Myanmar Christian Documentary Extract From “အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” အပိုင္း (၁၅): ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတစေ ရှေ့သို့ တိုးလျက်နေခြင်း

11.09.2019

လူသားမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်ကြသော အာဒံ နှင့် ဧဝ တို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည့်အခါ ဘုရားသခင်သည် လူသားမျိုးနွယ်အား ကယ်တင်ရန် သူ၏ စီမံခန့်ခွဲမှုကို စတင်ခဲ့ပါသည်။ ထို အချိန်မှ စတင်ကာ ကိုယ်တော်သည် မရပ်မနား အမှု ပြုခဲ့ပါသည်၊ ဘုရားသခင်သည် လူသားတို့အား လမ်းပြရန် ပညတ်တရားများကို ချမှတ်ပေးခဲ့ပြီး၊ ကားစင်တင်သတ်ခြင်းကို ခံရန် သူ ကိုယ်တိုင် လူတို့ အကြားထဲ ကြွလာခဲ့ကာ လူသားမျိုးနွယ်အား ရွေးနှုတ်ခဲ့ပါသည် သာမက၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ အမှုကို ဆက်၍ ပြုကာ၊ သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို ပြည့်စုံစေလျက်ရှိသည် - “သင်တို့ နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂)။ “ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်” (ဗျာဒိတ်ကျမ်း ၂၂:၁၂)။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။