Christian Song - နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်မခံသည့်သူများသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားသူများတည်းကျူး
11.03.2026
၁
သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဟု ငါဆို။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းနှင့် ငြင်းပယ်နိုင်စွမ်း ရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းနှင့် ဆဲဆိုနိုင်စွမ်း ရှိသည်။ ထို့ထက်ပို၍ ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ အထင်အမြင်မှားစေခြင်းအဖြစ် ၎င်းတို့ မြင်နိုင်စွမ်းရှိပြီး ဤထဲမှ အများစုသည် ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။
၂
သင်တို့ ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော် မိန့်ကြားသော နှုတ်ကပတ်တော်များကို ဖျက်ဆီးခြင်းနှင့် ယေရှုဖော်ပြသမျှကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် ဤမျှ ထိုင်းမှိုင်းနေပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် ယေရှုပြုသော အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ သမ္မာတရားကို လက်ခံခြင်း မရှိသော်လည်း၊ ယေရှု မိုးတိမ်ဖြူစီး ကြွရောက်ခြင်းကို မစဉ်းမစား စောင့်ဆိုင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို မုချ ပြစ်မှားစော်ကားသူများ ဖြစ်ပြီး သေချာပေါက် ဖျက်ဆီးခံရမည့် အမျိုးအစားပေ။
၃
သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ မွေ့လျော်ချင်သော်လည်း ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံဖူးခြင်း မရှိ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည်ဟူသည့် အချက်အတွက် အပြန်အလှန်အနေဖြင့် သင်တို့ မည်သည့်အရာကို ပေးကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ ယင်းမှာ သင်တို့ မိမိတို့ကိုယ်ကို ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်၏ အရင်းအနှီးဖြစ်သလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ ပြကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ ကျိုးနွံနာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ