ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၃

28.08.2020

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်၊ လူသား၌ သူ၏အမှု စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်တို့ကို သဘောပေါက်ရန်- ဤသည်မှာ ဘုရားသခင်၏ နောက်သို့ လိုက်သောလူတိုင်း ရရှိသင့်သောအရာ ဖြစ်သည်။ ယနေ့ခေတ်တွင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အသိပညာမှာ လူအားလုံး ကင်းမဲ့လျက်ရှိသည့်အရာ ဖြစ်သည်။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှသည် မျက်မှောက်ကာလအထိ၊ လူတို့အပေါ် ဘုရားသခင် ပြုပြီးသော လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ အမှုအလုံးစုံနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်- ဤအရာများသည် လူသားက မသိသကဲ့သို့ သဘောမပေါက်သော အရာများ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးလောက တစ်လျှောက်လုံးတွင် မြင်ရသည့် အားနည်းချက်ဖြစ်သည်သာမက၊ ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရပေသည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ရှုမြင်ရသည့်အချိန် ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဉာဏ်ပညာကို အမှန်တကယ် နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင် ပြုပြီးသည့် လုပ်ဆောင်ချက်များအားလုံးကို သင် ရှုမြင်ရသည့်အချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သင် သတိပြုမိသည့်အချိန်- သူ၏ ရက်ရောမှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူတို့အပေါ် သူပြုပြီးသော အရာအားလုံးကို သင် မြင်ပြီးသည့်အခါ၊ ထိုအခါတွင် သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် အောင်မြင်မှု ရှိပြီးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံကာ အလုံးစုံ အလျှံပယ်ဖြစ်သည်ဟု ဆိုရာတွင်၊ မည်သည့်ပုံစံဖြင့် သူသည် အလုံးစုံ လွှမ်းခြုံပြီး၊ မည်သည့်ပုံစံဖြင့် အလုံးစုံ အလျှံပယ် ဖြစ်သနည်း။ ဤအရာကို သင်နားမလည်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု ယူဆ၍မရနိုင်ပေ။ ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ၊ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးနှင့် တူသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ၎င်းတို့သည် မတရားသဖြင့်ပြုသောသူများ ဖြစ်သည်ဟု ငါပြောသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ သူ၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ၎င်းတို့အား မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် မျက်မမြင်များ ဖြစ်ကြလေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ မမြင်နိုင်ကြချေ၊ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရကြပြီးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ လုံးဝ ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ အမှု မရှိကြသူများသည် အားလုံး မတရားသဖြင့်ပြုသောသူများ ဖြစ်ကြပြီး ဘုရားသခင်၏ ရန်ဘက်များ ဖြစ်သည်။ ငါပြောသော ဘုရားသခင်၏ ရန်ဘက်များသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသော်လည်း၊ သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သော်လည်း၊ သူ့ကို မနာခံကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အကြိုက်တွေ့သော်လည်း၊ ဘုရားသခင်အဖို့ သက်သေမရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ၊ သူသည် ဘုရားသခင်၏အလိုနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားမလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော ဆန့်ကျင်မှု တည်ရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင်၊ လူတစ်ဦးက ဘုရားသခင်ကို ဆန့်ကျင်မှုပြုသည်၊ မပြုသည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို ဆန့်ကျင်သောသူ မည်သူမဆိုသည် ဘုရားသခင်အား ဆန့်ကျင်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို ဆန့်ကျင်နေကြသကဲ့သို့ မှတ်ယူခံခဲ့ရသည်။ ယေရှုကို ဆန့်ကျင်သူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနာခံသောသူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏- ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားခံကြရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။