တစ်ကမ္ဘာလုံးဆိုင်ရာ တရုတ်စာလေ့လာသူများ | ရွတ်ဆိုခြင်း နှင့် သံစုံကျူးအေးခြင်း- ဘုရားသခင်၏ စိတ်နှလုံးထက် သာ၍ကောင်းမြတ်သော စိတ်နှလုံးဟူ၍ မရှိချေ | ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
18.01.2026
၁
ဘုရားသခင်ကို ချစ်ရန် ရွေးချယ်ခဲ့သည်ဖြစ်ရာ
ကိုယ်တော်အလိုရှိသမျှကို ရုပ်သိမ်းယူဆောင်သွားခွင့် ပြုလိုက်မည်။
ဝမ်းနည်းမှု အနည်းငယ်မျှ ရှိသော်လည်း၊ ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။
ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ဖြစ်၍
လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံထိုက်၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၍
ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပာယ်ကောက်လွဲခြင်း မပြုရ။
မိမိကိုယ်ကို မကြာခဏ ဆင်ခြင်သုံးသပ်သောအခါ အလွန်အမင်း မစင်ကြယ်မှုတို့ကို တွေ့ရှိရ၏။
သမ္မာတရားကို ကျွန်ုပ် မလိုက်စားလျှင် ကျွန်ုပ်၏ စိတ်သဘောထား မပြောင်းလဲနိုင်။
နာကျင်မှုများစွာကို ခံစားခဲ့ရသော်လည်း
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားရခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်၏။
ဆင်းရဲဒုက္ခအားဖြင့် ကျွန်ုပ်သည် ကျိုးနွံနာခံခြင်းကို သင်ယူရ၏။
ဘုရားသခင်၏ စိတ်နှလုံးထက် သာ၍ကောင်းမြတ်သော စိတ်နှလုံးဟူ၍ မရှိချေ။
၂
နေ့နှင့် ည ဘုရားသခင်နှင့်အတူ၊
ဘုရားသခင် အဘယ်မျှ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ် သတိပြုမိ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည်
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သရုပ်မှန်ကို ပြသ၏။
ဘုရားသခင်၏ စိစစ်တော်မူခြင်းကို လက်ခံသောအခါ ကျွန်ုပ်သည် အလွန်ပုန်ကန်သူဖြစ်ကြောင်း ထင်ရှား၏။
မိတ်သဟာယဖွဲ့ခြင်းအတွက် ကျွန်ုပ်၏ စိတ်နှလုံးကို ဖွင့်ကာ သမ္မာတရားကို ရှင်းလင်းစွာ နားလည်သည်။
ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိမည်ကို တွေးမိသောအခါ
ကျွန်ုပ်သည် တုန်လှုပ်လျက် အလွန်အမင်း ကြောက်ရွံ့မိ၏။
နောက်တစ်ဖန် မပုန်ကန်ရန်နှင့် ကိုယ်တော်၏ စိတ်နှလုံးတော်ကို မထိခိုက်စေရန်
မိမိကိုယ်ကို သတိပေး၏။
ဘုရားသခင်ကို ချစ်ဖို့ ကျွန်ုပ် ရွေးချယ်ခဲ့သော်လည်း ကျွန်ုပ်၌ ကိုယ်ပိုင်အယူအဆများ ရောနှောလျက်ရှိ၏။
ပေတရုကဲ့သို့သော စိတ်ဓာတ်ကို ရရှိ၍ တိုးတက်မှုရှိစေရန် ကျွန်ုပ် ကြိုးပမ်းရမည်။
ကျွန်ုပ်၏ ချစ်ခြင်းကို ဘုရားသခင် မည်သို့ သဘောထားပါစေ၊
ကျွန်ုပ်၏ တစ်ခုတည်းသော စိတ်ဆန္ဒက ကိုယ်တော့်ကို စိတ်ကျေနပ်ဖို့ပင်။
နာကျင်မှုများစွာကို ခံစားခဲ့ရသော်လည်း
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားရခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်၏။
ဆင်းရဲဒုက္ခအားဖြင့် ကျွန်ုပ်သည် ကျိုးနွံနာခံခြင်းကို သင်ယူရ၏။
ဘုရားသခင်၏ စိတ်နှလုံးထက် သာ၍ကောင်းမြတ်သော စိတ်နှလုံးဟူ၍ မရှိချေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ