“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” (ရုပ်ရှင်နမူနာ) | ဘုရားသခင်၏တန်ခိုးအကြောင်း သက်သေခံချက်
08.08.2019
ကျယ်ပြန့်သည့်စကြဝဠာတစ်ခွင်၊ အာကာသဗိမာန်အားလုံးသည် ၎င်းတို့၏ပတ်လမ်းများအတွင်း တိကျစွာ ရွေ့လျားကြ၏။ ကောင်းကင်အောက်တွင်၊ တောင်များ၊ မြစ်များ၊ ရေကန်များအားလုံးသည် ၎င်းတို့၏နယ်နိမိတ်များ ရှိကြလျက်၊ သက်ရှိသတ္တဝါခပ်သိမ်းသည် လေးရာသီတစ်ခွင်လုံး ဘဝ၏နိယာမတရားများနှင့်အညီ အသက်ရှင်၍ မျိုးပွားကြ၏...။ ဤအရာအားလုံးကို လက်ရာမြောက်စွာ စီမံထား၏— ဤအရာအားလုံးကို အုပ်ချုပ်စီမံနေသူ တန်ခိုးကြီးမားသူတစ်ဦး ရှိနေသလော။ ကျွန်ုပ်တို့သည် ဤလောကအတွင်းသို့ ငိုကြွေး၍ရောက်လာစဉ်ကတည်းက ဘဝ၌ အခန်းကဏ္ဍအမျိုးမျိုးမှ စတင်၍ပါဝင်နေခဲ့ကြသည်။ မွေးဖွားချိန်မှ အသက်အရွယ်ကြီးမြင့်ချိန်သို့၊ နာဖျားမှုသို့၊ သေဆုံးခြင်းသို့ ကျွန်ုပ်တို့် ပြောင်းလဲကြ၏၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ကြ၏...။ လူသားမျိုးနွယ်သည် အမှန်စင်စစ်အားဖြင့် မည်သည့်နေရာမှလာ၍ ကျွန်ုပ်တို့သည် မည်သည့်နေရာသို့ အမှန်စင်စစ် သွားမည်နည်း။ ကျွန်ုပ်တို့၏ ကံကြမ္မာများအပေါ် မည်သူ စိုးမိုးနေသနည်း။ ရှေးခေတ်ကာလများမှ မျက်မှောက်နေ့ရက်များအထိ၊ အင်အားကြီးမားသော နိုင်ငံများ နိုးထခဲ့ကြသည်၊ မင်းဆက်များသည်လည်း လာ၍သွားကြကုန်ပြီဖြစ်၍ နိုင်ငံများနှင့် လူမျိုးများသည် သမိုင်း၏ဒီရေများတွင် ကြီးပွားတိုးတက်အောင်မြင်ခဲ့ကာ ပျက်စီးခဲ့ပြီးဖြစ်သည်...။ သဘာဝ၏နိယာမများကဲ့သို့ပင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများတွင် နက်နဲမှုများ အနန္တ ရှိကြ၏။ ၎င်းတို့၏အဖြေများကို သင်သိလိုပါသလား။ ၎င်းနက်နဲမှုအားလုံးကို ဖော်ပြရန်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူဟူသည့် မှတ်တမ်းရုပ်ရှင်မှ ဤအရာ၏အရင်းအမြစ်သို့ရောက်အောင် သင့်ကို လမ်းပြပေးပါမည်။
ဤဗီဒီယိုမှ တချို့ အကြောင်းအရာများသည် ဖော်ပြပါ အကြောင်းအရာမှ ဖြစ်သည်-
http://www.cutestockfootage.com/
Song of the Clyde(http://film.britishcouncil.org/song-of-the-clyde)by British Council /CC BY-NC 3.0(https://creativecommons.org/licenses/by-nc/3.0/)
Power to Order By British Council (http://film.britishcouncil.org/power-to-order )/CC BY-NC 3.0 (https://creativecommons.org/licenses/by-nc/3.0/ )
Hawk Sound (http://www.orangefreesounds.com/hawk-sound/) by thecluegeek /CC BY 3.0(https://creativecommons.org/licenses/by/3.0/)
Hawk Call 2x(http://soundbible.com/1481-Hawk-Call-2x.html)by PsychoBird/CC BY 3.0(https://creativecommons.org/licenses/by/3.0/)
Explosion Ultra Bass(http://soundbible.com/1807-Explosion-Ultra-Bass.html)by Mark DiAngelo/CC BY 3.0(https://creativecommons.org/licenses/by/3.0/)
Aslan is on the Move © 2014 David Hollandsworth/Productiontrax.com
အခြား ဗီဒီယိုအမျိုးအစားများ