Christian Song - ဘုရားမရှိသောနေ့ရက်များသည် ဖော်ပြ၍မရနိုင်အောင် နာကျင်လှသည်

14.02.2026

လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရား၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် မြူများကြားတွင် မိမိသဘောအတိုင်း ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည် အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရား၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ ပါးနပ်သူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရား၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် “ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း” ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။

လူတစ်ယောက်သည် ဘုရားမရှိသည့်အခါ၊ ဘုရားကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ "လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် လိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိ စိတ်ပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်။ ယင်းမှာ သူပြန်လှည့်၍ မကြည့်နိုင်သည့် အတွေ့အကြုံများဖြစ်သည်။ " ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ လူတစ်ဦးသည် စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်လေသည်။

နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။