
Myanmar stage drama - စိတ်ရောဂါလူနာဆောင်ရှိ ကျွန်မ၏ နေ့ရက်များ
28.05.2022
လီအိကျန်းသည် ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ဧဝံဂေလိမျှဝေသည့်အတွက် တိုင်ကြားခံရပြီးနောက်တွင် နယ်ခံအစိုးရအရာရှိတစ်ယောက်က သူမအမျိုးသား ယုကျုံးမင်ကို ခြိမ်းခြောက်သည်။ သူမ၏ ယုံကြည်ခြင်းကို ဆက်၍ ကျင့်သုံးလျှင် သူမသည် အဖမ်းခံရပြီး ထောင်ကျရုံမကဘဲ သူ၏ ရွာလူကြီးအလုပ်ကို ဆုံးရှုံးရမည်ဟူ၍ ခြိမ်းခြောက်သည်။ သူမအတွက် ဥပဒေအကျိုးဆက်များကိုလည်းကောင်း၊ သူတို့အမှုပတ်မည်ကိုလည်းကောင်း ကြောက်ရွံ့ပြီး သူမ၏ ယုံကြည်ခြင်းကို အတင်းအကျပ်စွန့်လွှတ်ခိုင်းရန် မျှော်လင့်လျက်၊ ယုကျုံးမင်နှင့် သူတို့၏သားများသည် သူမ၏အလိုကို ဆန့်ကျင်လျက် သူမအား စိတ္တဇလူနာဆောင်တစ်ခုသို့ ပို့ဆောင်ခဲ့ကြသည်။ ပို၍ပင်ဆိုးသည်မှာ လူနာဆောင်မှ ဆရာဝန်များသည် မည်သည့်ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ သို့မဟုတ် စမ်းသပ်ခြင်းမျှမပြုလုပ်ဘဲ ဘုရားကို ယုံကြည်ခြင်းသက်သက်ကြောင့် သူမက စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေသည်ဟု မလျှော့တမ်းပြောဆိုကြသည်။ ၎င်းတို့သည် သူမအား နေ့စဉ် စိတ်ပိုင်းဆိုင်ရာဆေးဝါးများထိုးသွင်းပြီး ဘုရားမဲ့ဆိုင်ရာ ဝါဒဖြန့်မှုဖြင့် သူမအား လွှမ်းမိုးစေလျက် သူမအား ဘုရားကို ငြင်းပယ်သစ္စာဖောက်ရန် အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားကြသည်။ ခန္ဓာရော၊ စိတ်ပါ ထိခိုက်သော ဤလူမဆန်သည့်နှိပ်စက်မှုနှင် ရက်စက်မှုသည် လီအိကျန်းအတွက် အလွန့်အလွန် ဝေဒနာဖြစ်စေသည်။ သူမသည် အဆုံးတွင် သူမ၏ ယုံကြည်မှု၌ ခိုင်မာစွာနေသလော။ သိရှိရန်အတွက် စိတ်ရောဂါလူနာဆောင်ရှိ ကျွန်မ၏ နေ့ရက်များကို ကြည့်ရှုပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ