Christian Dance (ဘုရားသခင်သာ အကောင်းဆုံးဖြစ်ပေ)

26.05.2025

ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံး သမ္မာတရားဖြစ်ပေ၊

ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သမျှ ဖြောင့်မတ်ပေ။

သူ့ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံသည့်အခါ၊

သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်သည်။

ကျွန်ုပ်တို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုသည့်အတွက်၊

ဘုရားသခင်၏ တရားစီရင်ခြင်းကို သာ၍ပင် ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်သည်။

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်စေခြင်း ခံရပြီးသည့်အခါမှသာ

ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အထမြောက်အောင် လုပ်ဆောင်နိုင်သည်။

ဘုရားသခင်ကို ကိုးစားရင်းနှင့် သမ္မာတရားကို

လက်တွေ့လုပ်ဆောင်ရင်း ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ကျွန်ုပ်တို့ စွန့်လွှတ်ကြပေ။

ပေတရုကို အတုယူဖို့ ကျွန်ုပ်တို့၏ စိတ်ဆုံးဖြတ်ချက်ကို အားတင်းကာ ထူးကဲသော သက်သေခံလေ။

ကျွန်ုပ်တို့ အားရပါးရ သီဆိုကြစို့။ ဘုရားသခင်သည်သာ အကောင်းဆုံး ဖြစ်ပေ။

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းမည်။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံရင်း၊

စာတန်အားဖြင့် ကျွန်ုပ် မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို ကျွန်ုပ် မြင်လေပြီ။

ကျွန်ုပ်သည် မာနထောင်လွှား၊ စိတ်ကြီးဝင်၊ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်ပေ၊

ကျွန်ုပ်တွင် အမှန်တကယ် လူသား ပုံသဏ္ဌာန် မရှိပေ။

တရားစီရင်ခြင်းကို လက်ခံကာ မိမိကိုယ်ကို သိရှိပြီးနောက် ကျွန်ုပ် အမှန်တကယ် နောင်တရမိခဲ့။

ဘုရားသခင်၏ စိတ်နေသဘောထားသည် ပုန်ကန်ပြစ်မှားမှုကို သည်းမခံကြောင်း တွေ့ကြုံခံစားရသောအခါ

ကျွန်ုပ်သည် မိမိ၏စိတ်နှလုံးတွင် သူ့ကို ကြောက်ရွံ့။

သူ၏ ကြီးမားသော ချစ်ခြင်းမေတ္တာက သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုနောက်တွင် ကွယ်ဝှက်ထားပေ။

ဇာတိပကတိကို ပုန်ကန်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း ဘုရားသခင်နှင့်

သာ၍ပင် နီးသည်ဟု ကျွန်ုပ် ခံစားရ။

ကျွန်ုပ်တို့ အားရပါးရ သီဆိုကြစို့။ ဘုရားသခင်သည်သာ အကောင်းဆုံး ဖြစ်ပေ။

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းမည်။

ညဉ်းပန်းနှိပ်စက်မှု၊ ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများ ကျရောက်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏

ဘုန်းတော်ကို ထင်ရှားစေရန် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်။

အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ဖန်ဆင်းခံများသည်

သူ၏အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်။

ကြီးစွာသော ဆင်းရဲဒုက္ခနှင့် နာကျင်မှုကို ခံရခြင်းဖြင့် ကျွန်ုပ်တို့သည် စာတန်ကို

လုံးလုံးလျားလျား မုန်းတီးလာပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ပို၍ပင် ခံစားရ။

ကျွန်ုပ်တို့သည် စာတန်ကို အရှက်ရစေရန် မိမိတို့၏ အသက်ကို စွန့်စားရန်နှင့်

အောင်နိုင်သော သက်သေခံချက်ပေးရန် အဆင်သင့်ဖြစ်။

တစ်ခဏသာဖြစ်သော အနည်းငယ် ဒုက္ခခံရမှုကို သမ္မာတရားနှင့် အသက်အတွက် လဲလှယ်။

ဘုရားသခင် ပြောဆိုသောနှင့် လုပ်ဆောင်သော အရာခပ်သိမ်းသည် အချစ်ဖြစ်၊

ယင်းတွင် ကျွန်ုပ်တို့၏ ယုံကြည်မှုသည် ခိုင်မာပြီး သံသယနှင့်ကင်းဝေး။

ကျွန်ုပ်တို့ အားရပါးရ သီဆိုကြစို့။ ဘုရားသခင်သည်သာ အကောင်းဆုံး ဖြစ်ပေ။

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။