Myanmar Gospel Movie - ကပ်ဘေးအချိန်ကာလအတွင်း သခင်နှင့်တွေ့ဆုံခြင်း အပိုင်း (၁)
21.04.2025
လိချန်းအန်သည် ဘာသာတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူက သခင်ယေရှုသည် ကြီးမားသော ကပ်ဘေးများပြီးနောက်တွင် မိုးတိမ်စီး၍ ကြွလာပြီး ယုံကြည်သူများကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည်ဟု အစဉ် ခိုင်မြဲစွာ ယုံကြည်ခဲ့သည်။ သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီဟု လူတို့က သက်သေခံသည်ကို သူကြားသည့်အခါ သူသည် ကြီးမားသော ကပ်ဘေးများက မရောက်သေးဟု ထင်သောကြောင့် လက်ခံဖို့ ခက်ခဲနေသည်။ သို့သော် ထို့နောက် မကြာခင်တွင် သူသည် ဗျာဒိတ်ကျမ်း၌ ပရောဖက်ပြုထားသည့် ကြီးမားသော ကပ်ဘေးများသည် အစပြုခဲ့သည်မှာ ကြာပြီဖြစ်သည်ကိုလည်းကောင်း၊ သခင်ယေရှုသည် ပေါ်ထွန်းပြီး အမှုပြုရန်အတွက် တိတ်တဆိတ်ကြွဆင်းလာသည်ကိုလည်းကောင်း စုံစမ်းစစ်ဆေးခြင်းမှတစ်ဆင့် ရှာဖွေတွေ့ရှိသည်။ သူသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်သွားပြီး ဧဝံဂေလိတရားဟောကြားခြင်းလမ်းကြောင်းကို ပြတ်သားစွာ စတင်ကာ သခင်ယေရှုပြန်ကြွလာခြင်းကို သက်သေခံရန်အတွက် နေရာဒေသများစွာသို့ ခရီးသွားသည်။ ဧဝံဂေလိဟောစဉ်တွင် သူသည် ကပ်ဘေးအမျိုးမျိုးက မကြာခဏ ဖြစ်ပေါ်လာပြီး လူများစွာတို့က ကပ်ဘေးများအလယ်တွင် ရောက်နှင့်ပြီးသားဖြစ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိရသည်။ လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို သူခံစားမိပြီး သူရင်ဆိုင်ရသည့် အန္တရာယ်များ၊ သို့မဟုတ် ဆင်းရဲဒုက္ခများက မည်သို့ဖြစ်စေ မမှုဘဲ ဆက်လက်လုပ်ဆောင်သည်...
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ