Christian Dance (ဖောက်ပြန်သောလူသား၏ ကြေကွဲဖွယ်)
24.04.2025
၁
လူသည် ဘုရားသခင်နောက် လိုက်လျှောက်သည့် အမျိုးမျိုးသော ဤအချိန်ကာလများအားလုံးကို
လျှောက်လှမ်းပြီးဖြစ်သည့်တိုင် ဘုရားသခင်သည် အရာခပ်သိမ်းနှင့်
သက်ရှိများအားလုံး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကြောင်း မသိသကဲ့သို့
ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့စီစဉ်ညွှန်ကြားပြီး စီမံသည်ကိုလည်း မသိကြချေ။
ဤအရာကို လက်ရှိခေတ်လူတို့နှင့် ရှေးပဝေသဏီက လူတို့က မသိခဲ့ကြပေ။
အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့
ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေး သောကြောင့် မဟုတ်ဘဲ၊
လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ
စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင်
လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။
၂
မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို
တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊
ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ကွယ်ကာမှုထဲ၌
တည်ရှိနေလိုသောဆန္ဒ မရှိကြပေ။
ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊
ထို့အပြင် ဆိုးယုတ်သော ဤလူသားမျိုးနွယ်တို့
လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်
စာတန်နှင့် နတ်ဆိုးများ၏ ပျက်စီးယိုယွင်းစေခြင်းကို လက်ခံရန် လိုလားနေကြသည်။
ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် ဝိညာဉ်တို့သည်
စာတန်အတွက် လူသားက ပူဇော်ဆက်ကပ်သည့် လက်ဆောင်ပဏ္ဏာ ဖြစ်သွားကာ
စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။
ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် ဝိညာဉ်သည် စာတန် မှီတင်းနေထိုင်သည့်
နေရာတစ်ခုဖြစ်သည့်အပြင် ၎င်း ရထိုက်သော ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။
၃
လူသည် လူသားကျင့်ကြံပြုမူမှု စည်းမျဉ်းများအပေါ်နှင့် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့်အဓိပ္ပာယ်အပေါ်
သူ၏ နားလည်မှုကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးသွားသည်။
ဘုရားသခင်၏ ပညတ်တရားများ၊ ဘုရားသခင်နှင့် လူတို့ကြားမှ ပဋိညာဉ်သည်
လူ၏ စိတ်နှလုံးတွင် တဖြည်းဖြည်း ဝေဝါးလာပြီး
၎င်းတို့သည် ဘုရားသခင်ကို ရှာခြင်း သို့မဟုတ် အလေးဂရုပြုခြင်း မရှိတော့ချေ။
အချိန်ကုန်လွန်လာသည်နှင့်
လူသည် ၎င်းကို ဘုရားသခင် ဖန်ဆင်းရခြင်း၏ အဓိပ္ပာယ်ကို နားလည်ခြင်း ပျောက်ဆုံးသွားသကဲ့သို့
ဘုရားသခင်၏ နှုတ်တော်မှလာသော နှုတ်ကပတ်တော်များကိုလည်းကောင်း၊
ဘုရားသခင်ထံမှလာသော အရာများအားလုံးကိုလည်းကောင်း နားမလည်ကြချေ။
ထို့နောက် လူသည် ဘုရားသခင်၏ ပညတ်တရားများနှင့် ပြဋ္ဌာန်းထားသော
စည်းမျဉ်းများကို စတင်၍ ခုခံလာပြီး
၎င်း၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းလာသည်။...
ဘုရားသခင်သည် သူ ကနဦးအစက ဖန်ဆင်းခဲ့သည့် လူကို ဆုံးရှုံးသွားပြီး
လူသည် ၎င်းတွင် နဂိုမူလက ရှိခဲ့သော အရင်းအမြစ်ကို ဆုံးရှုံးလေသည်။
ဤသည်မှာ ဤလူသားမျိုးနွယ်၏ အဖြစ်ဆိုးဖြစ်၏။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ