Myanmar Movie - ခရစ်ယာန်များကို တရုတ်အစိုးရ၏ ဖိနှိပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှု မချေပနိုင်အောင် ခိုင်လုံသည့် သက်သေ

19.03.2024

ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ဘုရားသခင်ကို အရူးအမူး ဆက်လက်အတိုက်အခံလုပ်ကာ သူ့အတွက် ရန်သူဖြစ်ခဲ့သည်။ သူတို့သည် ခရစ်ယာန်နှင့် ကက်သလစ်အယူဝါဒတို့ကို “အစွန်းရောက်ဂိုဏ်းများ”အဖြစ် တံဆိပ်ခတ်ခဲ့ရုံမက သမ္မာကျမ်းစာကိုလည်း အစွန်းရောက်ဂိုဏ်းစာပေအဖြစ် သတ်မှတ်ကာ မရေမတွက်နိုင်သည့် ကျမ်းစာအုပ်များကို သိမ်းယူကာ ဖျက်ဆီးခဲ့သည်။ ခရစ်ယာန်များကိုလည်း အကြောင်းမဲ့ ထိန်းသိမ်းကြပြီး ယင်းက ယုံကြည်သူ တစ်သန်းကျော်ကို ဖမ်းဆီး၊ ထောင်ချမှုများ ဖြစ်စေခဲ့သည်။ သူတို့ထဲတွင် အနည်းဆုံး လူအယောက် ၁၀၀၀၀ ကျော်သည် သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စက်ကာ ကယ်တင်ရန် သမ္မာတရားအားလုံးကို ဖော်ပြလျက် တရုတ်နိုင်ငံတွင် ပေါ်ထွန်းပြီး စတင်အမှုပြုခဲ့သည်။ စီစီပီသည် လူတို့က ဘုရားသခင်၏ အသံတော်ကို ကြားကာ သူ့ဆီသို့ လှည့်ပြန်သွားကြမည်ကို ကြောက်လန့်သောကြောင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ချေမှုန်းသုတ်သင်ပြီး ၎င်းတို့၏ အာဏာရှင်စနစ်ကို ကာကွယ်ရန်အတွက် ခရစ်ယာန်များကို ဖိနှိပ်ခြင်းအတွက် ခိုးကြောင်ခိုးဝှက် အစီအစဉ်ရေးဆွဲပြီး၊ ထိပ်တန်း လျှို့ဝှက်မှတ်တမ်းများကို ထုတ်ပြန်ခဲ့ကာ နိုင်ငံအနှံ့ရှိ ခရစ်ယာန်များကို အရူးအမူး ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းနေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမှုဆင်ကာ သိက္ခာကျစေရန် များပြားသော အလိမ်အညာများနှင့် မမှန်သည့် အမှုများကိုလည်း လုပ်ကြံဖန်တီးခဲ့ကြသည်။ သူတို့သည် ခရစ်ယာန်များအပေါ် လူမဆန်သည့် ညှဉ်းဆဲမှု၊ ဦးနှောက်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း၊ ထောက်လှမ်းခြင်းများကို ပြုလုပ်ခဲ့ကြပြီး ခရစ်ယာန်များနှင့် ဆက်နွှယ်သည့်သူများပင်လျှင် အမှုပတ်ခံခဲ့ရကြသည်။ တာဝန်ခံမှု သို့မဟုတ် သက်ရောက်မှုတစ်ခုမျှ မရှိဘဲ ခရစ်ယာန်များကို သေသည်အထိ သူတို့ ရိုက်နှက်ခဲ့ကြသည်။ ဤအရာအားလုံးမှာ ခရစ်ယာန်များကို ချေမှုန်းသုတ်သင်ရန်နှင့် တရုတ်နိုင်ငံကို ဘုရားမရှိသည့် ဒေသတစ်ခုဖြစ်စေရန် ထင်ယောင်မှားဖြစ်စေသော ကြိုးပမ်းချက်တစ်ခု ဖြစ်သည်။ ဤဗီဒီယိုတွင် အိမ်တွင်းအသင်းတော်များရှိ ခရစ်ယာန်များအပေါ် သူတို့၏ ရက်ရက်စက်စက် နှိမ်နင်းခြင်း၊ ဖိနှိပ်ခြင်းတို့နှင့်ဆိုင်သော အလွန်ယုတ်မာသည့် အပြစ်အပြင် တရုတ်အစိုးရ၏ ဘီလူးသရဲစီးသော အနှစ်သာရတို့ကို ကျွန်ုပ်တို့ ဖော်ထုတ်လျက် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းဖို့ စီစီပီ အသုံးပြုသည့် နည်းစနစ်များစွာကို ဖော်ထုတ်ရန် အချက်အလက် အမြောက်အများကို တင်ပြထားပါသည်။

ဤဗီဒီယိုမှ တချို့ အကြောင်းအရာများသည် ဖော်ပြပါ အကြောင်းအရာမှ ဖြစ်သည်-

www.stockfootage.com

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။