Gospel Choir Song "အောင်နိုင်သူတို့၏သီချင်း"
22.06.2025
၁
နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားမျိုးနွယ်ဝင် မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူသိရှင်ကြား ကြေညာလိုက်သည့်အခါတွင် လူတို့သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူ့ကမ္ဘာ၏ အခြေအနေကို သင်တို့ မျက်စိများဖြင့်တပ်အပ် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ အသက်ရှင်နေထိုင်ဖို့ အတွေးများ မပထုတ်ရသေးသလော။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။
၂
ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် လျှောက်လှမ်းနေပြီး ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသူများဖြစ်သည့် ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် သေချာပေါက် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးအာဏာ သေချာပေါက် ကိုင်စွဲကြရလိမ့်မည်။ ငါ့အား နောက်လိုက်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ ရုန်းထွက်လွတ်မြောက်လိမ့်မည် ဖြစ်ပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကို ပုန်ကန်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နေရာယူခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို သေချာပေါက် အမွေခံကြရလိမ့်မည်။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။
၃
ငါ့အတွက် ပြေးလွှား အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံသောသူတို့ကို ငါ လက်ခံမည်ဖြစ်ပြီး ငါ့ထံ ကိုယ့်ကိုယ်ကိုယ် ပူဇော်ဆက်ကပ်ကြသူများအား ၎င်းတို့၏ ပျော်မွေ့ခံစားမှုအတွက် ငါသည် ၎င်းတို့အား အမှုအရာများ ပေးအပ်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော့်သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ သေချာပေါက် ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို သေချာပေါက် ရကြလိမ့်မည် ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ