မြန်မာဇာတ်ကား - ဝေဒနာကြားမှ ဝမ်းမြောက်ရခြင်း | How a Christian Undergoes the Trial of Illness
08.01.2021
ကျုံးရှင်းမင်သည် အသင်းတော်တွင် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး၊ သူမ၏ အလုပ်တာဝန်အတွက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်သူ ဖြစ်သည်။ သူမက တာဝန်ကျေသူ တာဝန်သိသူလည်း ဖြစ်သည်။ ခါးရိုးဆစ် ချို့ယွင်းမှုကြောင့် နာကျင်နေရသော်လည်း သူမ၏ တာဝန်ကို ဆက်၍ လုပ်ဆောင်သူဖြစ်သည်။ သို့သော် ရောဂါ အခြေအနေက ပိုဆိုးလာပြီး၊ ဆေးရုံ၌ စစ်ဆေးရာ သူမ၏ ခါးရိုးဆစ် လေးခုမြောက်နဲ့ ငါးခုမြောက်ကြားမှ အရိုးနုလွှာ ငေါထွက်နေကြောင်း တွေ့ရလေသည်။ ကုသမှု ချက်ချင်း မခံယူလျှင်၊ သူမအနေဖြင့် တစ်သက်လုံး အိပ်ရာထဲ လဲသွားရနိုင်သည်။ သူမက ဒီအဖြစ်ကြောင့် နည်းနည်းတော့ စိုးရိမ်မိသည်။ သို့သော် ဤအခြေအနေသည် ဘုရားသခင်၏ ခွင့်ပြုမှုဖြင့် ဖြစ်ပျက်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်က သူမ၏ ယုံကြည်ကိုင်းရှိုင်းမှုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သူမက ယုံကြည်သည်။ သူမအနေဖြင့် ကုသမှုတစ်ခု ယူပြီး မိမိအလုပ်တာဝန်ကို ဆက်လုပ်နေသရွေ့၊ ဘုရားသခင်က သေချာပေါက် ကာကွယ်ပေးလိမ့်မည်ဟု ယုံကြည်မိသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ အခြေအနေက ပို၍ ဆိုးရွားလာကာ၊ အချိန်မရွေး အကြောသေသွားနိုင်သည်ကို စိုးရိမ်လာရသည်။ သူမသည် ဤရောဂါ၏ စမ်းသပ်မှုကို မည်သို့ကျော်ဖြတ်မည်နည်း။ နောက်ဆုံးတွင် ပျော်ရွှင်ဝမ်းမြောက်မှုကို မည်သို့ရိတ်သိမ်းမိမည်နည်း။ အဖြေရှာရန်အတွက် ဝေဒနာကြားမှ ဝမ်းမြောက်ရခြင်း ကို ကြည့်ရှုပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ