တစ်ကမ္ဘာလုံးဆိုင်ရာ တရုတ်စာလေ့လာသူများ | သံစုံကျူးအေးခြင်း- ဘုရားသခင်၌သာ အသက်၏ လမ်းခရီးရှိ | 2026 “ချီးမွမ်းခြင်း၏ အသံများ”

15.01.2026

အသက်၏ လမ်းခရီးသည် မည်သည့်လူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ လူတိုင်း အလွယ်တကူ ရရှိနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာကို ဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်စွမ်းအားပါရှိသော အမှုတော်များစွာကို ပြုတော်မူခဲ့ပြီး လူသားထံ အသက်ကို ဆောင်ကြဉ်းပေးသည့် အမှုများစွာကိုလည်း လုပ်ဆောင်တော်မူခဲ့ကာ လူသားက အသက်ကို ရရှိနိုင်ရန်အလို့ငှာ ကြီးမားသော အဖိုးအခကိုလည်း ပေးဆပ်ခဲ့ပြီ ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားအနေဖြင့် ရှင်ပြန်ထမြောက်နိုင်သည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။

ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူတို့အလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ တွန်းအား၊ လူသားရှင်သန်မှု၏ အရင်းအမြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ရှင်သန်ရပ်တည်မှုအတွက် ကြွယ်ဝသော အရင်းအမြစ်ဖြစ်သည်။ သူသည် လူတို့ကို ပြန်လည်မွေးဖွားစေနိုင်ပြီး ၎င်းတို့ကို ၎င်းတို့၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားပေါ် အမှီပြု၍ လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ထိုစဉ်တွင် ဘုရားအသက်၏ တန်ခိုးကို လူသားတို့ကြားထဲတွင် တစ်သမတ်တည်း ထောက်ပံ့ပေးနေခဲ့ကာ ဘုရားသခင်သည် မည်သည့်သာမန်လူတစ်ဦးမျှ မပေးဆပ်ခဲ့ဖူးသည့် အဖိုးအခကို ပေးခဲ့လေပြီ။

ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ မည်သည့်တန်ခိုးထက်မဆို ပို၍ပင် သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ သူ၏ အသက်အင်အားကို မည်သည့် ဖန်ဆင်းခံ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ တောက်ပသောရောင်ခြည်ဖြင့် ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ဧရာမ ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ အရာခပ်သိမ်းတို့သည် မတည်သော်လည်း ဘုရားသခင်၏ အသက်သည် တည်ရှိဆဲဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ရှင်သန်မှု အရင်းအမြစ်ဖြစ်ပြီး ရှင်သန်မှုအတွက် အရာခပ်သိမ်း မှီခိုအားထားရာ အခြေခံဖြစ်သောကြောင့်တည်း။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။