Christian Dance (ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချီးမွမ်းလော့)

23.06.2025

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အိမ်တော်တွင် အတူတကွ စုဝေးပြီး

ပလ္လင်တော်မှ အသက်ရေစီးရာမြစ်၏ ရေကို မွေ့လျော်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့၊

ကျွန်ုပ်တို့သည် ချင့်ချိန်စဉ်းစား၊ တွေးတောပြီး ဘုရားသခင်ထံမှ ရှာဖွေ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည်၊

သမ္မာတရားကို သိနားလည်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ချိုမြိန်မှု ဆောင်ကြဉ်းပေး။

ကျွန်ုပ်တို့၏ အသက်စိတ်သဘောထားသည် ပြောင်းလဲမှုကို ကြုံတွေ့ရပြီး ဘုရားသခင် ချစ်ခြင်းမေတ္တာသည်

အလွန်စစ်မှန်ကြောင်း ကျွန်ုပ်တို့ တွေ့ကြုံခံစားရပေ။

အသင်းတော်အသက်တာသည် ကြွယ်ဝပြီး

အမျိုးစုံလင်ကာ ဘုရားသခင်ကို ချီးမွမ်းရန် နည်းများစွာရှိ။

ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းရာတွင်

ကျယ်လောင်စွာ သီဆို၍ ကခုန်ခြင်း မပြုဘဲ မနေနိုင်ကြပေ။

စည်းမျဉ်းစည်းကမ်းများ မရှိ၊ ကျွန်ုပ်တို့ ဘောင်ခတ်ခြင်းမခံရ၊

ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ချီးမွမ်းခြင်းက ကျွန်ုပ်တို့အား ဝမ်းမြောက်စေသည်။

ဘုရားမျက်မှောက်တော်တွင် အသက်ရှင်သန်ခြင်းသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေး၊

ပြီးလျှင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြရန် ကျွန်ုပ်တို့အတူ စုဝေးကြပေ၊

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရရှိခြင်းကို ကျွန်ုပ်တို့ အမှန်တကယ် မွေ့လျော်ကြပေ။

ကျွန်ုပ်တို့သည် သမ္မာတရားအပေါ် မိတ်သဟာယပြုပြီး သက်သေခံချက်များ ဝေမျှ၊

ကျွန်ုပ်တို့၏ အသက်များသည် နေ့စဉ် တိုးတက်ပေ။

ကျွန်ုပ်တို့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြပြီး သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ကြပေ၊

တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကျွန်ုပ်တို့၏တာဝန်များကို ကျွန်ုပ်တို့ထမ်းဆောင်ကြပေ။

သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူများဖြစ်ရန် ကြိုးစားကြပေ။

ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် ဦးဆောင်မှုတို့ကို ကျွန်ုပ်တို့ မြင်တွေ့ရပေ။

ဘုရားသခင်၏ တရားစီရင်မှုကို တွေ့ကြုံခြင်းမှတစ်ဆင့် ကျွန်ုပ်တို့ သန့်စင်ခြင်းခံရပြီး

ဘုရားသခင်၏ စိတ်သဘောထားသည် အလွန်ဖြောင့်မတ်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရပေ။

ကျွန်ုပ်တို့သည် မိမိတို့၏ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး လူသစ်များဖြစ်လာ၊

ကျွန်ုပ်တို့သည် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်ပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေ။

ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ကျွန်ုပ်တို့ ကိုးကွယ်ကြပေ၊

နိုင်ငံတော်၏အသက်တာသည် အလွန်သုခချမ်းသာနှင့် ပြည့်လေသည်။

ဘုရားသခင်၏ ကယ်တင်ခြင်းသည် အလွန်ကြီးမြတ်သည်ကို မြင်တွေ့လျက်

ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။

ကျွန်ုပ်တို့သည် ဘုရားသခင်နောက်ကို တစ်လျှောက်လုံး လိုက်ပြီးဖြစ်ပေ၊

ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာ တွေ့ကြုံရပြီးဖြစ်သည်။

စီစီပီသည် ကျွန်ုပ်တို့ကို သွေးရူးသွေးတန်း ဖိနှိပ်၍ ညှဉ်းပန်းနှိပ်စက်၏၊

ကျွန်ုပ်သည် အဆင်းနီသော နဂါးကြီးဖြစ်သည့် စာတန်ကို ကမ်းကုန်အောင် ကျွန်ုပ်မုန်းတီးလေသည်။

ခရစ်တော်သည် အရှက်ခွဲခံရမှုနှင့် ဒုက္ခခံရမှု များစွာကို ကြံ့ကြံ့ခံပြီး

ဆင်းရဲဒုက္ခတစ်လျှောက် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာပေး၏။

ဘုရားသခင်ကို ချစ်သော ကျွန်ုပ်တို့၏ စိတ်နှလုံးသည် မယိမ်းယိုင်၊

ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုကြောင့် လုံး၀ဖြစ်သည်။

ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင် အသုံးခံပြီးဖြစ်သော ကြီးမားသည့်

အဖိုးအခကို အမှန်တကယ် တိုင်းတာ၍မရပေ။

ဘုရားသခင်က ကျွန်ုပ်တို့နှင့်အတူ ရှင်သန်နေထိုင်၊

သူသည် ယနေ့အထိ ကျွန်ုပ်တို့ကို အစဉ်သဖြင့် လမ်းပြပေးနေ။

ဤလှပသော အချိန်ခါ၊ ဤလှပသော ဘဝ၊

ဤသည်တို့ကို ဘယ်လိုမှ မေ့ဖျောက်၍မရနိုင်ပေ။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ထာဝရ ချစ်ပြီး ကျိုးနွံနာခံမည်။

ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။