Christian Song - အသက်ရှင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို လူတို့ နားလည်ရမည်

27.06.2025

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်းတို့ကြောင့် မည်သည့်အရာမျှ လုံးဝကို မရှိခြင်းဖြင့် အစပြုလာခဲ့သည့် အထီးကျန်သော ဝိညာဉ်တစ်ခုသည် မိဘများနှင့် မိသားစုတစ်စုကို ရရှိသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့ အခွင့်အရေးအပြင် လူသားဘဝကို ကြုံတွေ့ဖို့နှင့် လူ့လောကတစ်လျှောက် ခရီးနှင်ဖို့ အခွင့်အရေးတို့ကို ရရှိလေ၏။ ၎င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အံ့ဩဖွယ်ရာများကို သိလာဖို့အခွင့်အရေးလည်း ရှိလာသည့်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး အရှုံးပေးအပ်နှံလာဖို့ရန် အခွင့်အရေး ရရှိပေသည်။ သို့တိုင်အောင် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် အမိအရ အသုံးမချကြပေ။ လူတို့သည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လျက် တစ်သက်တာ စွမ်းအင်များကို သုံးပစ်ကြပြီး မိမိတို့၏မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားလျက် လှုပ်ရှားရုန်းကန်ကာ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် တက်သုတ်ရိုက်၍ သွားလိုက်ပြန်လိုက်လုပ်လျက် ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးသည်။

လူတို့ တန်ဖိုးထားသည့် အရာတို့သည် မိသားစုချစ်ခြင်းမေတ္တာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ပြီး ၎င်းတို့က ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ကံခေခြင်းနှင့်ပတ်သက်၍ ညည်းညူကြသည်။ သို့တိုင်အောင် လူသားက အဘယ်ကြောင့် အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ လူ့ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည့် လူတို့ နားအလည်သင့်ဆုံးနှင့် အဆန်းစစ်သင့်ဆုံးသော ကိစ္စများကိုမူ ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဘဝသည် မည်မျှကြာရှည်ကောင်း ကြာရှည်ပါစေ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားလျက် ပြေးလွှားအလုပ်ရှုပ်ခြင်းမျှဖြင့် မိမိတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးကြသည်မှာ ၎င်းတို့၏ ပျိုမြစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည်အထိ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ၎င်းတို့ ဇရာထောင်းခြင်းမှ ရပ်တန့်ပေးနိုင်မည်မဟုတ်ကြောင်း၊ ငွေကြေးသည် ၎င်းတို့စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းတို့ကို ၎င်းတို့ သဘောပေါက်လာသည်အထိ၊ ပြီးလျှင် မည်သူကမျှ မွေးဖွားခြင်း၊ ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းတရားတို့၏ နိယာမများမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်း၊ ကံကြမ္မာ၏ စီစဉ်မှုများကို မည်သူကမျှ မရှောင်ကြောင်း ၎င်းတို့ နားလည်သည်အထိပင် ဖြစ်လေသည်

လူများသည် မကြာမီ လောကကြီးမှ နှုတ်ဆက်ထွက်ခွာရတော့မည့်အချိန်တွင် လောကကြီးတွင် ရှိသည့် အရာအားလုံးသည် လွင့်မျောနေကြောင်း၊ မူလက ၎င်းပိုင်ဆိုင်ခဲ့သည့် အရာများကို တစ်ခုမျှ ဖက်တွယ်ထားရန် ခွန်အား မရှိတော့ကြောင်း တဖြည်းဖြည်း နားလည်လာလေသည်။ ဤအချိန်၌ ၎င်းတို့သည် အမှန်တွင် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမျှ လုံးဝ မပိုင်ဆိုင်သေးသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် ၎င်းတို့က မိမိတို့၏ ဘဝတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်၊ အသက်ရှင်ခြင်း၏ တန်ဖိုးက မည်သည့်အရာဖြစ်သည်၊ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်ပြီး လူများသည် အဘယ်ကြောင့် ကမ္ဘာလောကသို့ ရောက်ရှိလာကြသည်ဟူသည်တို့ကို စတင်တွေးဆရန် လှုံ့ဆော်ခြင်း ခံရလေသည်။ ဤအချိန်သည် နောင်ဘဝ တကယ်ရှိမရှိ၊ ကောင်းကင်ဘုံက တကယ်ရှိမရှိ၊ ဒဏ်ခတ်ခံရခြင်း တကယ်ရှိမရှိ ဆိုသည်တို့ကို ပိုပြီးသိချင်လာသည့်အချိန် အတိအကျပင် ဖြစ်လေသည်။...

တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ဤကမ္ဘာထဲသို့ ဝင်ရောက်သည့်အခါတွင် လူသားများသည် မည်သည့်နေရာမှ လာသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်ကိုလည်းကောင်း၊ လူသားကံကြမ္မာအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်းကောင်း၊ လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး ယင်းအပေါ် အဘယ်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည်ကိုလည်းကောင်း သဘောပေါက်သည်။ ဤနားလည်မှုသည် လူတစ်ဦး အသက်ရှင်သည့် အရင်းအနှီး ဖြစ်ပြီး လူတစ်ဦး၏ ရှင်သန်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ လူတို့အနေဖြင့် ၎င်းတို့၏ ဘဝများကို အသုံးချပြီး ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခဲ့သည့် ရှင်သန်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က အလျှံပယ်သော ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများ ပိုင်ဆိုင်ရန် ၎င်းတို့အား ထောက်ကူပေးသော်လည်း ထိုကျွမ်းကျင်မှုများသည် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ စစ်မှန်သော နှစ်သိမ့်မှုနှင့် တည်ငြိမ်ခြင်းတို့ကို ဘယ်သောအခါမှ မဆောင်ကြဉ်းပေ။ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတို့ကို တစ်ခုပြီးတစ်ခု လွဲချော်စေလေသည်။ ပြီးလျှင် ယင်းတို့က သေခြင်းတရားကို မည်သို့ မှန်ကန်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ လူတို့ထံ အုံ့ပုန်းပူဆွေးသောကတစ်ခုကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် လူတို့၏ ဘဝများ ပျက်စီးရလေသည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။