Christian Dance (ဘုရားသခင်အတွက် ကျွန်ုပ်၏အချစ်သည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်)
20.06.2025
၁
တစ်ဘဝလုံး အခက်အခဲကြုံရ၊ မိုးနှင့်လေနှင့်ကြား လေလွင့်နေ၊
သူခံစားရသော ဒုက္ခများကို မည်သူသိရှိသနည်း။
နှိမ့်ချသော ဇာတိပကတိတွင် စိတ်ရှည်စွာ သူအလုပ်လုပ်သော်လည်း
လူသား၏အချစ်ကို ရရှိရန် ခက်ခဲပေသည်။
သူပြောသင့်သော စကားများအားလုံး ပြောဆိုပြီး သူ့စိတ်နှလုံး အစိတ်စိတ်အမွှာမွှာဖြစ်အောင် စိုးရိမ်၊
လူသားကို ကယ်တင်ရန် များစွာသော ဆယ်စုနှစ်များတစ်လျှောက် အလွန်အကြူး အလုပ်လုပ်လေသည်။
ဘုရားသခင်၏ စိတ်နှလုံးကို အနည်းငယ် နှစ်သိမ့်ပေးနိုင်ရန်ဘုရားသခင်၏ စိတ်နှလုံး၊
ဘုရားသခင်၏ အချစ်တို့ကို လူတို့က မည်သည့်အချိန်တွင် ဧကန်အမှန် နားလည်မည်နည်း။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏စိတ်နှလုံးကို သိမ်းပိုက်သည်၊
ကျွန်ုပ်သည် အဆုံးတိုင် ဘုရားသခင်နောက် ခိုင်မြဲစွာ လိုက်လျှောက်မည်။
ကျွန်ုပ် သစ္စာဆိုပါသည်၊
ကျွန်ုပ်အသက်ရှိနေသရွေ့ ဘုရားသခင်အပေါ် သစ္စာစောင့်သိမည်ဖြစ်သည်။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကျွန်ုပ်သည် သမ္မာတရားကို နားလည်ပြီး
မိမိကိုယ်မိမိ မည်သို့ကျင့်ကြံပြုမူရမည်ကို သိရှိသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကျွန်ုပ်သည် အရာခပ်သိမ်းကို ရှင်းလင်းစွာ တွေ့မြင်သည်၊
သမ္မာတရားတစ်ခုတည်းသာ အဖိုးအတန်ဆုံးဖြစ်သည်။
စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများ မည်မျှကြီးမားပါစေ
သမ္မာတရားကို ရရှိရန်သာ ကျွန်ုပ် ဆန္ဒရှိသည်။
ဘုရားသခင်ကို ချစ်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးသောအရာဖြစ်သည်။
ကျွန်ုပ်သည် ဘုရားသခင်ကို သက်သေခံရန်နှင့် သူ၏ဘုန်းတော်ကို ထင်ရှာစေရန်
မိမိ၏တာဝန်တွင် သစ္စာစောင့်သိမှုကို ဆက်ကပ်ပြီး နောက်ဆုံးဒုက္ခကို လိုလိုလားလား ခံမည်ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို သန့်စင်ပေးသည်၊
သူ့အချစ်ကို ပြန်ပေးဆပ်ရန် ကျွန်ုပ်အသက်ဖြင့် ကျိန်ဆိုလေသည်။
ကျွန်ုပ်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ပါသည်၊
ဘုရားသခင်အတွက် ကျွန်ုပ်၏အချစ်သည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ချေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ