
Myanmar Gospel Movie | ဘုရားအလုပ်နှင့် လူ့အလုပ်ကြား ခွဲခြားပုံ (အသားပေးပြသချက်များ)
25.03.2025
ဘာသာရေးလောကတွင် ဘုရားအလုပ်နှင့် လူ့အလုပ်ကို မခွဲခြားနိုင်သည့် လူများစွာ ရှိသည်။ လူများစွာတို့သည် ၎င်းတို့ ကိုးကွယ်ပြီး ကြည်ညိုသောသူတို့အားဖြင့် ဆောင်ရွက်သည့် အလုပ်ကို ဘုရား၏ အလုပ်ကဲ့သို့ မှတ်ယူကြသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ဆောင်ရွက်သော အလုပ်ကို လူအားဖြင့် ဆောင်ရွက်သော အလုပ်ကဲ့သို့ သဘောထားကြသည်။ ဤအဖြစ်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အာခံနေပြီး၊ ဘုရားကို ယုံကြည်သော်ငြား သူ့ကို ပြစ်မှားစော်ကားနေခြင်းဖြစ်သည်ကိုလည်းကောင်း၊ ဤအဖြစ်သည် ၎င်းတို့ကို ဘုရား၏ ရန်သူများဖြစ်စေသည်ကိုလည်းကောင်း ၎င်းတို့ သတိမထားမိကြပေ။ ထို့ကြောင့် ဘုရားအလုပ်နှင့် လူ့အလုပ်ကြား အမှန်တကယ် ခြားနားချက်မှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားအသုံးပြုသော လူတို့ကြား အဓိကကျသော ခြားနားချက်မှာ အဘယ်နည်း။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ