိသော အဖြစ်မှန်များသည် ဘုရားသခင်၏ အသက်စွမ်းအား၏ တကယ့် သရုပ်သကန်နှင့် သက်သေသာဓကပင်ဖြစ်သည်။ ယခုသင့်ကို လျှို့ဝှက်ချက်တစ်ခု ငါပြောပြမည်၊ ဘုရားသခင်အသက်၏ ကြီးမြတ်ခြင်းနှင့် သူ့အသက်၏ တန်ခိုးကို မည်သည့်ဖန်ဆင်းခံကမျှ ဉာဏ်မမီနိုင်ပေ။ ယခုအခါ၌လည်း ဤသို့ပင် ဖြစ်၏။ အတိတ်ကာလ၌ ဤသို့ ဖြစ်ခဲ့၏။ နောင်လာမည့် ကာလ၌လည်း ဤသို့ပင် ဖြစ်မည်။
၃
ငါပြောပြမည့် ဒုတိယလျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်။ သတ္တဝါအားလုံးအတွက် အသက်အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် သက်ရှိပုံသဏ္ဌာန်၊ သို့မဟုတ် တည်ဆောက်ပုံအရ မည်သို့ ကွဲပြားနိုင်ပါစေ၊ သင်က မည်သည့်သက်ရှိအမျိုးအစားဖြစ်ပါစေ မည်သည့်သတ္တဝါကမျှ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို မဆန့်ကျင်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ လူသားအနေဖြင့် အောက်ပါအချက်ကို နားလည်ရန်သာ ငါအလိုရှိသည်။ ဘုရားသခင်၏ စောင့်ရှောက်မှု၊ ကွယ်ကာမှုနှင့် ထောက်ပံ့ပေးမှုတို့ မရှိပါက လူသားသည် မည်မျှပင် ဝီရိယရှိရှိ ကြိုးစားစေကာမူ၊ မည်မျှပင် အားသွန်ခွန်စိုက် ရုန်းကန်စေကာမူ သူရရှိရန် ရည်ရွယ်ထားသမျှ အရာအားလုံးကို မရနိုင်ပေ။ ဘုရားသခင်ထံမှ အသက်ထောက်ပံ့ပေးခြင်း မရှိပါက လူသားသည် အသက်ရှင်ခြင်း၏ တန်ဖိုးနှင့် အသက်၏အဓိပ္ပာယ်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ