Myanmar Full Movie - သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ

19.11.2023

ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။

ဤဗီဒီယိုမှ တချို့ အကြောင်းအရာများသည် ဖော်ပြပါ အကြောင်းအရာမှ ဖြစ်သည်-

www.stockfootage.com

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။