Myanmar Movie Trailer - ကယ်တင်ခြင်းကို ဆင်ခြင်သုံးသပ်ခြင်း

ယန်မင်ယွမ်သည် အိမ်အသင်းတော် အကြီးအကဲတစ်ဦးဖြစ်သည်။ တစ်နေ့တွင် အသင်းတော်တွင် အလွန်လေးစားခံရသော အကြီးအကဲရှူသည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်သည်ဟု သူကြားရသည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား ရှာဖွေစူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းမှတစ်ဆင့်၊ သခင့်အပေါ် သူယုံကြည်ခဲ့သည့် နှစ်များစွာတွင် သူ့အား မရှင်းမလင်းဖြစ်စေခဲ့သည့် မေးခွန်းများ ပြေလည်သွားသည်။ ကယ်တင်ခံရခြင်းသည် အပြစ်ကို ခွင့်လွှတ်ခံရခြင်းသာဖြစ်ပြီး အပြည့်အဝ ကယ်တင်ခြင်းမဟုတ်သည်ကို သူ သင်ယူရသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို လက်ခံပြီး သူ၏ အပြစ်ရှိသောသဘာဝကို လုံးလုံးလျားလျား ဖြေရှင်းခြင်းအားဖြင့်သာ သူသည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီနိုင်ပေသည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီး ယင်းတို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို တွေ့ရှိရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သူယုံကြည်သည်။ ထို့ကြောင့် သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ ထို့နောက်တွင်၊ သူသည် သူ၏ လက်အောက်တွင်ရှိသော ယုံကြည်သူများအား ဧဝံဂေလိဟောကြားပြီး လအနည်းငယ်အတွင်းတွင် လူငါးထောင်၊ ခြောက်ထောင်ခန့်က ဧဝံဂေလိကို လက်ခံကြသည်။ သူသည် ခေါင်းဆောင် ဆက်ဖြစ်လိမ့်မည်ဟု တွေးထင်မိလေသည်။ သို့သော် သူ၏ တွဲဖက်အမှုဆောင်များက ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရစဉ်တွင် သူ့အား ဧဝံဂေလိဟောကြားခြင်းအတွက် အသင်းတော်က စီစဉ်သောအခါ သူသည် အံ့သြသွားရသည်။ သူသည် ဧဝံဂေလိဟောကြားရာတွင် သမ္မာတရားအပေါ် သူ၏ မိတ်သဟာယသည် သူ၏ လက်တွဲဖော် အစ်ကိုကျောက်၏ မိတ်သဟာယလောက် ရှင်းလင်းခြင်း၊ သို့မဟုတ် လက်တွေ့ကျခြင်းမရှိပေ။ ဒုတိယနေရာတွင်ရှိသည်ကို မကျေနပ်ဘဲ သူ၏ စွမ်းရည်ကို သက်သေပြပြီး သူတစ်ပါးတို့၏ လေးစားမှုကို ရရန်အတွက် သူသည် သမ္မာတရားနှင့် သူ့ကိုယ်သူ ပြင်ဆင်ရန် ကြိုးစားပြီး လူတို့ရှေ့တွင် သူ မည်မျှအလုပ်လုပ်ခဲ့သည်၊ မည်မျှဒုက္ခခံခဲ့သည်ကို မကြာခဏ ကြွားဝါသည်။ ဤအတွက်ကြောင့် ညီအစ်ကိုမောင်နှမတို့က သူ့အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းရသောအခါ၊ ဘုရားသခင်က သူ့အား ပြင်းထန်စွာ ရိုက်နှက်ပြီး ပဲ့ပြင်ဆုံးမရသောအခါ သူသည် အံ့သြသွားရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်းကို ကြုံတွေ့ပြီးနောက်တွင် ယန်မင်ယွမ်သည် အတိအကျ မည်သည့်အရာကို ရရှိသနည်း။ သူသည် မည်သို့ ပြောင်းလဲသနည်း။ သိရှိရန်အတွက် ဤရုပ်ရှင်ကို ကြည့်ရှုပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။