Myanmar Gospel Movie | ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်း အဓိပ္ပာယ်ကို နားလည်ခြင်း (အသားပေးပြသချက်များ)
20.05.2020
ဘုရားသခင်ရဲ့ပထမအကြိမ် လူ့ဇာတိခံခြင်းဟာ ကားတိုင်ထက်မှာ အသေခံရင်းနဲ့၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ပေးခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ရဲ့ဒုတိယအကြိမ် လူ့ဇာတိခံခြင်းဟာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်းအမှုကို ပြုရင်းနဲ့၊ လူတွေကို စာတန်ရဲ့အုပ်စိုးမှုအောက်ကနေ အလုံးစုံကယ်တင်ပေးပါတယ်။ ဘုရားသခင်ရဲ့နှစ်ကြိမ်တိတိ လူ့ဇာတိခံခြင်းဟာ ကြီးမားတဲ့အနက်အဓိပ္ပာယ်ရှိနေတယ်။ အနန္တတန်ခိုးရှင် ပြောသလိုပေါ့ “ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏”၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည့် အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး ဘုရား သခင်၏ ဝိညာဉ်မှာ ဇာတိပကတိနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်နှင့် အတူရှိကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏”၏ အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏”အား သာ၍ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ