Christian Song - သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှသာလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်
31.05.2026
၁
လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်နေပြီး၊ ၎င်းတို့၏ အရိုးများနှင့် သွေးက စာတန်၏ အဆိပ်အတောက်များဖြင့် ပြည့်နေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို သို့မဟုတ် ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်မခံနိုင်လျှင်၊ ဘုရားကို မည်သို့ အမှန်တကယ် ကျိုးနွံနာခံနိုင်မည်နည်း။ မိမိတို့၏ တာဝန်များကို မည်သို့ သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ ကယ်တင်ခြင်းကို ရရှိခြင်းသည် လူတို့ စိတ်ကူးသလောက် ရိုးရှင်းနိုင်သလော။
၂
စာတန်သည် လူတို့ကို နတ်ဆိုးများဖြစ်လာသည်အထိ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်။ ယခု ဘုရားသည် ၎င်းတို့ကို ကယ်တင်ရန် ကြွခဲ့ပြီး၊ သူ မည်မျှများသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပါစေ၊ နတ်ဆိုးများဖြစ်လာသော လူတို့ကို စစ်မှန်သော လူသားများအဖြစ်သို့ ပြောင်းလဲပေးခြင်းသည် အလွန့်အလွန် ခက်ခဲသောလုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။ ဘုရားသည် များစွာသော သမ္မာတရားများကို ဖော်ပြရန် လိုအပ်သည်သာမက၊ လူတို့သည်လည်း သမ္မာတရားကို လိုက်စားခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရား၏ ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။
၃
“ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏” ဟု ဘုရား မိန့်မြွက်ခဲ့သည်။ လူများစွာတို့သည် ဘုရားကို ယုံကြည်ကြသော်လည်း၊ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အမှန်တကယ် တွေ့ကြုံခံစားပြီး၊ သူ၏အမှုတော်ကို အပြည့်အဝ ကျိုးနွံနာခံသောသူများသာလျှင် သန့်စင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရနိုင်သည်။ သမ္မာတရားကို တစ်စိုးတစ်စဉ်းမျှ လက်မခံသော ထိုမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် ဘုရား၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သည့်အပြင်၊ ဘုရား၏ အမှုတော်အားဖြင့် ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၀) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ