Myanmar Gospel Choir Song "ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ"

15.04.2024

ဘုရားသခင်၏ ရောက်ရှိခြင်းကို မည်သူမျှ သတိမထားမိကြ၊

ဘုရားသခင်၏ ရောက်ရှိခြင်းကို မည်သူမျှမကြိုဆိုကြသကဲ့သို့၊

ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ၊

ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ။

လူ၏အသက်တာသည် ယခင်ကဲ့သို့ ဆက်လက်ရှင်သန်သည်

သူ့စိတ်နှလုံးသည် မပြောင်းလဲသကဲ့သို့၊ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်လေသည်။

ဘုရားသခင်သည် ငါတို့ အလယ်တွင် အခြားလူများကဲ့သို့ လူတစ်ဦးအဖြစ်၊

နောက်လိုက်များထဲမှ အရေးမပါဆုံးသော သူတစ်ဦးနှင့်

သာမန် ယုံကြည်သူတစ်ဦးအဖြစ် အသက်ရှင်သည်။

သူသည် သူ၏ ကိုယ်ပိုင်လိုက်စားမှုများ၊ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိသည့်အပြင်၊

သာမန်လူများက မပိုင်ဆိုင်သည့် ဘုရားသဘောသဘာဝ ရှိသည်။

သူ၏ ဘုရားသဘောသဘာဝ တည်ရှိခြင်းကို မည်သူမျှ သတိမပြုမိသကဲ့သို့၊

သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့ကြား ခြားနားမှုကို မည်သူကမျှ မသိမြင်လေပြီ။

ငါတို့၏အမြင်၌ သူသည် မထူးခြားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သည့်အတွက်

ငါတို့သည် ချုပ်တည်းခြင်း မရှိသကဲ့သို့ စိုးရွံ့ခြင်းမရှိဘဲ၊

သူနှင့်အတူ အသက်ရှင်ကြလေသည်။

သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး၊

ငါတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးသည် သူ၏ ရှေ့တွင် ဖွင့်ချထားလေသည်။

သူ၏တည်ရှိမှုကို မည်သူမျှ စိတ်မဝင်စားကြ၊

သူ၏ အလုပ်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မည်သူမျှ စိတ်မကူးကြည့်ကြသကဲ့သို့၊

ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သူမျှ ရေးရေးမျှ သံသယမဖြစ်ကြပေ။

ငါတို့ လုပ်ဆောင်သည့်အရာဟူသမျှမှာ သူသည် ငါတို့နှင့် ဘာမျှ မပတ်သက်သည့်အလား၊

ငါတို့၏ လိုက်စားမှုများကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်...

လူများအကြား၌ ကွယ်ဝှက်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား

လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။

သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။

နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည်

အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊

သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည်

ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ-

အားလုံးသည် လူသားအပေါ် ကရုဏာတရားကို ပေးအပ်ပြီး

သူ့အထဲတွင် ကြောက်ရွံ့ခြင်းကို သွတ်သွင်းပေးသည်။

သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့်

လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။

သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊

ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊

ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊

မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။

ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည်

ငါတို့ကို ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့်

အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။

ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ကြုံရသည်၊ မရေတွက်နိုင်သော ဆုံးမခြင်းများကို ခံရပြီး၊

သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။

ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊

သူ၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊

ဘုရားသခင်၏ ကြီးမားသော တန်ခိုးအာဏာနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုလာကြသည်၊

ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ကြရပြီး၊

လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း ရှုမြင်ကြရသည်။

ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊

ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊

ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝ အနှစ်သာရကို သိလာကြသည်၊

ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။

ထိုအခိုက်အတန့်မှစ၍၊ ငါတို့၏စိတ်များသည် သတိရှိလာပြီဖြစ်သကဲ့သို့၊

ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။

ငါတို့အလယ်၌ အသက်ရှင်ပြီး၊

ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာကတည်းက

ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် ဤလူသည်- နိုးနေသည်ဖြစ်စေ၊

အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး၊

နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။

သူဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။

သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။

သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။

သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။

သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး၊ အလင်းကို တွေ့မြင်နိုင်စေကာ

ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။

ငါတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊

ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊

သူ၏မျက်နှာထားကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့၊

ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။