Myanmar Movie - ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကျွန်တော်တို့ရဲ့ ဇာတ်လမ် | Christian's Testimony of Faith

18.11.2022

ရန်ရီသည် အသင်းတော်ခေါင်းဆောင်ဖြစ်သည်။ စီစီပီ၏ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုလုပ်ငန်းစဉ်တစ်ခုတွင် အဖမ်းခံခဲ့ရပြီး ထောင်ဆယ်နှစ်အချခံခဲ့ရသည်။ တင်းကျပ်စွာ စောင့်ကြည့်မှုနှင့် ထောင်စောင့်များ၏ ကျွန်ကဲ့သို့ ပင်ပန်းစွာ အလုပ်လုပ်ရန် သတ်မှတ်ချက်များအောက်တွင် သူသည် စိတ်ဆင်းရဲပြီး စိတ်ဒုက္ခရောက်ရသည်။ ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှုကို သူတောင့်တသည်။ တစ်နေ့တွင် သူ၏ ညီအစ်ကိုမောင်နှမများသည် ထောင်တွင်ရှိသော သူ့ထံသို့ အရဲစွန့်၍ လာရောက်တွေ့ဆုံကြသည်။ သူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ကူးရေးထားသောစာတစ်စောင်ကို သူ့ဆီသို့ လျှို့ဝှက်ပြီး ပေးလိုက်သည်။ ရန်ရီသည် ဘုရားနှုတ်ကပတ်တော်များကို ဆာငတ်စွာ ဖတ်သောအခါ သူသည် အလွန်ပင် ခွန်အားရခဲ့သည်။ သူ၏ နာကျင်မှု၊ အပျက်သဘောဆောင်မှုမှ လွတ်မြောက်လာသည်။ စီစီပီ၏ ခရစ်ယာန်များအပေါ် ဖိနှိပ်မှု၊ နှိပ်ကွပ်မှုက ပိုပြီး ပျင်းထန်လာသည်နှင့် အမျှ သူနှင့်အတူ ထောင်ကျခံရသော ညီအစ်ကိုများ ပိုပို၍ များလာသည်။ ထိုသူများထဲမှ အချို့က သူတို့ခံရသော ညှင်းပန်းမှုကြောင့် နာမကျန်းဖြစ်ပြီး အပျက်သဘောဆောင်ကြကာ အချို့မှာမူ ဘုရားကို ငြင်းပယ်ရန်အတွက် “စာသုံးစောင်”ကို ရေးရန် ထောင်စောင့်များ၏ အတင်းတိုက်တွန်းခြင်းကို ခံရသည်၊ ဤအတွက် သူတို့သည် နောင်တရပြီး မိမိကိုယ်ကိုအပြစ်တင်ကြသည်ကို ရန်ရီက မြင်တွေ့ရသည်။ ဤသို့ မြင်တွေ့ပြီးနောက်တွင် ရန်ရီသည် သူ၏ညီအစ်ကိုများကို ကူညီပံ့ပိုးရန် အခွင့်အလမ်းများကို ရှာဖွေသည်။ သူသည် ဘုရားနှုတ်ကပတ်တော်များကို သူတို့ထံသို့ လက်ဆင့်ကမ်းပေးသည်။ ဘုရားနှုတ်ကပတ်တော်ကို သူ၏ ညီအစ်ကိုများဖတ်ရသောအခါ ဝိညာဉ်ရေးရာ အထောက်အပံ့ကို ရရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များသည် အလွန်ပင် တန်ဖိုးရှိသည်ဟု သူတို့အားလုံးက ခံစားကြရသည်။ ထို့ကြောင့် သူတို့သည် သူတို့မှတ်မိသော ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ရေးချပြီး အချင်းချင်းမျှဝေကြရန် အလိုအလျောက်ဆုံးဖြတ်မိကြသည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရသော ညီအစ်ကိုများ ပိုပို၍ များလာသည်။ သို့ရာတွင် ထောင်စောင့်များ၏ စောင့်ကြည့်မှုနှင့် သူလျှိုများ၏ တိုင်ကြားမှုကြောင့် ရန်ရီ၏ ညီအစ်ကိုများသည် ဘုရားနှုတ်ကပတ်တော်များ ရှိနေသည်ကို ဆက်တိုက် ရှာဖွေတွေ့ရှိခြင်းခံရသည်။ ထို့နောက်တွင် အစောင့်များ၏ အလွန်အကျွံ တင်းကြပ်စွာစောင့်ကြည့်မှုအောက်၌ သူတို့ကို ထားရှိသည်။ စစ်ဆေးမေးမြန်းခြင်း၊ နှိပ်စက်ခြင်းကို ခံရသည်။ ထို့နောက်တွင် ထောင်တွင်းရှိ နေရာတစ်ခုစီတိုင်းတွင် အကျယ်တဝင့် ရှာဖွေခြင်းပြုလုပ်သည်။ ဤအရေးကြီးသော အခြေအနေအလယ်တွင် ညီအစ်ကိုများက ယုံကြည်ခြင်းအပေါ် ကြီးမားသော စမ်းသပ်မှုကို ရင်ဆိုင်ရသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။