Christian Dance (ဘုရားသခင် ကယ်တင်လိုသည့် လူသားမျိုးနွယ်သည် သူ့စိတ်နှလုံးထဲတွင် အရေးပါဆုံး)

26.05.2025

ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏ စီမံခန့်ခွဲခြင်းနှင့် ဆိုင်သည့်၊

လူသားမျိုးနွယ်ကို သူ၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့်

ဤအချိန်ကို အခြားမည်သည့် အရာမဆိုထက် သာ၍ အရေးကြီးသကဲ့သို့ ယူဆသည်။

သူသည် ဤအရာတို့ကို သူ၏စိတ်နှင့်မျှသာ၊

သူ၏နှုတ်ကပတ်တော်များနှင့်မျှသာ လုပ်ဆောင်ခြင်းမဟုတ်။

ပြီးလျှင် သာမန်ကာလျှံကာ ဖြစ်သော နည်းဟန်ဖြင့် သေချာပေါက် မလုပ်ဆောင်ပေ။

သူသည် ဤအရာအားလုံးကို အစီအစဉ်တစ်ခု၊ ပန်းတိုင်တစ်ခု၊

စံနှုန်းများနှင့် သူ၏ရည်ရွယ်ချက်များတို့ဖြင့် လုပ်ဆောင်သည်။

လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားအမှုတော်နှင့် ပတ်သက်သည့် ဤအချိန်သည် ဘုရားသခင်အတွက်ရော

လူသားအတွက်ပါ ကြီးမားသော အရေးပါမှုကို ကိုင်စွဲထားသည်ကို မြင်နိုင်ပေသည်။

အမှု မည်မျှ ခက်ခဲသည်ဖြစ်စေ၊ အတားအဆီးများ မည်မျှကြီးမားသည် ဖြစ်စေ၊

လူသားများက မည်မျှ အားနည်းကြသည်ဖြစ်စေ၊

လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှ နက်ရှိုင်းသည်ဖြစ်စေ

ဤအရာထဲမှ မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။

ဘုရားသခင်သည် အစဉ်သဖြင့် အလုပ်ရှုပ်နေသည်၊

ကြီးမားသည့်အဖိုးအခကို အသုံးခံနေပြီး သူဆောင်ရွက်လိုသည့် အလုပ်ကို စီမံခန့်ခွဲနေသည်၊

သူသည် အရာရာတိုင်းကိုလည်း စီစဉ်နေပြီး သူအမှုပြုလိုသည့်

ထိုလူများအားလုံးနှင့် သူ လုပ်ဆောင်လိုသည့် အမှုအားလုံးအပေါ် သူ၏ အချုပ်အခြာအာဏာကို ကိုင်စွဲနေသည်။

ဤအရာများအားလုံးသည် မကြုံစဖူးဖြစ်၏။

ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲရန်နှင့် ကယ်တင်ရန် ဤအဓိက စီမံကိန်းကို ဆောင်ရွက်ဖို့အတွက်

ဘုရားသခင်က ဤနည်းလမ်းများကို အသုံးပြုပြီး ကြီးမားသော အဖိုးအခကို ပေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ဤအမှုအားလုံးကို ဘုရားသခင် ဆောင်ရွက်နေစဉ်တွင်

သူသည် ထိမ်ချန်ထားခြင်း လုံးဝမရှိဘဲ သူ၏ ကြီးမားသည့်အဖိုးအခ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊

သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ ပြီးလျှင် သူ့စိတ်သဘောထား၏ ရှုထောင့်တိုင်းကို

လူသားမျိုးနွယ်ထံ နည်းနည်းချင်း ဖော်ပြနေပြီး ဖွင့်ပြပေးနေပေသည်။

ဤနည်းလမ်းများဖြင့် ဖော်ပြချက်နှင့် ဖွင့်ပြခြင်းသည် မကြုံစဖူးပေ။

ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင်

ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူများမှလွဲ၍

ဘုရားသခင်နှင့် အလွန်နီးကပ်သော မည်သည့်ဖန်ဆင်းခံမျှ လုံးဝ မရှိခဲ့ဘူးပေ၊

၎င်းတို့သည် ဘုရားသခင်နှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေး ရှိလေသည်။

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူစီမံလိုပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံး ဖြစ်၏။

သူသည် ဤလူသားမျိုးနွယ်ကို အခြားအရာအားလုံးထက် တန်ဖိုးထားသည်။

သူသည် ၎င်းတို့အတွက် ကြီးမားသော အဖိုးအခ တစ်ခုကို ပေးဆပ်ခဲ့သော်လည်း၊

၎င်းတို့က သူ့ကို အဆက်မပြတ် နာကျင်စေကာ ပုန်ကန်ကြသော်လည်း သူ့ထံတွင်

ညည်းညူခြင်း သို့မဟုတ် နောင်တဟူ၍

လုံးဝ မရှိဘဲ ၎င်းတို့ကို စွန့်ခွာခြင်းဖြစ်စေ၊ ၎င်းတို့အပေါ် လက်လျှော့ခြင်းဖြစ်စေ

လုံးဝ မရှိသေးဘဲ သူ၏အမှုကို မရပ်မနား ဆက်လက် လုပ်ဆောင်လေသည်။

ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သူ၏နှုတ်ကပတ်တော်များ၏

ခေါ်ဆောင်ခြင်းဆီသို့ နိုးထကာ သူ၏နှုတ်ကပတ်တော်များအားဖြင့် တို့ထိခြင်း ခံကြရ၍

သူသည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သည်ကို သတိပြုမိကာ သူ့ထံပါးသို့ ပြန်လာသည့် နေ့ရက်အချိန်

အနှေးနှင့်အမြန်ဆိုသလို ရောက်လာမည်ကို သူ သိသောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။