Christian Song - နိနေဝေဘုရင်၏ နောင်တကို ဘုရားသခင်အသိအမှတ်ပြုခဲ့၏ကျူး
27.02.2026
“ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော် လေ၏။” ဤစကားများမှာ နိနေဝေမြို့သားများကိုပြောဖို့ရန် ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများဖြစ်သည်။
၁
နိနေဝေဘုရင်က ဤသတင်းကို ကြားသည့်အခါ သူ၏ရာဇပလ္လင်မှ ထပြီး သူ၏ဝတ်လုံကို ချွတ်၍ လျှော်တေအဝတ်ကို ဝတ်ကာ ပြာထဲ၌ ထိုင်လိုက်သည်။ ထို့နောက် မြို့ထဲရှိ မည်သူကမျှ ဘာကိုမျှ မမြည်းရဟု သူကြေညာခဲ့သည်။ လူဖြစ်စေ၊ ခြံမွေးတိရစ္ဆာန်ဖြစ်စေ လျှော်တေအဝတ်ကို ဝတ်ကြပြီး လူတို့သည် ဘုရားကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြရန် သူကြေညာခဲ့သည်။ လူတိုင်းသည် မိမိတို့၏ ဆိုးယုတ်သောလမ်းများကို ရှောင်ပြီး မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်ပစ်ဖို့ရန်လည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံး နက်ရှိုင်းရာထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။ ဤလုပ်ရပ်တသီတသန်းအားဖြင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။ သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊ စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာကို မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤလုပ်ရပ်များကို လူ့သမိုင်း၌ မကြုံစဖူးသည့်အရာများဟု ခေါ်ဆိုနိုင်ပြီး ၎င်းတို့သည် လူသားမျိုးနွယ်၏ အမှတ်ရခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။
၂
လူ့သမိုင်းအစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားကို ခုခံရန်နှင့် ဆန့်ကျင်ရန်အတွက် မိမိတို့၏အုပ်စိုးခံလူများကို ဦးဆောင်ခဲ့သည်။ မိမိတို့၏ ဒုစရိုက်မှုများအတွက် ပြေရာပြေကြောင်းလုပ်ကာ ယေဟောဝါဘုရား၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့အလို့ငှာ ဘုရားကို တောင်းပန်တိုးလျှိုးရန် မည်သူကမျှ မိမိတို့၏အုပ်စိုးခံလူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်ကမူ သူ၏အုပ်စိုးခံလူများကို ဘုရားထံ လှည့်ပြန်ဖို့၊ မိမိတို့၏ သက်ဆိုင်ရာ ဆိုးယုတ်သောလမ်းများကို ထားခဲ့ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ရာဇပလ္လင်ကိုလည်း ဘေးချိတ်ထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် စိတ်ပြောင်းသွားပြီး နောင်တရခဲ့ကာ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့သားတို့ကို အသက်ရှင်ခွင့်ပေး၍ ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့၏။ ဘုရင်ကြီး၏ လုပ်ဆောင်ချက်များကို လူ့သမိုင်းထဲ၌ ရှားပါးသည့် ဆန်းကြယ်မှုဟူ၍ သေချာပေါက် ဆိုနိုင်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ထံတွင် မိမိတို့၏အပြစ်များကို နောင်တရခြင်းနှင့် ဝန်ခံခြင်းတို့၏ စံပြတစ်ခုဟုပင် အမှန်တကယ် မှတ်ယူနိုင်လေသည်။
နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ