Myanmar stage drama - ခွဲခွာသွားသော ချစ်ရသူကို အောက်မေ့သတိရခြင်း

08.04.2022

မသီရိ၊ သူ့ယောက်ျားနဲ့ သမီးဖြစ်သူတို့ဟာ ပျော်ရွှင်တဲ့ ခရစ်ယာန်မိသားစုလေးတစ်စုဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်၊ မတ်လရဲ့ နေ့တစ်နေ့မှာ မသီရိရဲ့ယောက်ျားဖြစ်သူ ကိုကျော်မြင့်ဟာ အသင်းတော်တွေဆီ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ပို့ပေးဖို့ ကြိုးစားနေတုန်းမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ နောက်တစ်ခါ သူ့အလှည့်ပဲဆိုတာ သိနေတဲ့ မသီရိဟာ သူတို့အိမ်ထဲက ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အကုန်လုံးကို ကမန်းကတန်းယူပြီးတော့ ပုန်းရှောင်နေလိုက်တယ်။ ဒီလိုနဲ့ ခုနစ်ရက်အကြာမှာ သူ့ယောက်ျားဟာ ရဲတွေရဲ့ ရိုက်သတ်တာကို ခံလိုက်ရတယ်ဆိုတဲ့ သတင်းဆိုးကြီးကို သူကြားလိုက်ရပါတော့တယ်။ စိတ်ဆင်းရဲမှုအတိနဲ့ ဖြေမဆည်နိုင်ဖြစ်ပြီး ဒီဖြစ်ရပ်ဆိုးကြီးကို မခံနိုင်တော့ဘူးလို့ သူတကယ်ခံစားရတယ်။ ခင်ပွန်းဖြစ်သူကို မြေမြှုပ်သင်္ဂြိုဟ်ကြတဲ့အချိန်မှာ မသီရိဟာ စျာပနပွဲကို တက်ရောက်ဖို့ တိတ်တဆိတ် ပြန်လာပါတယ်။ ဒါပေမဲ့ ရဲတွေက သူဘယ်ရောက်နေလဲဆိုတာ မေးမြန်းဖို့ စျာပနပွဲကို တက်လာတဲ့ သူ့ဆွေမျိုးတစ်ယောက်ကို ရုတ်တရက် ဆက်သွယ်လာကြတယ်။ ဒီတော့ မသီရိလည်း မပြေးချင်ပေမဲ့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရပါတော့တယ်။ ကိုကျော်မြင့်ရဲ့ သေဆုံးမှုဟာ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့အတွက် တကယ့်ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရတယ်။ ဒီတော့ သူတို့နှစ်ယောက်ဟာ ဒီအတိဒုက္ခ၊ ဒီစမ်းသပ်မှုကို ဘယ်လိုများ ကျော်ဖြတ်ကြသလဲ။ ခင်ပွန်းဖြစ်သူ၊ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ဒီတိမ်တိုက်မည်းကို သူတို့တွေ ဘယ်လိုကျော်လွှားကြပါသလဲ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။