Myanmar Gospel Movie Trailer - ကပ်ဘေးအချိန်ကာလအတွင်း သခင်နှင့်တွေ့ဆုံခြင်း အပိုင်း (၂)
27.06.2025
လီချန်အန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက် နေရာတကာတွင် ဧဝံဂေလိကို အလျင်အမြန်ဟောပြီး လူအတော်များများကို ရရှိခဲ့သည်။ သို့သော် ထို့နောက်တွင် လီသည် မိမိကိုယ်ကို စတင်၍ ချီးမြှောက်ပြီး ဂုဏ်တင်လေသည်။ သူသည် ဘဝင်ခိုက်နေပြီး မိမိကိုယ်ကို ကျေနပ်နေသည့်အချိန်တွင်ပင် သူရရှိခဲ့သည့် လူသစ်များသည် သင်းအုပ်ဆရာတစ်ဦး၏ အထင်အမြင်မှားအောင် ပြုလုပ်ခံရပြီး နှောင့်ယှက်ခြင်းခံရသည်။ ပြီးလျှင် လီသည် ဘာသာရေးခေါင်းဆောင်များ၏ ရိုက်နှက်ခြင်းကို ခံရပြီး နှင်းထဲတွင် အေးခဲ၍ သေလုနီးနီးဖြစ်သည်။ ဤသည်မှာ သူ့အပေါ် ကျရောက်သော ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုနှင့် ပြုပြင်မှုဖြစ်သည်ကို သူသဘောပေါက်သွားသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းမှတစ်ဆင့် သူ၏ သဘာဝသည် မာနထောင်လွှားလွန်းသည်ကိုလည်းကောင်း၊ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည်ကိုလည်းကောင်း၊ သူသည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အလွန့်အလွန်လိုအပ်နေသည်ကိုလည်းကောင်း သိလာသည်။ နှစ်များစွာ တွေ့ကြုံပြီးနောက်တွင် လီချန်အန်းသည် ကြီးမားသောကပ်ဘေးများအလယ်တွင် သခင့်ကို ကြိုဆိုနိုင်ခြင်း၊ သူ့တာဝန်ကို ထမ်းဆောင်စဉ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို တွေ့ကြုံနိုင်ခြင်း၊ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်ခြင်းတို့သည် သူ့အပေါ် ဘုရားသခင်၏ ကြီးမားသော ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်သည်ကို လေးနက်စွာ နားလည်သည်...“ကပ်ဘေးအချိန်ကာလအတွင်း သခင်နှင့်တွေ့ဆုံခြင်း အပိုင်း (၂)” ဟူသည့် ရုပ်ရှင်ဇာတ်ကားကြီး ထုတ်လွှင့်မှုကို သင်စောင့်မျှော်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ