Gospel Choir Song "ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်"
02.07.2025
၁
ဘုရားသခင်၏ လူ့ဇာတိခံခြင်း၊
သူ၏ပလ္လင်တော်ရှေ့ ကျွန်ုပ်တို့ ခေါ်ဆောင်ခံရခြင်းအကြောင်းကို သီဆိုကြပေ။
အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ရှိသည့်အတွက်၊
ခါးသီးစွာ တမ်းတလျက် ကောင်းကင်သို့ ကျွန်ုပ်တို့ မကြည့်ကြတော့ပေ။
ကျွန်ုပ်တို့ကို ထိန်းကျောင်းဖို့ သမ္မာတရားများကို သူဖော်ပြ။
ကျွန်ုပ်တို့နံဘေးတွင် သူပါရှိ၊ အလွန် စစ်မှန်ကာ လက်တွေ့ကျပေ။
နေ့ရက်စဉ်တိုင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မွေ့လျော်ခံစား။
သမ္မာတရားကို သိနားလည်ခြင်းက အလွန် ချိုမြိန်လှပေ။
ဘုရားသခင်၏ ချစ်ဖွယ်သော မျက်နှာသွင်ပြင်ကို မြင်ရသည့်အခါ
ကျွန်ုပ်တို့၏ စိတ်နှလုံးက သူ့အတွက် ချစ်ခြင်းနှင့်ပြည့်ပေ။
ဘုရားသခင်ကို ချီးမွမ်းလျက် ကျွန်ုပ်တို့ သီဆို၊ ကခုန်ကြ။
သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအကြောင်းကို ကျွန်ုပ်တို့ ပြောမလောက်နိုင်ပေ။
ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။
သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။
ဘုရားသခင်ကို ချစ်သော သီချင်းများကို ကျွန်ုပ်တို့ ပို၍သီဆိုလေလေ၊
ကိုယ်တော့်ကို ပို၍ချစ်လာလေလေဖြစ်သည်။
၂
ဘုရားသခင်က သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းကို ဆောင်ကြဉ်းခြင်းအကြောင်း၊
သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို သန့်စင်ကာ ကယ်တင်ခြင်းအကြောင်း ကျွန်ုပ်တို့ သီဆိုသည်။
ဘုရား နှုတ်ကပတ်တော်များက လူ၏ စာတန်ဆန်သော သဘာဝကို ဖော်ထုတ်သည်။
ကျွန်ုပ်တို့ကို လူသစ်များ ဖြစ်စေတာ။
စာတန်၏ စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်လွတ်မြောက်ကာ ဘုရားသခင်၏ မေတ္တာ အလွန် စစ်မှန်ကြောင်း မြင်ရလေပြီ။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့က အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းပေ။
ယင်းတို့ကို ကျွန်ုပ်တို့ လုံလောက်အောင် မချစ်နိုင်ကြပေ။
ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား မည်သည့်အရာမျှ မလာနိုင်။
ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။
သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။
ဘုရားသခင်ကို ချစ်သော သီချင်းများကို ကျွန်ုပ်တို့ ပို၍သီဆိုလေလေ၊
ကိုယ်တော့်ကို ပို၍ချစ်လာလေလေဖြစ်သည်။
၃
ဘုရားနှုတ်ကပတ်တော်က နိုင်ငံတော် အသက်တာတွင် အုပ်စိုးသည်။
အလင်းထဲတွင် ကျွန်ုပ်တို့ အသက်ရှင်။
သမ္မာတရားကို ရရှိခြင်းက အလွန် လွတ်လပ်လှပေ။
စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ကိုးကွယ်။
ဘုရားသခင်၏ ယုံကြည်ရသူများဖြစ်ရန် ကြိုးပမ်းသည်။
သူ့ကို သစ္စာစောင့်သိစွာ ကျွန်ုပ်တို့ အစေခံကာ လေးလံသော ဝန်ထုပ်ထမ်းကြပေ။
ကျွန်ုပ်တို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ ကောင်းမွန်စွာ ဖြည့်ဆည်းကြ။
ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် အမြဲ တိုးတက်နေကြပေ။
ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။
သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။
ဘုရားသခင်ကို ချစ်သော သီချင်းများကို ကျွန်ုပ်တို့ ပို၍သီဆိုလေလေ၊
ကိုယ်တော့်ကို ပို၍ချစ်လာလေလေဖြစ်သည်။
ယခု ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကာ ကျိုးနွံနာခံနိုင်ကြပေ။
သူ့အတွက် အသက်ရှင်ခြင်းက အကြီးမားဆုံး ပျော်ရွှင်မှုပေ။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ချီးမွမ်းပါ၏။
ထာဝရကာလထိ ကိုယ်တော်ကို ကျွန်ုပ်တို့ ကိုးကွယ်မည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ